Sunday, April 1, 2012

ဒေါ်စုတည်းခိုမည့် ၀ါးသင်္ခအိမ်တွင် ကရင်လူငယ်များလုံခြုံရေးတာဝန်ယူ

နန်းသူးလေ (ကေအိုင်စီ)

ဒေါ်အောင်ဆန်း စုကြည် ညအိပ် ခရီး သွားရောက် နေထိုင် မည့် ၀ါးသင်္ခကျေး ရွာရှိ နေအိမ်တွင် ဒေသခံ ကရင် လူငယ် အယောက် (၃၀) က လုံခြုံရေး တာ ၀န်ယူ ထားသည်။

“အန်တီ နေမ ကောင်းလို့ နောက်ပြီး သူတည်းမယ့် အိမ်တစ်ခု ထဲအတွက် မ ဟုတ်ဘူး။ သူသွားတဲ့ နေရာမှာ နှုတ် ဆက်သူ တွေ လမ်း တစ် လျှောက်လုံး လမ်းမ ပိတ်အောင် မီဒီယာ တွေက ပိတ်ပြီး ဓါတ်ပုံရိုက် တာတွေ မရှိအောင် တာဝန်ပေး ထားတာလို့ သိရတယ် ” ဟု ရွေး ကောက် ပွဲစောင့်ကြည့်မည့် သ တင်းထောက်တစ်ဦးက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ဧပြီလ(၁) ရက်နေ့ အမှီ မနေ့ ညနေ (၄)နာရီတွင် ဒေါ်အောင်ဆန်း စုကြည် သည် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်မှ အိမ်ထောင်စု စာရင်း ၀င်ထားသည့် ကော့မှူး မြို့နယ်သို့ ထွက်ခွာ ခဲ့ပြီး မနေ့ ညတွင် ၀ါးသင်္ခ နေအိမ်၌ ညအိပ် မည်ဖြစ်သည်။

ဒေါ်အောင်ဆန်း စုကြည်သည် တိုင်းရင်းသား အရေး အလေးနက် ထားသည့် အနေဖြင့် ကော့မှူး မြို့နယ် ၀ါးသင်္ခ ကျေးရွာရှိ ဆင်းရဲ နွမ်း ပါးသည့် မိသားစု ထံတွင် အိမ်ထောင်စု စာရင်း ၀င်ကာ ရွေးကောက် ပွဲဝင်ပြိုင်ခြင်း ဖြစ်သည် ဟု ပြောထားသည်။

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင်ဒေါ်အောင်အောင်ဆန်းစုကြည်နှင့်ဝင်ရောက်ယှဉ်ပြိုင် ကြမည့် ကိုယ်စားလှယ် လောင်း များမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ရေးပါတီက ဒေါက်တာစိုးမင်းနှင့် ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးပါတီက ဦးတင်ရီ ဖြစ်သည်။

No comments: