Thursday, April 5, 2012

အမတ်​လောင်း​ များ​နှင့်​ မြို့​နယ်​ အောင်နိုင်​ရေး​ အဖွဲ့​ဝင်များ​ အန်အယ်လ်ဒီ ဆင့်​ခေါ်

ဒီဗွီဘီ

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ပါတီကိုယ်စား​ပြု ဝင်​ရောက် ယှဉ်ပြိုင်ခဲ့​ကြတဲ့​ လွှတ်​တော်ကိုယ်စား​လှယ်အား​လုံး​နဲ့​ မြို့​နယ် ​အောင်နိုင်​ရေး​ အဖွဲ့​ဝင်​တွေကို ပါတီဌာနချုပ်ကို ဧပြီ ၇ ရက်​နေ့​ မနက် ၉ နာရီအ​ရောက် လာ​ရောက်ဖို့​ ​ခေါ်ထား​ပါတယ်။

အဖွဲ့​ချုပ် ဗဟိုအလုပ်အမှု​ဆောင် ​ကော်မတီက ​ခေါ်ယူ​တွေ့​ဆုံတာဖြစ်ပြီး​ အ​သေး​စိတ်ကို မနက်ဖြန်ကျမှ သတင်း​ထုတ်ပြန်မယ်လို့​ အဖွဲ့​ချုပ်ဗဟိုပြန်ကြား​ရေး​ အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့​ ကိုယ်စား​ လှယ်​လောင်း​ ၄၈ ဦး​ ​ရွေး​ချယ်တဲ့​အနက် ကချင်ပြည်နယ်က မဲဆန္ဒနယ်​မြေ ၃ ခုက ​ရွေး​ ​ကောက်ပွဲကို ဆိုင်း​ငံ့​လို့​ ကျန်ရှိ ၄၅ ​နေရာအနက် စစ်ကိုင်း​တိုင်း​က အမျိုး​သား​လွှတ်​တော်​နေရာ ၁ ​နေရာမှာ ကိုယ်စား​လှယ်ကန့်​ကွက်ခံရြပီး​ ယှဉ်ပြိုင်ခွင့်​မရဘဲ ၄၄ ​နေရာ ပြိုင်ဆိုင်ခဲ့​ပါတယ်။

၄၄ ​နေရာယှဉ်ပြိုင်ရာမှာ ၄၃ ​နေရာ အနိုင်ရရှိခဲ့​ပြီး​ ရှမ်း​ပြည်နယ်က အမျိုး​သား​ လွှတ်​တော်တ​နေရာမှာ ရှုံး​နိမ့်​ခဲ့​ပါတယ်။


No comments: