KNG
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်မဲကောက်ခံခဲ့ရာ ဥပဒေနှင့် ကိုက်ညီမှု မရှိ ကြောင်း တွေ့ရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှိုင်က ပြောသည်။
“တချို့ရွာတွေမှာဆိုရင် ကျေးရွာရဲ့အုပ်ချုပ်ရေးမှူးတွေ နောက်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေပါ လိုက်လာ ကြပြီးတော့ ကြိုတင်မဲကို တစ်အိမ် တက်တစ်အိမ်ဆင်း လိုက်ပြီးတော့ကောက်တယ် လို့ကျမတို့ သိရပါတယ်။ အဲဒါကြောင့် ဥပဒေနဲ့ မညီညွတ်ဘူးလို့ ကျမတို့လက်ခံကြ တယ်။ ကြောက်လန့်ပြီးပေးလိုက်တာတွေရှိတယ်။ ပေးလိုက်ပါဆိုလို့ မဲဆွယ်စီးရုံးမှုတွေကြောင့် ပေးလိုက်ရတာတွေ ဖြစ်နေကြတော့။ ကျမတို့ကတော့ ဒါကြိုတင်မဲနဲ့ ပတ်သက်ပြီးတော့ တရားမျှတတာမရှိဘူး။”
ယမန်နေ့က စတင်ကောက်ခံခြင်း ဖြစ်ပြီး မျက်မမြင်များ၊ ဆေးရုံတက်၍ ဆေးကုသနေသူများ၊ မီးဖွားပြီးစ အမျိုးသမီးများ အပါအ၀င် ရောဂါဝေဒနာ အမျိုးမျိုး ခံစားနေရသူများထံမှ ကောက်ယူနေခြင်း ဖြစ်ပြီး ကော်မရှင် အဖွဲ့နှင့်အတူ ရပ်ကွက်၊ ကျေးရွာ ဥက္ကဋ္ဌများလည်း လိုက်ပါ၍ ဖိအားပေး ပြောဆိုမှုများရှိကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ကြိုတင်မဲပေးရာတွင် လိုက်နာရမည့်အချက်များအနက် မဲဆန္ဒရှင်မှ မဲပေးလိုသည့် ဆန္ဒရှိမရှိ၊ မေးမြန်းရန် လိုအပ်သလို လျို့ဝှက် မဲ ပေး စနစ်ကိုသာ အသုံးပြုရမည်ဟု ရွေးကောက်ပွဲ ဥပဒေတွင် ပြဌာန်းထားကြောင်း ပြောဆိုသည်။
ထို့အပြင် ရရှိသည့် မဲများအား မည်သူတဦးတယောက်မှ မြင်တွေ့မှု မရှိစေဘဲ စနစ်တကျ ပိတ်သိမ်းပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော် မရှင်က သိမ်းဆည်းထားရန် လိုအပ်သလို မဲပေးရာတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများအား ကြည့်ရှုခွင့်ပေးမှသာ တရားမျှတမှု ရှိလိမ့်မည်ဟု ဆက်လက် ပြောဆိုသည်။
“ကြည့်ရှုခွင့် ပေးလို့ရှိရင် အဲဒါတွေက ဖြစ်နိုင်တာပေါ့။ ကြည့်ရှုခွင့် မရှိတဲ့အခါကျတော့ အခုလို လျို့ဝှက်မဲပေးစနစ်ကိုလည်း လုပ်နိုင်တယ်။ ခြိမ်းခြောက်ပြီးတော့လုပ်တာတွေလည်းရှိနိုင်တယ်။ နောက်ဆန္ဒမရှိပဲနဲ့ အတင်းယူတဲ့ကြိုတင်မဲလည်းရှိနိုင်တယ်။ ဒါတွေ အများကြီး ဖြစ် နိုင်တယ်။” ထို့အပြင် “ကြိုတင်မဲတွေမှာ အမှတ်ခြစ်ရမယ့်အကွက်မှာ ဖယောင်းသုတ်လို့ မင်နဲ့ခြစ်လို့ မပေါ်တာမျိုးရှိတယ်။ အဲဒီလို သတင်း တွေက မျိုးစုံပါပဲ။” ဟု ဆက်လက် ပြောဆိုသည်။
ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ ကြိုတင်မဲပေးရာတွင် မည်သည့်ပါတီက ကိုယ်စားလှယ်လောင်းမှ လိုက်ပါကြည့်ရှုခြင်း မပြုရဟု ထုတ်ပြန်ထားသည်။ သို့သော် လက်ရှိတွင် ရပ်ကွက်ကျေးရွာဥက္ကဋ္ဌ အများစုမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်များသာဖြစ်သည်။
No comments:
Post a Comment