Wednesday, April 11, 2012

ချင်းပြည်နယ် NLD ပြန်လည်အသက်ဝင်လာပြီ



နှစ်ရှည် လများ နိုင်ငံရေး လှုပ်ရှားမှု မရှိဘဲ ငြိမ်သက် နေသည့် ချင်း ပြည်နယ် NLD က နိုင်ငံ ရေး လှုပ်ရှားမှု များ ပြန်လည်ပြု လုပ်လာ နိုင်ရန် ချင်းပြည်နယ် ၈ မြို့ နယ်တွင် ၎င်းတို့၏ ပါ တီရုံး များကို ပြန် လည်ဖွင့် လှစ်လိုက် ပြီဖြစ်သည်။

ယခုနှစ် မတ်လဆန်းပိုင်းကစပြီး ယခုချိန်ထိ ပလက်ဝမြို့နယ်မှအပ တီးတိန်၊ တွန်းဇံ၊ ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်၊ ထန်တလန်၊ ဟားခါး ၊ မတူပီ နှင့် ရိခေါ်ဒါရ်းမြို့နယ်ခွဲတို့ တွင် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ရုံးများကို ပြန်လည် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ချင်းပြည် နယ် NLD ဥက္ကဌ ဦးဗန်လျံ ကပြောသည်။

ပလက်ဝမြို့နယ်တွင်လည်း ပါတီရုံးပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် NLD ပါတီဝင်တချို့က ပါတီ စည်းရုံးရေးများ လုပ် ဆောင်နေပြီး မကြာခင် ဖွင့်လှစ်နိုင်မည်ဟုမျှော်လင့်ကြောင်း ဦး ဗန်လျံကပြော သည်။

ချင်းပြည်နယ် NLD ပါတီသည် လွန်ခဲ့သော ၂၀၀၃ ခုနှစ်ခန့်ကတည်းကစ၍ နိုင်ငံရေးလှုပ်ရှားမှုများ လုပ်ဆောင်ခြင်းမရှိဘဲ ငြိမ်သက် နေခဲ့ ကြသည်။ သို့သော် ယခုအခါ NLD ပါတီတရားဝင် ပါတီ ဖြစ်လာ ပြီး နောက်ပိုင်းတွင် ချင်းပြည်နယ် အဖွဲ့ချုပ် လည်း ပြန်လည်အသက်ဝင်လာခဲ့ခြင်းဖြစ်သည်။

“ ကျနော်တို့အခု လူငယ်တွေကိုလည်း စည်းရုံးနေပါတယ်၊ မတူပီဘက်မှာတော့ လူငယ်တွေက စိတ်ဝင်စားကြတယ် ၊ ဟားခါးမှာတော့ လူ ငယ်တွေ သိပ်မရှိဘူး၊ ရှိတဲ့လူတွေကလည်း အလုပ်အကိုင် နဲ့ဖြစ်နေ ကြတော့ ၀င်တဲ့သူနည်းနေသေး တယ်’’ ဟု ဦးဗန်လျံကပြောသည်။

ဧပြီလ ၁ ရက်နေ့က ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သော အမျိုးသားဒီမိုက ရေစီအဖွဲ့ချူပ် က မဲအပြတ်အသတ်အနိုင်ရရှိခြင်းအပေါ် ဂုဏ်ပြုသည့်အနေဖြင့် ယ နေ့ ညနေပိုင်းတွင် ဟားခါးမြို့၌ ဆုတောင်းပွဲ အစီစဉ် တခု ဖြစ်လုပ် သွားမည်ဟု ဦးဗန်လျံ ကပြော သည်။

၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မဲဆန္ဒနယ် ၁၃ နေရာတွင် NLD မှ (၄) နေရာ ရရှိခဲ့သည်။ ပါတီအလိုက် ကိုယ်စားလှယ်နေရာအများဆုံးရရှိခဲ့သည်။

No comments: