Thursday, April 5, 2012

ရွေး​ကောက်ပွဲအလွန် မြန်မာမြို့​ကြီး​များ​ ဆိုး​ဆိုး​ရွား​ရွား​မီး​ပျက်

ပီတာအောင်

ရန်ကုန်နဲ့​ မန္တ​လေး​ အပါအဝင် မြို့​ကြီး​အ​တော်များ​များ​မှာ ကြား​ဖြတ်​ရွေး​ကောက်ပွဲ အလွန် ခုရက်ပိုင်း​တွေအတွင်း​ လျှပ်စစ်မီး​ပျက်​နေတာနဲ့​ မီး​မမှန်တာ​တွေ ပိုမို ဖြစ်ပွား​နေတယ်လို့​ မြို့​ခံ​တွေက ​ပြောပါတယ်။

ရန်ကုန်မြို့​ခံတဦး​က “ရန်ကုန်မှာ မီး​အ​ခြေအ​နေက အ​တော်​လေး​ဆိုး​တယ်၊​ မီး​ပျက်​တော့​ အိမ်​တွေမှာ ​ရေတင်လို့​မရဘူး​။ ထမင်း​ချက်လို့​ မရဘူး​။ အ​တော်များ​များ​ ဒုက္ခ​ရောက်​နေတာ။ တ​နေ့​ကို ၆ နာရီဖြတ် မယ် ​ပြောတယ်။ ဒါ​ပေမယ့်​ မကဘူး​ ဖြစ်​နေတယ်။ အလှည့်​ကျဖြတ်​နေတာ။ တခါတ​လေ အချိန်မမှန်တဲ့​အခါကျ​တော့​ ထမင်း​ချက်​နေရင်း​ တန်း​လန်း​ မီး​ပျက်သွား​တာမျိုး​ ​ရေတင်ရင်း​ တန်း​လန်း​ မီး​ပျက်သွား​တာမျိုး​တွေ ဖြစ်​နေတယ်။ ကြား​ဖြတ်​ရွေး​ကောက်ပွဲ မတိုင်ခင်ကတည်း​က စြဖစ်​နေတာ ပွဲလည်း​အြပီး​ အန်အယ်လ်ဒီလည်း​နိုင်​ရော အ​ခြေအ​နေက ပိုဆိုး​သွား​တယ်။”

မန္တ​လေး​မြို့​ခံ​တွေဟာ မီး​မရလို့​ မီး​စက်၊​ အင်ဗာတာ၊​ ဖ​ယောင်း​တိုင်ကို အသုံး​ပြု​နေရသလို ​ဆေး​ရုံ၊​ သတင်း​စာတိုက်လို ​နေရာ​တွေကလည်း​ မီး​ပျက်​နေလို့​ အခက်​တွေ့​နြေက​ကြောင်း​ ​ပြောပြပါတယ်။

မန္တ​လေး​မြို့​ခံတဦး​က “လျှပ်စစ်မီး​က​တော့​ တရက် ၂၄ နာရီမှာ ၈ နာရီ နှုန်း​နဲ့​ ခွဲတမ်း​ စနစ်​တွေနဲ့​ ဖြတ်​နေတယ် ​ရွေး​ကောက်ပွဲမတိုင်ခင် ၂ လ​လောက်တုန်း​က မီး​ပျက်တာမ​တွေ့​ရဘူး​။ ​ရွေး​ကောက်ပွဲကာလနဲ့​ မတိုင်ခင်အတွင်း​ ၁ လ ​လောက်ရှိပြီ ခွဲတမ်း​စနစ်​တွေနဲ့​ တ​နေ့​ကို ၈ နာရီနှုန်း​ အခုဖြတ်​နြေပီ၊​ အဲလိုမျိုး​တွေနဲ့​ သွား​နေရတဲ့​အတွက် အခုက ​နွေရာသီဆို​တော့​ ပူစပ်အိုက်စပ် ဆို​တော့​ မီး​ပုံမှန်မရရှိတဲ့​အတွက် ပြည်သူလူထုမှာ ​တော်​တော်ကို ဒုက္ခ​ရောက် ​နေတယ်’ လို့​ ​ပြောပါတယ်။

ဒါ့​ပြင် လာမယ်လို့​ ​ပြောထား​တဲ့​ အချိန်​တွေမှာလည်း​ ၁၅ မိနစ် တြကိမ်​လောက် ပျက်​နေတယ်လို့​ ဆိုပါတယ်။

မော်လြမိုင်မှာဆိုရင်လည်း​ လျှပ်စစ်မီး​ ဆိုး​ဆိုး​ရွား​ရွား​ ပျက်​နေတဲ့​အြပင် မီး​လာတဲ့​ အချိန်မှာလည်း​ မီး​အား​အလွန်နည်း​ပြီး​ အလင်း​ရောင်​တောင် လုံ​လောက်​အောင် မရဘူး​လို့​ သိရပါတယ်။

မြို့​ကြီး​တွေဟာ ၂၀၁၀ နှစ်လည်ကစြပီး​ ၂၀၁၁ တနှစ်လုံး​ လျှပ်စစ်မီး​ မှန်မှန်ရြပီး​ အခုမှ ဆိုး​ဆိုး​ရွား​ရွား​ပျက်တာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း​ လျှပ်စစ်​ပေး​ရေး​ ရုံး​က​တော့​ ဂက်စ်မရလို့​ ဂက်စ်တာဘိုင်စက်​တွေ မလည်နိုင်တာ​ကြောင့်​ ခုလို လျှပ်စစ်မီး​ မရတာ ဖြစ်တယ်လို့​ ​ပြောဆိုထား​ပါတယ်။

No comments: