ABC
ဂျပန်နိုင်ငံက တက္ကသိုလ်တစ်ခုဖြစ်တဲ့ Nagoya တက္ကသိုလ်ဟာ မြန်မာနိုင်ငံထဲကိုဥပဒေဆိုင်ရာ သုတေသနဌာနတစ်ခုလာ ရောက်ဖွင့် လှစ် ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။
ဥပဒေဆိုင်ရာသုတေသနဌာနကို ရန်ကုန်တက္ကသိုလ်မှာ ထားရှိမှာဖြစ်ပြီး အခုလို လာရောက် ဖွင့်လှစ်တာဟာ မြန်မာနိုင်ငံက ဥပဒေဆိုင် ရာ ကျွမ်း ကျင်သူများကို အားပေးမြှင့်တင်ဖို့ဖြစ်ပါတယ်။
သုတေသနဌာနကိုတော့ ဇွန်လထဲမှာစတင်ဖွင့်လှစ်ဖို့ရှိတယ်လို့ တက္ကသိုလ်တာဝန်ရှိသူတွေကပြောပါတယ်။ အခုဖွင့်လှစ်မဲ့ သုတေသနဌာ န ဟာ မြန်မာနိုင်ငံက ဥပဒေဆိုင် ရာ ဘွဲ့လွန်အဆင့်တက္ကသိုလ်ကျောင်းသားများ၊ ကျွမ်းကျင်သူများနဲ့ ဘာသာရဆိုင်ရာဌာနကို ပြန်လည် မြင့် တင် ဖို့အတွက်ဖြစ်လို့ တက္ကသိုလ်တာဝန်ရှိသူတွေက ဆိုပါတယ်။
ဒါပေမဲ့ အခုလို လာရောက်ဖွင့်လှစ်ခြင်းဟာ အရှေ့တောင်အာရှ နိုင်ငံထဲကို ဝင်ရောက်မဲ့ ဂျပန်ကုမ္ပဏီတွေကိုအထောက်အကူဖြစ်နိုင်ဖို့အ တွက် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဥပဒေဆိုင်ရာအချက်အလက်များကို ဥပဒေဆိုင်ရာသုတေသနဌာနကနေတဆင့် အသိပေးမျှဝေသွားဖို့ ရည်ရွယ် ချက် ရှိတယ်လို့လည်းဆိုပါတယ်။
Nagoya တက္ကသိုလ်ဟာ ဒီလို ဥပဒေဆိုင်ရာသုတေသန ဌာနကို အရင်က Uzbekistan, Vietnam, Cambodia နဲ့ Mongolia နိုင်ငံတွေ မှာ လည်း ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။
No comments:
Post a Comment