Monday, April 2, 2012

ကလောမြို့နယ်တွင် NLD အဖွဲ့ဝင် ၁၅ ဦးခန့် နာမည်စာရင်းမပါ

ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ မဲရုံ ၂ ရုံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ၁၅ ဦးခန့် မဲစာရင်းတွင် နာမည်မပါဝင်ကြောင်း NLD ပါတီဝင် ချောရူပါ က ပြော သည်။

“ကျမက ဘော်ဆိုင်းကျေးရွာကပါ။ NLD ပါတီဝင်တွေလေ။ ဒီမှာတော့ အခုမှပါတီထောင်တာ။” NLD ပါတီ ၀င်များ အပြင် မဲရုံ ကိုယ်စား လှယ် ကိုဇော်မင်းဦး ကိုယ်တိုင်မပါကြောင်း NLD အတွက် ပါဝင်ကူညီပေးနေသူ တစ်ဦးကပြောသည်။

“ကျနော်တော့ တစ်ခြားပါတီက ကျေးရွာကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်တာလားလို့တော့ သံသယ ရှိတာပေါ့။” ဟု ပြောသည်။

ထို့အပြင် ဒေသခံလူငယ်များလည်း မဲထည့်မည့် နာမည်စာရင်းများတွင် မပါသည်ကို တွေ့မြင်ရသည် ဟု မဲထည့်ပြီး ပြန်လာသော ဒေသခံ တစ်ဦးမှပြောသည်။

“ကျနော်ကတော့ ဒေါင်းပုံ အကွက်မှာခြစ်လိုက်တာပေါ့။ ဒါပေမယ့် လူငယ် တစ်ယောက်တော့ မဲထည့်မယ်လာတော့ မဲစာရင်းထဲမှာမပါလို့ စိတ်မပျော်ဘူးဆိုပြီး ပြန်သွားတယ်။” ဟု ပြောသည်။

No comments: