Tuesday, April 17, 2012

ပြည်သူ့​ဂုဏ်ရည်ဆု ပဏာမ စာရင်း​ ထုတ်ပြန်

ကို​ထွေး

မြန်မာပြည်မှာ ​စေတနာ့​ဝန်ထမ်း​ လူမှုလုပ်ငန်း​ လုပ်​နေသူ​တွေကို ဂုဏ် ပြု ချီး​မြှင်တဲ့​ တတိယအြကိမ် ပြည်သူ့​ဂုဏ်ရည်ဆု (Citizen of Burma Award) အတွက် ဆန်ကာတင်စာရင်း​ဝင် ၂၀ ဦး​ကို ​ရွေး​ချယ်လိုက်ပါတယ်။

အ​မေရိကန်နိုင်ငံ နယူး​ယောက်မှာ ​မေ ၂၇ ရက်​နေ့​ ကျင်း​ပမယ့်​ ဆု​ရွေး​ချယ်​ပေး​အပ်ပွဲအတွက် ပဏာမ အဆင့်​ ၂၀ ဦး​ စာရင်း​ကို ဂုဏ်ပြုပွဲ အခမ်း​အနား​များ​ ကျင်း​ပ​ရေး​ ဗဟိုလုပ်ငန်း​ကော်မတီက ထုတ်ပြန် လိုက်ပါတယ်။

ဆုအတွက် အမည်စာရင်း​ တင်သွင်း​တာကို မတ်လ ၃၁ ရက်​နေ့​အထိ လက်ခံခဲ့​ပြီး​တော့​ လူ ၃၃ ဦး​ အဆိုပြုထား​တဲ့​အထဲက​နေ ၂၀ ဦး​ ထပ်မံ​ရွေး​ချယ်လိုက်တာလို့​ ပြည်သူ့​ဂုဏ်ရည်ဆု အင်တာနက် စာမျက် နှာမှာ ​ရေး​သား​ထား​ပါတယ်။

ဒီပဏာမ အမည်စာရင်း​ထဲက ​နောက်ဆုံး​ ဆန်ကာတင် ၅ ဦး​ကို အ​မေရိကန်ပြည်​ထောင်စုအတွင်း​နဲ့​ ပြည်ပနိုင်ငံများ​မှာရှိတဲ့​ ပြည်သူ့​ဂုဏ်ရည် ဌာနခွဲများ​ တည်ရှိရာ မြို့​အသီး​သီး​က ဧပြီ ၂၂ ရက်​နေ့​ ​နောက်ဆုံး​ထား​ ​ရွေး​ချယ်မယ်လို့​လည်း​ ဆိုပါတယ်။

၂၀၁၂ ခုနှစ် ပြည်သူ့​ဂုဏ်ရည်ဆုအတွက် ပဏာမ စာရင်း​ဝင်တဲ့​ အသင်း​အဖွဲ့​တွေက​တော့​ ဇီဝိတဒါန သံဃာ့​ဆေး​ရုံ၊​ ဗြဟ္မစိုရ် လူမှုကူညီ​ရေး​အသင်း​၊​ မွတ်စလင် ကုသိုလ်ဖြစ်​ဆေး​ရုံ၊​ ရခိုင်သဟာရအသင်း​ (ရန်ကုန်)၊​ ​ရွှေခြ​င်္သေ့​ လူမှု​စောင့်​ရှောက်​ရေး​အဖွဲ့​၊​ လူမှုအ​ထောက်အကူပြုအဖွဲ့​ (အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်)၊​ သုခရိပ်မြုံ အိပ်ခ်ျအိုင်ဗွီကူး​စက်ခံ မိဘမဲ့​လေး​များ​ဂေဟာ၊​ ​မေတ္တာ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ ​ဖောင်​ဒေး​ရှင်း​နဲ့​ စွမ်း​ရည်ဖွံ့​ဖြိုး​တိုး​တက်​ရေး​ ​ဖောင်​ဒေး​ရှင်း​တို့​ ဖြစ်ပါတယ်။

ရဟန်း​သံဃာ​တော်များ​နဲ့​ လူပုဂ္ဂိုလ်​တွေက​တော့​ အရှင်ဉာဏိဿရ၊​ အရှင်နာယက (မန္တ​လေး​ ​ဖောင်​တော်ဦး​ကျောင်း​ဆရာ​တော်)၊​ အရှင် ပညာစာရ၊​ ဆရာ​တော် ဦး​အာစိဏ္ဏ (​တေဇာရာမ ဘုန်း​တော်ကြီး​သင် အလယ်တန်း​ကျောင်း​)၊​ ဦး​ဖိုး​ဖြူ (ခ) ဦး​ရန်နိုင်​အောင်၊​ ​မေတ္တာမွန် ကုန်​လှောင်ရုံ မီး​လောင်မှုမှာ အသက်​ပေး​သွား​တဲ့​ မီး​သတ်ရဲ​ဘော် ၅ ဦး​၊​ ဦး​ရောဘတ်စန်း​အောင်၊​ လဖိုင်​နော်မိန်း​၊​ ဦး​သန်း​နိုင် (Community Water Filtration System)၊​ ​ဒေါ်သန်း​မြင့်​အောင်၊​ ဦး​အုန်း​ (Minamata Environmental Award ဆုရှင်) တို့​ဖြစ်ပါတယ်။

ပထမအြကိမ် ပြည်သူ့​ဂုဏ်ရည်ဆုကို နာ​ရေး​ကူညီမှုအသင်း​မှ ဦး​ကျော်သူနဲ့​ ဒုတိယအြကိမ် ပြည်သူ့​ဂုဏ်ရည်ဆုကို ​ရွှေဝါ​ရောင် သံဃာ့​အ​ရေး​အခင်း​ကြောင့်​ အကျဉ်း​ကျခံ​နေရြပီး​ ​ထောင်ဝင်စာ​တွေ့​မယ့်​သူ မရှိတဲ့​သံဃာ​တော်​တွေနဲ့​ သီလရှင်​တွေကို အပတ်စဉ် ​ထောင်ဝင်စာ ​ပေး​ပို့​ခဲ့​တဲ့​ ​ဒေါ်ရှုက ရရှိခဲ့​ပါတယ်။

No comments: