Monday, April 2, 2012

မဲပေးရတဲ့ စာရင်းတွင် မပါသော ပြည်သူများ မဲရုံရှေ့တွင် ဆန္ဒပြ

ရိုးမ ၃

ရှမ်းပြည်နယ်၊ ကလောမြို့တွင် မဲပေးခွင့်စာရင်းထဲမပါတဲ့ မဲပေးရမယ့်သူ ၁၀၀ ကျော် မဲပေးခွင့်မရသလို ကြံ့ခိုင်ရေးပါတီက မဲရုံနဲ့ ကိုက် ၅၀၀ အတွင်းမှာ မဲဆွယ်စည်းရုံးကာ ဥပဒေချိုးဖောက်မှုတွေ ပြုလုပ်နေသည်။

ဒီနေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂ နေရာအတွက် မဲပေးရာ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်နှင့် ကျွန်း စုမြို့နယ် နှစ်မြို့နယ်ပေါင်းရှိ မဲပေးခွင့်ရှိသူ လူ ၅၀၀၀ လောက် မဲပေးခွင့်စာရင်းမှာ ကျန်ခဲ့လို့ မဲပေးခွင့်မရခဲ့ဘူးလို့ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်မြို့၊ သပြေသာရပ်ကွက်က မဲရုံမှာ မဲစာရင်းမပါတဲ့ပြည်သူနဲ့ ကော်မီရှင်ဥက္ကဌ ပြဿနာ တက်ပြီး မဲဆန္ဒရှင် (၁၀၀) ကျော်လောက်က မဲရုံရှေ့မှာ ဆန္ဒပြသလို့ ရုတ်ရင်းဆန်ခက်ဖြစ်ပွားခဲ့ပြီး ကော်မရှင်ဥက္ကဌက အရက်မူး နေ သော ကြောင့် မဲဆန္ဒရှင်တွေကို ပြေလည်အောင်မရှင်းနိုင်ပဲ ရဲနဲ့ ကျောက်ပန်းတောင်းမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးတာဝန်ရှိသူတွေက တောင်းပန်ခဲ့ရတယ်လို့ သိရသည်။

မဲရုံပေါင်း ၂၁ ရုံရှိပြီး မဲပေးနိုင်သူအားလုံးပေါင်း ၁၂၁၂၃ ယောက်ရှိတဲ့ စစ်တပ်မြို့ဖြစ်တဲ့ မိတ္ထီလာမြို့မှာ အင်န်အယ်လ်ဒီ အမှတ်တံဆိပ် နေရာကို ခြစ်လို့မရအောင် ဖယောင်းတွေသုတ်ထားသလို မဲပေးခွင့်မရတဲ့သူတွေလည်း ရာချီရှိနေတယ်လို့ စုံစမ်းသိရပါတယ်။

အလားတူ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့အမှတ် ၉ မဲရုံမှာလည်း ပယ်မဲတွေများနေသလို အင်န်အယ်လ်ဒီ အ မှတ်တံဆိပ်နေရာကို ဖယောင်းသုတ်ထားတာတွေ့ရတယ်လို့ မဲဆန္ဒရှင်တွေက မဲလက်မှတ်တွေ အစုတ်တွေ (၂၀၀) ကျော်ကို ပယ်မဲလုပ် မယ်လို့ မဲရုံမှူးနဲ့ မဲရုံစောင့်တွေက ပြောကြောင်း မဲဆန္ဒရှင်တဦးက ရှင်းပြခဲ့သည်။ မဲရုံတာဝန်ရှိသူတွေ ပေးတဲ့ မဲအုပ်က စုတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့မှာ ကြိုတင်မဲပြဿနာတွေတက်လို့ ကန့်ဘလူ၊ ရေဦးတန့်ဆည်၊ ကျွန်းလှ မဲဆန္ဒနယ် အမှတ် (၃) မှာလဲ မဲလက်မှတ်မှာ တံ ဆိပ်တုံးတွေမပါတဲ့ မဲမသမာမှုတွေရှိနေကြောင်းနဲ့ ပုလဲမြို့နယ်က ဆန္ဒမဲခြစ်ရမယ့် မဲလက်မှတ်တွေမှာလည်း အင်န်အယ်လ်ဒီကို မဲပေးရ မယ့် နေရာမှာ ဖယောင်းတွေသုတ်ထားပြီး အာဏာပိုင်တွေကိုယ်တိုင် မဲရုံထဲဝင်ပြီး မဲထည့်တဲ့လူတွေကို နှောက်ယှက်မှုတွေ ပြုလုပ်ခဲ့ တယ် လို့ စုံစမ်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်က ဆပ်ပြာကုန်း၊ ထောက်ကြံ့ စတဲ့ကျေးရွာစုတွေမှာ ရွာ ၅ ရွာမှာ ၄ ရွာလောက်က မဲစာရင် မှားနေကာ၂၀၁၀ ရွေးကောက်ပွဲတုန်းက စာရင်းအတိုင်း ပြန်လည်ထုတ်ပြန်တာကြောင့် မဲပေးခွင့်ရှိပြီး စာရင်းမှာ မပါတာတွေနဲ့ သေဆုံး သွားသူတွေ မဲစာရင်းမှာ ပြန်ပါနေတာတွေဖြစ်နေတယ်လို့ NLD အဖွဲ့ဝင်တွေက ပြောပါသည်။

No comments: