Wednesday, April 18, 2012

မ​ကွေး​တိုင်း​ ကံမမြို့​ အခင်း ​ဖြစ်ပွား​မှု ပြန်လည်​ အေး​ချမ်း

အေး​နိုင်

မ​ကွေး​တိုင်း​ ကံမမြို့​နယ်မှာ သင်္ကြန်ရက်ပိုင်း​အတွင်း​ ဖြစ်ပွား​ခဲ့​တာ​တွေဟာ ဘာသာ​ရေး​နဲ့​ လူမျိုး​ရေး​အဓိကရုဏ်း​မဟုတ်ဘဲ အခုအခါ ပြန် လည်​အေး​ချမ်း​နေပြီလို့​ ဒီအခင်း​ဖြစ်ပွား​မှုကို ထိန်း​သိမ်း​ပေး​ရာမှာ ပါဝင်ခဲ့​တဲ့​ ကံမမြို့​ ဓမ္မိကာရုံ​ကျောင်း​တိုက်​နေ ဦး​ပဉ္စင်း​ ဦး​ဇာဂရက မိန့်​ကြား​ပါတယ်။

ကံမမြို့​နယ်မှာ ၂ ရာခိုင်နှုန်း​ခန့်​သာရှိတဲ့​ မွတ်စလင်ဘာသာဝင်​တွေနဲ့​ ကျန်ဘာသာဝင်​တွေဟာ အစဉ်အဆက် ​အေး​အတူပူအမ်ွ​နေထိုင်ခဲ့​တဲ့​အ​ကြောင်း​နဲ့​ အခုဖြစ်ရပ်မှာ အပျက်အစီး​တချို့​ ရှိခဲ့​တာ မှန်​ပေမယ့်​ သက်ဆိုင်ရာ အုပ်ချုပ်​ရေး​အာဏာပိုင်​တွေနဲ့​ ဘုန်း​တော်ကြီး​တွေရဲ့​ ဝင်​ရောက်ဖျန်​ဖြေမှု​ကြောင့်​ အ​ခြေအ​နေ ​အေး​ဆေး​ငြိမ်သက်သွား​ပြီလို့​ ဦး​ပဉ္စင်း​ ဦး​ဇာဂရက မိန့်​ကြား​သွား​ပါတယ်။

ဒီလ ၁၃ ရက်​နေ့​ညက မြန်မာလူမျိုး​တဦး​နဲ့​ အိန္ဒိယနွယ်ဖွား​တဦး​ အချင်း​များ​ရာက စီး​ပွား​ရေး​ဆိုင်တချို့​ ဖျက်ဆီး​ခံခဲ့​ရတဲ့​ သတင်း​ဟာ ဘာ သာ​ရေး​အဓိကရုဏ်း​၊​ လူမျိုး​ရေး​အဓိကရုဏ်း​လိုလို ပျံ့​နှံ့​ခဲ့​ပါတယ်။

ဒီ​နောက်မှာ လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က နိုင်ငံတွင်း​ ​နေထိုင်ကြသူအချင်း​ချင်း​ သည်း​ခံကြဖို့​၊​ မဖြစ်ကြ​တော့​ဖို့​ ​မေတ္တာ ရပ်ခံ ပန်ကြား​ ခဲ့​ပါတယ်။

စောင့်​ကြည့်​ထိန်း​သိမ်း​နေတဲ့​ ကံမမြို့​ခံ လူရွယ်တဦး​ကလည်း​ အဓိကရုဏ်း​ မဟုတ်ဘဲ လူအုပ်ဟာ ကံမမြို့​က အိန္ဒိယနွယ်ဖွား​ အနည်း​ငယ်ရဲ့​ ဆိုင်တချို့​ကိုသာ ​ရွေး​ပြီး​ ဖျက်ဆီး​ခဲ့​တာဖြစ်ပြီး​ ဘုန်း​တော်ကြီး​တွေနဲ့​ သက်ဆိုင်ရာ အာဏာပိုင်​တွေရဲ့​ ထိန်း​သိမ်း​မှု​ကြောင့်​ ပြန်လည် ​အေး​ချမ်း​စပြု​နေပါပြီလို့​ ​ပြောပါတယ်။

ဒီလိုအဖြစ်အပျက်နဲ့​ ပတ်သက်လို့​ မန္တ​လေး​မြို့​ မစိုး​ရိမ်တိုက်သစ်က ဆရာ​တော် ဦး​ဝီရသူက ဒီလိုအခင်း​တွေနဲ့​ ပတ်သက်လို့​ အကျယ် အကျယ် မဖြစ်ရ​အောင် သက်ဆိုင်ရာ ဘာသာ​ရေး​ခေါင်း​ဆောင်​တွေ အချင်း​ချင်း​ ​တွေ့​ဆုံခွင့်​ပေး​ပြီး​ ညှိနှိုင်း​လုပ်​ဆောင်ဖို့​ တိုက်တွန်း​ မိန့်​ကြား​ပါတယ်။

No comments: