Tuesday, April 3, 2012

“ခေတ်သစ်ကြီးရဲ့ အစလို့ပဲ ကျမတို့ မျှော်လင့်ပါတယ်”

မဇ္ဈိမသတင်းဌာန


ယခုအချိန်သည် ခေတ်သစ်တခု၏ အစဟု မျှော်လင့်ပါကြောင်း တနင်္ဂနွေနေ့ ကြားဖြတ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင် ရရှိခဲ့ အပြီး အသစ်စက်စက် လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည် က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

“ဒါဟာ ခေတ်သစ်ကြီးတခုရဲ့အစလို့ ကျမတို့ မျှော်လင့်ပါတယ်” ဟု ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်သို့ ရောက်ရှိလာသော ရာပေါင်းများစွာသော လူထုကို ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့သည့် ၄၅ နေရာအနက် နေရာ ၄ဝ ၏ ရလဒ်များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က တနင်္လာနေ့တွင် ထုတ်ပြန်ရာ NLD က နေရာ ၄ဝ လုံး အနိုင်ရရှိထားသည်ဟု ဆိုသော်လည်း NLD ကမူ ၎င်းတို့ ၄၃ နေရာ အနိုင်ရရှိပြီးဖြစ်ကြောင်း တရားဝင် မဟုတ်သေးသော ရလဒ်များကို အခြေခံကာ ပြောဆိုထားသည်။

ဤရွေးကောက်ပွဲကြောင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က သူတို့ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုများကို အလျှင်အမြန် ရုပ် သိမ်း လာဖွယ် ရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဆင်းရဲမွဲတေမှုဒဏ်ကိုခံနေရသော နိုင်ငံမှလူပေါင်းသန်း ၆ဝ အတွက် အပြောင်းအလဲများ
ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။

“ကျနော်တို့ အလုပ်လိုချင်တယ်၊ မီးလိုချင်တယ်၊ ရေလိုချင်တယ်။ အခုက သိပ်ဒုက္ခ ရောက်တယ်။ ဒေါ်စုက သိပ်သြဇာ ကြီးတယ်။ ဒီတော့ ကျနော်တို့ နိုင်ငံကို ပြောင်းလဲလာ အောင်လုပ်နိုင်မှာပဲ” ဟု လမ်းဘေးတွင် အဝတ်အထည် ရောင်းချသူ ကိုသိန်းတန်က တနင်္ဂနွေနေ့ က ပြောသည်။

တနင်္လာနေ့က NLD ရုံးချုပ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဒေါ်စုက “အခုက စပြီး ကျမတို့ နိုင်ပြီလို့ မစဉ်းစားရဘူး။ တာဝန် ထမ်းဆောင်ဘို့၊ အလုပ်လုပ်ဘို့အတွက် အစလို့ပဲ တွေးရမယ်” ဟု ပါတီမှ ရွေးကောက် တင်မြှောက်ခံခဲ့ရသော လွှတ်တော် ကိုယ်စားလှယ် များကို သတိပေး ပြောကြားခဲ့သည်။

အကျင့်ပျက်ခြစားသော ဝန်ကြီးများကို မိမိ၏ ဝန်ကြီးအဖွဲ့မှ မဖယ်ရှားနိုင်ခဲ့ခြင်းကြောင့် လည်းကောင်း၊ အောက်ခြေနှင့် အလယ် အလတ် အဆင့်ရှိ အုပ်ချုပ်ရေး ယန္တရားအတွင်း ရှိနေသော ကြိုးနီစနစ်ကို မဖယ်ရှားနိုင်ခဲ့ခြင်းကြောင့်လည်းကောင်း ယခုကဲ့သို့ မဲဆန္ဒရှင် အများစု က အာဏာရပါတီကို ကြားဖြတ်ရွေးကောက်ပွဲတွင် မဲမပေးခဲ့ကြခြင်း ဖြစ်ကြောင်း အကဲခတ်အချို့က သုံးသပ် ပြောဆိုနေကြသည်။

အာဏာရ ကြံ့ခိုင်ရေးပါတီ၏ အမာခံနယ်မြေဖြစ်သော နေပြည်တော်တွင်ပင် NLD ကို ရှုံးနိမ့်ခဲ့ရသည်။ သမ္မတ ဦးသိန်းစိန် ရွေးကောက် တင်မြှောက်ခံခဲ့ရသော ဇမ္ဗူသီရိ မဲဆန္ဒနယ် အပါအဝင် နေပြည်တော် ၄ နေရာလုံးတွင် NLD က အနိုင်ရရှိသွားကြောင်း ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်သည်။

အစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအကြား ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် ဆောင်ရွက်နေသော ဦးညိုအုန်းမြင့်ကမူ NLD အနေဖြင့် ကြံ့ခိုင်ရေးပါတီနှင့် သင့်မြတ်စွာ ဆက်ဆံသင့်ကြောင်း ပြောသည်။

“စစ်ရေးအမြင်နဲ့ကြည့်ရင်တော့ ခုလို အပြတ်အသတ်နိုင်တာဟာ နှစ်ပေါင်း ၅ဝ ကျော် အာဏာရယူထားခဲ့တဲ့ အစိုးရ အတွက် ခြိမ်းခြောက် မှု တရပ်ပဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဏာရပါတီကို ပြေပြေလည်လည်ဘဲ ဆက်ဆံ ချဉ်းကပ် ဆောင်ရွက်ရမှာ ဖြစ် ပါ တယ်” ဟု ပြောကြားခဲ့သည်။

“ကျနော်တ ကယ့်ကို စိုးရိမ်ပါတယ်။ အာဏာရပါတီထဲက လက်ရှိခေါင်းမာသူတွေ တကယ့်ကို ကြောက်သွားမှာ စိုးရိမ်မိပါတယ်။ ဒါဟာ သူ တို့အတွက် အခုကနေ ၂ဝ၁၅ ခုနှစ်အထိ အလွန်စိုးရိမ်စရာ ကိစ္စတရပ် ဖြစ်နေမှာပဲ” ဟု ဦးညိုအုန်းမြင့်က ဆိုသည်။

ဤအတောအတွင်း အခြားပုဂ္ဂိုလ်များကမူ ယခုအခြေအနေကို ရှေ့တွင် ရရှိလာမည့် အခွင့်အလမ်းများအဖြစ် ရှုမြင်နေကြသည်။

“ဒါဟာ မြန်မာနိုင်ငံအတွက်တော့ လာမယ့် အာရှရာစုမှာ လက်တွဲပါဝင်နိုင်ဘို့ ရှည်လျားတဲ့ ဖြစ်စဉ်ကြီးရဲ့ အစပါပဲ” ဟု ကမ္ဘောဒီးယား အ ခြေစိုက် Leopard Capital တည်ထောင်သူ နှင့် အမှုဆောင် အရာရှိချုပ် ဖြစ်သူ ဒေါက်ဂလပ်စ် ကလေတန် က ပြောဆိုလိုက်သည်။ ပိတ် ဆို့ အရေးယူမှုများ ရုပ်သိမ်းသွားသည်နှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် ဒေါ်လာသန်း ၁ဝဝ ရံပုံငွေတရပ် ရှာဖွေရန် ဤကုမ္ပဏီက စီစဉ်ဆောင်ရွက်နေ သည်ဟု သူက ဘလွန်းဘတ် သတင်းဌာနသို့ ပြောကြားခဲ့သည်။

“အခုရွေးကောက်ပွဲကို လက်ခံလိုက်ပြီဆိုတာနဲ့ ပိတ်ဆို့အရေးယူမှုကို ဆက်ထားဘို့ဆိုတာ အကျိုးအကြောင်းပြ စရာသိပ်မရှိတော့ပါဘူး” ဟုလည်း သူက ဆက်လက်ပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ သူထမ်းဆောင်ရမည့် လွှတ်တော်တာဝန်များ အပေါ်သာ အာရုံစိုက် လုပ်ဆောင်လျက်ရှိသည်။

“ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အခြားပါတီတွေအနေနဲ့ ကျမတို့နိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိလာအောင် ကျမတို့နဲ့ ပူးပေါင်း ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ခြုံငုံ သုံးသပ်ထားသော အစီရင်ခံစာတရပ်ကို နောက်ပိုင်းတွင် ထုတ်ပြန်သွား မည်ဟုလည်း ပြောဆိုခဲ့ သည်။

သို့သော် သမ္မတ ဦးသိန်းစိန်၏ ကြံ့ခိုင်ရေးပါတီနှင့် စစ်တပ်အနေဖြင့် လွှတ်တော်အမတ် နေရာအားလုံး၏ ၈ဝ% ကျော် ကို ဆက်လက် ထိန်းသိမ်းထားနိုင်စွမ်း ရှိနေဦးမည်ဖြစ်သည်။

ရွေးကောက်ပွဲကို စောင့်ကြည့်အကဲခတ်ရန်အတွက် အမေရိကန်၊ EU နှင့် အိမ်နီးချင်း နိုင်ငံများမှ သတင်းထောက်များ ကို မြန်မာနိုင်ငံက အကန့်အသတ်ဖြင့် ဖိတ်ကြားခဲ့သည်။ ယခု ကြားဖြတ်ရွေးကောက်ပွဲများသည် “အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အရေးပါသော အချိန် ဖြစ်သောကြောင့် ဥရောပသမဂ္ဂအနေဖြင့် မိမိတို့၏ မြန်မာနိုင်ငံ အပေါ် ထားရှိသော မူဝါဒများကို သေသေချာချာ ပြန်လည် လေ့ လာသုံးသပ်သင့်ပြီ” ဖြစ် ကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေး မူဝါဒအကြီးအကဲ ကက်သရင်း အက်ရှတန်က မတ်လ ၂၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်သည်။

ရွေးကောက်ပွဲ မသမာမှုများ၊ လိမ်လည်မှုများ တနင်္ဂနွေနေ့တွင် ကျယ်ကျယ်ပြန့်ပြန့် ကြုံတွေ့ရလိမ့်မည်ဟု ထင်ထား ခဲ့ကြသော်လည်း အ သေးအဖွဲ တချို့တလေမှအပ ထင်သလောက် ဖြစ်မလာခဲ့ကြောင်း တွေ့ရသည်။ အကဲခတ် အများအပြားကမူ ယခု ကြားဖြတ် ရွေး ကောက် ပွဲသည် အာရှစံချိန်နှင့် ကြည့်လျှင် အံ့အားသင့်စရာ ကောင်းလောက် အောင် သန့်ရှင်းမျှတသော ရွေးကောက်ပွဲ ဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။

ထိုအတောအတွင်း နိုင်ငံ့ခေါင်းဆောင်အများအပြားနှင့် အကဲခတ်များကမူ သမိုင်းတွင်မည့် မဲပေးမှုအပေါ် အဆိုးအကောင်း ဝေဖန် ပြော ကြားရန် ချိန်ဆဆဲရှိကြသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကမူ ရွေးကောက်ပွဲသည် “လွတ်လပ်၊ မျှတ၍ ထင်သာမြင်သာရှိသော” ရွေးကောက်ပွဲ ဖြစ် ကြောင်း အာဆီယံ ထိပ်သီး အစည် အဝေး မတိုင်မီ ဖနွမ်းပင်မြို့တွင် သတင်းထောက်များကို ပြောကြားခဲ့ကြောင်း အေပီသတင်းဌာနက သတင်းပေးပို့ထားသည်။

အေပီသတင်းဌာန၏ သတင်းပေးပို့ချက်တွင်မူ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ် စူဝမ်က ရွေးကောက်ပွဲ မဲလာထည့်သူဦးရေ များ ပြား သည်ဟု အကဲခတ်များက သတင်း ပေးပို့လာကြောင်း၊ အင်ဒီနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ က မြန်မာ နိုင်ငံတွင် မကြာသေးမီ ကာလများက ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ သည် `နောက်ကြောင်းပြန်လှည့်´ တော့မည် မဟုတ် ကြောင်း ယခု ရွေးကောက်ပွဲများက နောက်ထပ် အာမခံပေးလိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ယခု ရွေးကောက်ပွဲကို အရေးပါသော ရှေ့သို့ တိုးတက်မှုကြီးတရပ်ဖြစ်သည်ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဘော့ကား က တ နင်္လာနေ့က ပြောဆိုလိုက်သည်။

“ရွေးကောက်ပွဲတွေဟာ တကယ့်ကို စစ်မှန်တယ်ဆိုတာ သိရတာနဲ့ ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ပေါ့ပေးဘို့ ကျနော်တို့စဉ်းစား သွား မှာဖြစ်ပါတယ်” ဟု သူက ပြောဆိုလိုက်သည်။ သို့သော် ယခုထက်ထိ မြန်မာနိုင်ငံတွင် စာအုပ်စာတန်းများအပေါ် ဖိနှိပ်ချုပ်ချယ်သည့် ဥပ ဒေများ ရှိနေဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများလည်း ဆက်လက် ချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်းကိုလည်း သူက သတိပေး ပြောဆို လိုက်သည်။

“ခုလို ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ပေါ့ပေးဘို့ စဉ်းစားဆောင်ရွက်တာဟာ မြန်မာဘက်က ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ လုပ်လာ တာနဲ့ အချိုးညီပဲ ဖြစ်ပါလိမ့်မယ်။”

အရှေ့တောင် အာရှနိုင်ငံများ၊ အမေရိကန်နှင့် ဥရောပ တို့နှင့်ဆွေးနွေးပြောဆိုပြီးမှသာ ထိုကိစ္စများကို ဆက်လက် ဆောင်ရွက် မှာဖြစ် သည်ဟု လည်း ဘော့ကား က ပြောဆိုသွားသည်။

ယခု ရွေးကောက်ပွဲများ ပြီးနောက် နွားတင်းကုပ် ဟု ချစ်စနိုးခေါ်ကြသော NLD ရုံးချုပ် သည် ကမ္ဘာသိ အတိုက်အခံ ဒေါ်အောင် ဆန်း စုကြည် နှင့် သူမပါတီအတွက် သင်္ကေတ သစ်တခု ဖြစ်လာတော့မည် ဖြစ်သည်။ အာရှနိုင်ငံများသို့ သွားရောက်ကြသော ကမ္ဘာလှည့် ခရီး သည်များအတွက် အရေးတကြီး သွားရောက်ကြည့်ရှုရမည့် နေရာ တနေရာ ဖြစ်လာခဲ့ပြီဟု ဝေါစထရိဂျာနယ် သတင်းထောက် ပက်ထရစ် ဘာထရာ က သတင်းပေးပို့ ထားသည်။

“ထိုင်းက ပင်လယ်ကမ်းခြေတွေကို သွားရင် ဒီကိုကော ဘာလို့ မလာရမှာလဲဗျာ” ဟု ဘယ်လ်ဂျီယံ လူမျိုး ခရီးသည် အသက် ၂၄ နှစ်အ ရွယ် ဗင်ဒင်ဘရွတ် က ဒေါ်အောင်ဆန်း စုကြည် အမှတ်တရ ပြက္ခဒိန်နှင့် တီရှပ်များကို ရွေးချယ် ဝယ်ယူရင်း ပြောကြားလိုက်သည်။ ထို အထဲတွင် သူမရုပ်ပုံနှင့် “ကျမ အားလုံးကို မေတ္တာထားပါတယ်” ဟူသော စာတန်းပါ တီရှပ်တထည်လည်း ပါဝင်သည်။

စားပွဲပေါ်တွင် ဒေါ်စုပုံပါ တီရှပ်များ၊ ပိုစတာများ၊ သော့ချိတ်များ၊ ဘေ့စ်ဘော ဦးထုပ်များ၊ တိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ထားသော ဒေါ် စုပုံများ အပြည့်အလျှံရှိနေသည်။ ထူးခြားသည်မှာ ဧပြီလ ၂ ရက်နေ့ထုတ် အစိုးရ သတင်းစာ မြန်မာ့အလင်းတွင် ဒေါ် အောင်ဆန်း စု ကြည်အကြောင်း သော်လည်းကောင်း၊ NLD အကြောင်းသော် လည်းကောင်း ရေးသားဖော်ပြထားခြင်း မရှိပေ။ အစိုးရအဖွဲ့ဝင် အရာရှိကြီး များ မဲပေးနေပုံ များကိုသာ ဖော်ပြ ထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုမှစ၍ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းမှ အသစ်စက်စက် NLD အမတ်များကို စည်းရုံး လေ့ကျင့်သည့်အလုပ်သို့ ပြောင်းလဲ လုပ်ဆောင်ရတော့မည် ဖြစ်သည်။ တချိန်တည်းတွင် လက်ရှိ အစိုးရ ရာထူးကြီးများ ရယူ ထားကြ သည့် ဗိုလ်ချုပ်ဟောင်းများနှင့် သူတို့အကြား ရှိနေသည့် အတွေးအခေါ် ကွာဟာမှု ကိုလည်း ပေါင်းကူးတံတားထိုးပေးဘို့ ကြိုးပန်း ရဦး မည် ဖြစ်သည်။ လွှတ်တော်တွင်း အတိုက်အခံများအတွက် စိတ်ဓါတ် အသစ်နှင့် အာရုံစူးစိုက်စရာအသစ်ကို သူမက ဆောင်ကြဉ်းလာမည် ဖြစ်သည်။

စီးပွါးရေးမြို့တော် ရန်ကုန်မြို့မှ ၄ နာရီကြာ ကားမောင်းသွားရသည့် နေပြည်တော်တွင် နေထိုင်ရန် ဒုတိယ အိမ်တလုံး ကို သူမ ရှာဖွေနေ ကြောင်းဖြင့် သတင်းထောက်များကို တနင်္လာနေ့က သူမက ပြောကြားခဲ့သည်။

“ကျမမှာ ခွေးလေးတကောင် ရှိတာကိုလည်း မမေ့ကြပါနဲ့။ သူ့ကို ကျမနဲ့အတူ ခေါ်သွားရမှာပါ” ဟု ရယ်ရွှန်းပြောရှာ သည်။

သူ့သားငယ် ကင်မ်က လက်ဆောင်ပေးခဲ့သော ခွေးကလေး တိုက်ချိတို သည် နေပြည်တော်တွင် လူအများ စိတ်ဝင်စား စရာ အထူး အ ဆန်း ဖြစ်လာလိမ့်မည်ဟု ရိုက်တာ သတင်းထောက် အင်ဒရူးမာရှယ် က ရေးသားထားသည်။ နေပြည်တော် သည် ယခု အချိန်ထိ နိုင်ငံ ခြား သံရုံးများ ပြောင်းရွှေ့ခြင်း မရှိသေးသည့်အတွက် အလွန်ငြီးငွေ့ဖွယ် ကောင်းပြီး ဒေါ်စု လွှတ်တော်သို့ ရောက်ရှိ လာသည့် အတွက် ထို ကိစ္စမှာလည်း အပြောင်းအလဲများ ပေါ်ပေါက်လာဖွယ် ရှိနေပါသည်။

No comments: