Monday, January 7, 2013

SSA နဲ့ မြန်မာတပ်အကြား ပစ်ခတ်မူဖြစ်

ABC

ပြည်တောင်စုအဆင့် ​ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်အဖွဲ့သစ်နဲ့ ​မကြာသေးခင်ရက်ပိုင်းကမှ ​သဘောတူညီမှုတွေ ​ထပ်မံရ ရှိခဲ့တဲ့ ​SSA ​ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ဟာ ​မေ ​၂၃ ​ရက်နေ့မှာ ​အစိုးရတပ်တွေနဲ့ ​တနာရီနီးပါးကြာ ​တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ​သိရပါ တယ်။

ရှမ်းပြည်အရှေ့ပိုင်း ​မိုင်းတုံမြို့နယ်​ပုံပါကျင်မြို့နယ်ခွဲအတွင်းမှာအခြေစိုက်တဲ့ ​SSA ​တောင်ပိုင်းတပ်ဖွဲ့ဝင်တွေနဲ့ ​ခြေလျင်တပ်ရင်း ​၆၅ ​က တပ် ဖွဲ့ဝင်တွေ ​နှစ်ဖက် ​အပြန်အလှန်ပြစ်ခတ်ခဲ့ကြတာဖြစ်တယ်လို့ ​SSA ​ပြောရေးဆိုခွင့်ရှိသူ ​စိုင်း ဆိုင်မိန်း ​က ​ပြောပါတယ်။

ပုံပါကျင်ဖက်ပေါ့နော် ​အဲ့မှာ ​အရင်တုန်းက ​လွိုင်ကောင်းမူးဆိုတဲ့နေရာမှာ ​ကျနော်တို့ ​တပ်စခန်း ​ခ ဏနေရာချ ထားတယ်။ ​အဲ့ဒီ ​တပ်စခန်းက နေပြီးတော့ ​အရှေ့ဖက်မှာရှိတဲ့ ​လွိုင်ငေါမ်းဆိုတဲ့ ​ဖက်ကို ​၂ ​မိုင်လောက် ​အကွာမှာပေါ့နော် ​ပြောင်းရွှေ့ထားတယ်၊ ​နောက်ပိုင်းကြတော့​တပ်မ တော်က ​ဒီ ​လွိုင်ကောင်းမူးဆိုတဲ့နေရာမှာ ​တပ်လာစွဲတယ်၊ ​ခလရ ​၆၅ ​တပ်ကပေါ့နော် ​ပြီးတော့ ​အခုဖြစ်တာကကြတော့ ​သူတို့ကကျနော် တို့ရှောင်လာပေးတဲ့ ​လွိုင်ငေါမ်းဆိုတဲ့ဒေသဖက်ကို ​ချဉ်းကပ်လာတာပေါ့နော် ​ပူးကပ် ပြီးတော့ဝင်လာတာပေါ့၊ကျနော်တို့ဖက်ကသတိပေးပေမယ့် လည်း ​သူတို့က ​M ​79 ​ပေါ့နော် ​အဲ့ ​သေနတ်တွေနဲ့ ​ပြစ်တယ်။ 

တိုက်ပွဲဖြစ်ပွားမှုကြောင့် ​နှစ်ဖက် ​ထိခိုက်ဒဏ်ရာရရှိမှု ​မရှိခဲ့ပေမယ့် ​ပြည်တောင်စုအဆင့် ​ငြိမ်းချမ်းရေး ​ကိုယ်စားလှယ်တွေနဲ့ ​ဒုတိယအ ကြိမ် ​တွေ့ဆုံဆွေးနွေး ​သဘောတူညီမှုတွေရရှိပြီး ​၄ ​ရက်အကြာမှာ ​ပထမဆုံးအကြိမ် ​တိုက်ပွဲပြန်ဖြစ်ခဲ့တာပါ။

အပစ်အခတ်ရပ်စဲထားတဲ့ ​SSA ​တောင်ပိုင်းတပ်ဖွဲ့ဟာ ​ပြီးခဲ့တဲ့ ​မေ ​၁၉ ​ရက်နေ့က ​ကျိုင်းတုံမြို့နယ် ​ရွှေတြိဂံတိုင်းစစ်ဌာနချူပ်မှာ ​ပြည်တောင် စု ​ငြိမ်းချမ်းရေးဖော်ဆောင်ရေး ​လုပ်ငန်းကော်မတီ ​ဒု ​ဥက္ကဌ ​ဒုတိယ ​တပ်မတော်ကာကွယ်ရေး ဦးစီးချူပ် ​ဗိုလ်ချူပ်ကြီး ​စိုးဝင်းနဲ့ ​ရှမ်းပြည်ပြန် လည် ​ထူထောင်ရေး ​ကောင်စီ ​RCSS ​ဥက္ကဌ ​ဒုဗိုလ်ချူပ်ကြီး ​ယွက်စစ် ​တို့နှစ်ဖွဲ့ ​တွေ့ဆုံ ဆွေး နွေးခဲ့ကြပြီး ​အချက် ​၁၂ ​ချက်ကို ​သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ​ဒုတိယ ​တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ​ဗိုလ်ချူပ်ကြီး ​စိုးဝင်း ​ကနေပြီး ​SSA ​တောင်ပိုင်းနယ်မြေထဲမှာ ​သေနတ်သံ တ ချက်မှ ​မပေါက်စေရဘူးလို့ ​ကတိပေး ​ပြောဆိုခဲ့ပြီးနောက် ​ပစ်ခတ်မူတွေ ​ပြန်လည်ဖြစ်နေတဲ့အတွက် ​ ၀န်ကြီး ​ဦးအောင်မင်း ​ဆီကို ​စာရေးအ ကြောင်းကြားလိုက်တယ်လို့ ​စိုင်းဆိုင်မိန်း ​က ​ပြောခဲ့ပါတယ်။ ​ရေဒီယို ​သြစတေးလျ ​သတင်းထောက် ​သန်းကျော်စိုးရဲ့ ​သတင်း ပေးပို့ချက် ​ဖြစ်ပါတယ်။

No comments: