admin
အယ်ဒီတာချုပ်ခင်ဗျား ၊
ယခုပေးစာကို သက်ဆိုင်ရာတွေ သိစေဖို့ ဖြန့်ပေးစေချင်တယ်၊ ကျတော် မနေနိုင်တော့လို့ပါ၊ ကျတော် ဟားခါးမြို့ပေါ် ဆတ်သားလမ်း( မ တူပီလမ်း) က ပါ၊ ကျတော် ဒီ လမ်းမှာ နေလာခဲ့တာ ၆ နှစ်၊ ၇ နှစ်ခန့်ရှိပြီ၊ ကျ တော်ပြောချင်တာက မြို့ပေါ် လျှပ်စစ်မီးကိစ္စပါ၊ ကျတော် အ ထက်တာဝန်ရှိတွေကို အပြစ်ဖို့ ပြောနေတာမဟုတ်ပါ၊ ၄င်းတို့ရဲ့ လက်အောက်ငယ်သား လျှပ်စစ် ၀န်ထမ်းတွေကို အဓိက ပြောချင် တာပါ၊ ကိစ္စအတွက် သူတို့ကို ဖုန်းဆက်တိုင်း ရေရာတဲ့ တုံ့ပြန်မှုမရှိခဲ့ပါ။
ဟားခါးမှာက တပတ်မှာ (၃) ည (၁) ခါ ပဲ လျှပ်စစ်မီးရတယ်၊ သူတို့မီးပေးချိန်က ညနေ ၆း ၀၀ နာ ရီကနေ ၇း ၃၀ အထိ တကြိမ်၊ နောက် ည ၁၀း နာရီ၊ ၁၀း ၃၀ ကနေ တကြိမ် ပြန်ပေး တယ်၊ ၁၀း ၀၀ နာရီကနေ တခါတလေ မိုးလင်း ပေါက် မီးပေးတဲ့ အချိန်လည်းရှိ တယ်၊ အဲဒီချိန်က အိပ်ချိန်ဖြစ်တယ်၊ ကျတော်တင်ပြချင်တာက သုံးည တခါလာတယ် ထားပါ တော့၊ ည နေ ၆း၀၀ နာရီ ကနေ ၁၀း၀၀ နာရီ ပုံမှန်ပေးနိုင်ယင် အ ကောင်းဆုံးပေါ့ကွာ၊ အဲဒီချိန်က ကလေးတွေ စာ ကြည့်ဖို့ အတွက် အသင့်တော် ဆုံးပါ၊ ကျောင်းသား ငယ်တွေတင် မဟုတ်ပါ၊ ပြည်သူ အား လုံး အတွက် အလို အပ်ဆုံးအချိန်ပါ၊
ယခုလို မီးကို စည်းမဲ့ကမ်းမဲ့ ပေးတာက အထက်လူကြီးတွေ မဟုတ်တန်ရာ၊ အဓိက တာဝန်ကျ ၀န်ထမ်းတွေဖြစ်မှာပါ၊အဲဒါကအစိုးရမ ကောင်း လို့ ဆိုပြီး တစုံလုံးကို အပြစ်မဖို့သင့်ပါ၊ ၀န်ထမ်းတွေရဲ့ စိတ်ရင်းစေတနာက အဓိကပါ၊ လွန်သွား ယင် ခွင့်လွှတ်ကြပါ၊ ဒီလိုမျိုးဝန်ထမ်းတွေ က ကိုယ့်ကိုယ်ကိုယ် ကျိန်စာတိုက်နေကြတာပါ၊
တဖက်မှာလည်း ချင်းပြည်နယ်အစိုးရကနေ လူထုတွေ တန်းတူ လျှပ်စစ်မီးရရှိဖို့ရာ Official Line ဦးစားပေး လျှပ်စစ်မီး အစီအစဉ်ကို ဖြုတ် သိမ်း နေ ကြောင်း ကြားသိရတာ ကြာပြီဖြစ်ပေမဲ့ ယနေ့ထိ ထူးခြားမှု မရှိသေးကြောင်းပါ။
နောက်တခု ပြောချင်သေးတယ်၊ ချင်းပြည်နယ်မှာ ရှိတဲ့ လျှပ်စစ်ဝန်ထမ်းအားလုံးအပြင် ကျန်တဲ သက်ဆိုင်ရာ အားလုံးမှာ လုပ်ငန်းနှင့် ပါတ် သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်စေချင်တယ်။
ယင်းကိစ္စနှင့်ပါတ်သက်ပြီး လူထုက ဆန္ဒဖော်ထုတ်ဖို့ စီစဉ်သင့်ပါတယ်၊ အဲဒါက ဒီမိုကရေစီရဲ့ အနှစ်တမျိုးပေါ့၊ ဒီမိုကရေ စီ နိုင်ငံမှာ လူထု အော် သံဟာ အဓိကပါ၊ အဲဒါကိုလည်း လူထုတွေညီညွတ်သင့်ပါတယ်၊
ရပ်ကွက်သားတဦး
ဆတ်သားလမ်း၊ ဟားခါး
No comments:
Post a Comment