Thursday, April 19, 2012

မြန်မာ ကာစတန်များ ကုန်ကား တစ်စီး ငွေကျပ် ၅ သောင်း တောင်း

သျှမ်းသံတော်ဆင့်

တရုတ် - မြန်မာ နယ်စပ် ကျယ်ဂေါင် - မူစယ် အဝင် အထွက် ဂိတ်ပေါက် တစ်ခု ဖြစ်သည့် မန်ဝိန်း ဂိတ်တွင် မြန်မာ အကောက် အခွန် ဝန် ထမ်း များမှ ကုန်ကား တစ်စီး အနည်းဆုံး ကျပ်ငွေ ၅ သောင်း တောင်းယူ နေကြောင်း ကုန်သည် အသိုင်း အဝိုင်း အဆိုအရ သိရသည် ။

အခွန်ဆောင်ထားသော ကုန်ကားများ တရုတ် ကျယ်ဂေါင်ဘက်မှ မူစယ်ဘက်သို့ ၀င်ရောက်ရာတွင် မန်ဝိန်းဂိတ်တာဝန်ကျ အကောက် အခွန်ဝန်ထမ်းများမှ မလိုအပ်ပဲ ရှာဖွေစစ်ဆေးပြီး ငွေတောင်းယူ နေ ခြင်း ဖြစ်ကြောင်း အမည်မဖေါ်လို သူ ကုန်သည်တစ်ဦးက ဆိုသည် ။

“မန်ဝိန်းကာစတန်ပေါ့နော် အခွန်ဆောင်ပြီးသား ဂျူတီနဲ့ထွက်တဲ့ ကုန်တင်ကားတွေကို သွားလို့မရအောင် ခုံတန်းကြီးချ ထားပြီးတော့ ဖွင့်ဖေါက်စစ်ဆေးတယ် ပိုက်ဆံတောင်းတာ အနည်းဆုံး ၅ သောင်းပေါ့ နော်” ဟု သူက ဆိုသည်။

မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌သာ ကုန်စစ်ဆေးရေးဂိတ် အဓိကနေရာ အဖြစ်ထားရှိသည့် အတွက် မန်ဝိန်းဂိတ်တွင် စစ်ဆေးရန် မလိုအပ်ကြောင်း သူက ဆက်ပြောသည် ။

“အခွန်ဆောင်ထားတဲ့ စာရွက်စာတမ်းတွေကို တောင်းယူပြီး ကုန်ပစ္စည်းနဲ့ တိုက်ကြည့်တာပေါ့နော်။ ကားတွေကို မိုးကာ လှန်ပြီးဖွင့်ဖေါက် စစ်ဆေးတာပေါ့နော်။ တကယ်တမ်းပြောရရင် မန်ဝိန်းက ကုန်စစ် ဆေးတဲ့ ချက်ပွိုင့်မဟုတ်ဘူးလေ ။ တကယ်လို့ အဲဒီပိုက်ဆံ ၅ သောင်း ပေးတယ် ဆိုရင်တော့ မစစ် ဘူးပေါ့ ” ဟု ဆိုသည် ။

၂၀၀၆ ခုနှစ်အတွင်းက တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးစခန်းများတွင် တာဝန်ကျသည့် ကာစတန်ဝန်ထမ်း အများစုကို လာဘ်စား မှုဖြင့် ဖမ်းဆီး အရေး ယူမှုများ ပြုလုပ် ခဲ့ပြီး နောက်ပိုင်း ကာစတန် ဋ္ဌာန ကို ပြန်လည် အသစ်ဖွဲ့စည်း ထားခြင်း ဖြစ်ကြောင်း သိရသည် ။

ယခင်က ကာစတန်ဋ္ဌာနကို နယ်စပ်ကုန်သွယ်ရေးဦးစီးဋ္ဌာန လက်အောက်တွင် ထားရှိခဲ့ရာမှ ယခုနှစ်ဆန်းပိုင်း၌ သီးခြား တာဝန် ချထား ခဲ့ကြောင်း သိရ သည် ။

No comments: