Wednesday, April 18, 2012

တိုင်းရင်းသား ပြသနာ ဖြေရှင်းရေး တရား ဥပဒေ စိုးမိုးဖို့ လိုဟု UK ဝန်ကြီးချုပ် ပြော

သျှမ်းသံတော်ဆင့်

မြန်မာ နိုင်ငံ တိုင်းရင်းသား ပြဿနာ ဖြေရှင်း ရာတွင် တရား ဥပဒေ စိုးမိုးမှု ရှိဖို့ လိုကြောင်း ဗြိတိသျှ ဝန်ကြီး မစ္စတာ ဒေးဗစ်ကင် မရွန်းက တိုင်းရင်းသား ခေါင်းဆောင် များအား လက်ခံတွေ့ဆုံစဉ် ပြော ကြား လိုက်ကြောင်း သိရှိ ရပါ သည်။

ဧပြီ ၁၄ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ ဗြိတိသျှ သံအမတ်ကြီး နေအိမ်၌ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက တိုင်းရင်းသား ခေါင်းဆောင် များအား လက်ခံတွေ့ဆုံကြောင်း၊ ထိုသို့ တွေ့ဆုံစဉ် ဝန်ကြီး ချုပ် က မြန်မာ့ တိုင်းရင်းသား အရေးအား အဆင့်ဆင့် ဖြေရှင်း ရမည်ဖြစ် ကြောင်း၊ ဦးစွာ မြန်မာ နိုင်ငံ၌ တရား ဥပဒေ စိုးမိုးရေး ရှိဖို့ရန် လိုအပ်ကြောင်း၊ တိုင်းရင်းသား ပြသနာ အား ဦးသိန်းစိန် အစိုးရ က ဖြေ ရှင်းဖို့ နည်း လမ်းရှာဖွေနေမည်ဟု ယုံကြည်ကြောင်း၊ ဆက်လက်ဖိအားပေးနိုင်ရန် စီးပွားရေးပိတ်ဆို့မှု လုံးဝရုပ်သိမ်းခြင်းမဟုတ်ဘဲ ခေတ္တ ဆိုင်းငံ့ထား သည့်အဆင့်သာ လုပ်ဆောင်ရန် ဆုံးဖြတ် သွားမည် ဖြစ် ကြောင်း ပြောကြားသွားသည်ဟု SNLD ပြောခွင့်ရစိုင်းလိတ်က ပြောပါ သည်။

"ဝန်ကြီးချုပ်က ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ်ဘယ်လိုမြင်လဲလို့မေးတယ်။ ကျနော်တို့ ဉက္ကဌကြီးခွန်ထွန်းဦးက ပြုပြင် ပြောင်းလဲရေးစတင်နေပြီလို့ ယူဆနိုင်ပေမယ့် သမ္မတနဲ့ ပြုပြင်ရေး သ မား တချို့ဟာ လုံးဝ ထင်သာမြင်သာ လုပ်ဆောင်နိုင်ခြင်း မရှိ သေးဘူး၊ နိုင်ငံရေး အကျဉ်းသားများ ထောင်ထဲမှာ ကျန်ရှိနေသေးသလို ကေအိုင်အေနဲ့လဲတိုက်ပွဲတွေဆက်ဖြစ်နေတယ်။ အပစ်အခတ် ရပ်စဲ ထား ပြီးဖြစ်တဲ့ SSA လိုမျိုး အဖွဲ့တွေနဲ့လည်း အခုအချိန်ထိ ပစ်ခတ်မှုတွေရှိနေသေးတယ်" ဟု ခွန်ထွန်းဦးက ပြောကြောင်း စိုင်းလိတ်က ပြန်လည်ပြောပြပါသည်။

တွေ့ဆုံဆွေးနွေးပွဲ၌ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ခွန်ထွန်းဦး၊ ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်၊ ရခိုင် ဒီမိုကရေ စီအဖွဲ့ ချုပ်က ဦးအေး သာအောင်၊ ရခိုင် တိုင်းရင်း သားများ တိုး တက် ရေးပါတီ အတွင်းရေးမှူး ဦးလှစော၊ ကချင် ကိုယ်စားလှယ် ဦးဆမ်ဆန်၊ ကရင်ပြည်သူ့ပါတီက ဒေါက်တာ စောဆိုင် မွန်သာ၊ ရိုဟင်ဂျာအဖွဲ့က ဦးသာအေး၊ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း အပြင် တက္က သိုလ်များနှင့် သိပ္ပံပညာဆိုင်ရာဝန်ကြီး ဒေးဗစ် ဝီလီယန်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ ဒုတိယ သံအမတ် ဂျိုးဖစ်ရှာ တို့လည်း တက်ရောက်ကြသည်ဟု ကော့လီမီဒီယာ www.kawli.info က ရေးသား ပါသည်။

No comments: