Friday, April 20, 2012

လားရှိုးဘက် စစ်ကြောင်းများ ရောက်ရှိခြင်း မရှိဟု ကေအိုင်အေ ပြော

သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်ဘက် ကေအိုင်အေ စစ်ကြောင်းများရောက်ရှိခြင်းမရှိသကဲ့သို့ မန်ပန်ဌာ နေပြည်သူ့စစ်တပ်ဖွဲ့နှင့် လည်း တိုက်ပွဲဖြစ်ခြင်းမရှိဟု ကေအိုင်အေက ပြောပါသည်။

“တခြားဒေသဘက်နယ်မြေချဲ့ဖို့မပြောနဲ့ အခုဟာက အစိုးရတပ်တွေ မိမိထိန်းချုပ်ထားတဲ့ နယ်မြေထဲကို အင်အား အလုံးအရင်းနဲ့ ဝင် လာ လို့ မနည်းခုခံကာကွယ်နေရတာ၊ လားရှိုးဘက် ကျနော်တို့အင်အားပို့တယ်၊ မန်ပန် ဌာနေ ပြည်သူ့စစ်နဲ့ တိုက်ပွဲဖြစ် တယ်ဆို တာတွေက လုံးဝ မဟုတ် မှန်ဘူး” - ဟု ပြောခွင့်ရ ဦးလနန်က ပြောပါသည်။

သျှမ်းသံတော်ဆင့်မှ ဧပြီလ ၁၈ ရက်နေ့ ကအစီရင်ခံခဲ့သော သတင်းအရ လားရှိုးမြို့နယ်အတွင်း ကေအိုင် အေ တပ်များ စစ်ကြောင်း သုံးကြောင်းခွဲ ပြီး ဆင်းလာကြောင်း၊ မန်ပန်ဌာနပြည်သူ့စစ်နှင့်လဲ တိုက် ပွဲဖြစ် ပွားခဲ့ကြောင်း ပါရှိသည်။

လားရှိုးသား တော်လှန်ရေးသမားဟောင်းတဦးက - “လားရှိုးမြို့ရဲ့ မြောက်ဘက်ခြမ်းတင်ဘယ်ကမလဲ၊ လားရှိုး မြို့ရဲ့ အနောက်ဘက် ခြမ်းကလဲ ဆင်းလာ တယ်” - ဟု ဆို၏။

ကချင်လူငယ်တဦးက သျှမ်းသံတော်ဆင့်၏ facebook စာမျက်နှာတွင် - ‘လားရှိုးမြို့နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲက ကေအိုင်အေ နှင့်မဟုတ်၊ ဒေသခံ KDA ပြည်သူ့စစ်အဖွဲ့နဲ့ဖြစ်တယ်’ -ဟု ဝင်ရောက် ရေး သား ပါသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အရှေ့မြောက်ခြမ်းတွင် စစ်အစိုးရလက်အောက်ခံ ပြည်သူ့စစ် အဖြစ် အသွင်ပြောင်းသွားသည့် ကေအိုင်အေ ခွဲထွက် ဦးမထုနော်၏ ကေဒီအေတပ်ဖွဲ့၊ လားရှိုးမြို့မြောက်ဘက်ခြမ်း တွင် ဗိုလ်မွန်း ဦးဆောင်သည့် (လက်နက်ချ MTA တပ်ဖွဲ့ဝင်ဟောင်းများ) သကဆဖ ခေါ် မန်ပန်ဌာနေပြည် သူ့စစ်တပ်ဖွဲ့တို့ အခြေချနေထိုင်သည်။

No comments: