Sunday, April 15, 2012

မိုင်ဂျာယန်သို့ UN လာရောက်ခြင်းကို ကျေးဇူးတင်

KNG

ကချင်ပြည်နယ် အရှေ့ပိုင်း နယ်စပ် ဒုက္ခသည် စခန်း များသို့ ကုလ သမဂ္ဂ အကူ အညီများ ရောက်ရှိ လာသည့် အတွက် ဒေသခံ အကူ အညီပေး သည့်အဖွဲ့ Wunpawng Ninghtoi (WPN) မှ အထူး ကျေး ဇူး တင်လျှက် ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည့် မတ်လကုန်ပိုင်းက မိုင်ဂျာယန်ဝန်းကျင်ရှိ ဒုက္ခသည်စခန်းများသို့ ကုလသမဂ္ဂအဖွဲ့များ ၎င်းတို့၏၀န်ထမ်းများနှင့်အတူ ကုန်တင်ကား ၆ စီးပါ ယာဉ်တန်းငယ်တစ်ခုဖြင့် ရောက်ရှိ လာခြင်း ဖြစ် သည်။

အပြည်ပြည် ဆိုင်ရာ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF)၊ ကုလ သမဂ္ဂ ဒုက္ခ သည်များ ဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR)၊ ကမ္ဘာ့ စားနပ် ရိက္ခာ အဖွဲ့ (WFP)နှင့် လူသားချင်း စာနာ ထောက်ထားမှု အကူ အညီပေး ရေးအဖွဲ့ (UNOCHA) မှ ၀န်ထမ်း များ ထိုဒေ သသို့ ရောက်ရှိ လာခြင်း ဖြစ်သည်။

မတ်လ ၂၈ ရက်က ကုလ ကိုယ်စား လှယ်များသည် ဒုက္ခ သည် ၈၂၅ ဦး ရှိသည့် ဆိုင်မိုင်ပါ စခန်းသို့ ရောက်ရှိ လာပြီး အရေးပေါ် မိသားစု ပစ္စည်း များနှင့် ဆန် ဝေငှ ပေးကြ သည်ဟု သိရသည်။

အခြားစခန်းများသို့လည်း ထိုကုလ ၀န်ထမ်းများ လည်ပတ် ကူညီကြ သည်ဟု WPN တာဝန်ခံ မ မေလီအောင် ကချင်သတင်း ဌာနသို့ပြောသည်။

"ကျမတို့ အရမ်း ကျေးဇူး တင်တယ်။ UN (ကုလ သမဂ္ဂ) ဒီကို လာကြည့် တယ်။ နောက် အကူ အညီတွေ ထောက်ပံ့ သွားတဲ့ အတွက်ရော။ နောက်ပြီး သူတို့ ထပ်လာ မယ်လို့လည်း မျှောင်လင့် တယ်။" ဟု ဆက်ဆို သည်။

No comments: