Monday, April 2, 2012

စိတ်ကြွ ဆေးပြားထုတ် စက်ရုံများ ပိတ်ပေးရန် ဘင်္ဂလားဒေခ်ျ့က မြန်မာကို တောင်းဆို

နိရဉ္စရာ

ယမန်နေ့က ကော့စ်ဘဇားမြို့တွင် ပြုလုပ်ခဲ့သော နယ်စပ် တပ်မှူးများ အဆင့် ဆွေးနွေးပွဲတွင် ယာဘစိတ်ကြွဆေးပြားများ ထုတ်လုပ်နေသော စက် ရုံများကို ပိတ်ပေးရန် ဘင်္ဂလာဒေခ်ျ့ ကိုယ်စားလှယ်များက မြန်မာဘက်ကို တောင်းဆို ခဲ့ကြောင်း သတင်း ရရှိသည်။

" မြန်မာဘက်က ယာဘားဆေးပြားတွေကို နေ့စဉ် မှောင်ခို တင်သွင်းနေတာ ကို တားဆီးပေးဖို့နဲ့ မြန်မာဘက်က နယ်စပ် ဒေသတွေမှာ ရှိတဲ့ ယာဘား ဆေးပြား စက်ရုံတွေကိုလည်း ချက်ချင်းပိတ်ပေးဖို့ လိုအပ်တယ် ကျွန်တော်ဘက်က တင်ပြ တောင်းဆိုခဲ့ပါတယ်" ဟု ဘင်္ဂ လာ အရာရှိ တစ်ဦးက သတင်းထောက်များကို ပြောသည်။

ဘင်္ဂလားဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ ဘီဂျီဘီမှ ယမန်နေ့ (စနေ) နေ့က ပြုလုပ်သော အစည်းအဝေးတွင် ထိုသို့ တောင်းဆို ခဲ့သော် လည်း မည်သည့် နေရာတွင် တည်ရှိသော စက်ရုံများ ဖြစ်ကြောင်းကို ထုတ်ဖေါ် ပြောဆိုခြင်း မရှိကြောင်း သိရသည်။

သို့သော် မြန်မာဘက်ခြမ်းတွင် တည်ဆောက်ထားသည့် ယာဘား စက်ရုံ (၃) ရုံနှင့် စပ်လျဉ်း၍ သတင်း အချက်အလက်များ အပါအ၀င် လွန်ခဲ့သော ၅ လ အတွင်း ဖမ်းဆီးရရှိခဲ့သည့် ယာဘဆေးပြား အရေအတွက်နှင့် စာရင်းဇယားများကို ဘင်္ဂလားဒေခ်ျ့ ဘီဂျီပီမှ မြန်မာ နစကသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းဖြင့်လည်း ဘင်္ဂလာ အရာရှိက ပြောသည်။

ဘင်္ဂလားဒေချ့်ဘက်မှ တောင်းဆိုချက်နှင့် ပတ်သတ်၍ မြန်မာဘက်မှ ယာဘား စိတ်ကြွဆေးစက်ရုံများ ရှိမရှိကို စုံစမ်းစစ်ဆေးပြီး အမြန် ဆုံး ရှင်းလင်း သတင်းပေးပို့သွားမည်ဖြစ်ကြောင်း ပြန်ပြောခဲ့သည်ဟု သိရသည်။

"မြန်မာ နစက အနေနဲ့ ကျွန်တော်တို့ရဲ့ တင်ပြ တောင်းဆိုချက်တွေကို ထိထိမိမိ အရေးယူ ဆောင်ရွက်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်" ဟုလည်း သူက ပြောသည်။

ဆွေးနွေးပွဲကို ဘင်္ဂလားဒေခ်ျ့ဘက်မှ စစ်တကောင်း ဘီဂျီပီ တပ်ရင်းမှူး ဗိုလ်မှုးကြီး မိုဟာမက်ဘာရှီရူး အစ္စလာမ် ဦးဆောင်သည့် ၁၅ ဦးပါကိုယ်စားလှယ်အဖွဲ့နှင့် ရခိုင်ပြည်နယ် မောင်တော အခြေစိုက် နစက ဌာနချုပ် ညွှန်ကြားရေးမှူး ဗိုလ်မှုးကြီး အောင်ကြီး ဦးဆောင် သည့် ၁၇ ဦးပါ ကိုယ်စားလှယ် အဖွဲ့တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ယာဘား ကိစ္စအပြင် မြန်မာနိုင်ငံသားများ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို့ တရားမ၀င် ၀င်ရောက်နေခြင်း ကိစ္စ၊ နှစ်နိုင်ငံ အကြား အကျဉ်းသာများ ဖလှယ်ရေး နှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖေါက်ပြီး မြန်မာဘက်မှ တပ်အင်အားတိုးချဲ့ ချနေမှု အခြေ အ နေများကိုလည်း အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြကြောင်း ဘင်္ဂလာ အရာရှိက ပြောသည်။


No comments: