သျှမ်းသံတော်ဆင့်
မနေ့နံနက် ၈ နာရီဝန်းကျင်ခန့်က မြန်မာအစိုးရ စစ်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် နှစ်လုံး KIO ထိန်းချုပ်ရာလိုင်ဇာမြို့တွင်း သို့ ရှေ့ဆင့်နောက်ဆင့် ကျရောက်ပေါက်ကွဲခဲ့ရာ မြို့ခံအရပ်သား ၃ ဦးသေဆုံး၍ ရ ဦးခန့် ဒဏ်ရာ ရရှိသွားကြောင်း သိရသည် ။
လိုင်ဇာမြို့ ခါဂျန်ချောင်ရပ်ကွက်အတွင်းရှိ မြစ်ကြီးနားဟိုတယ် အရှေ့နှင့် အနောက်ဘက် နေရာများ တွင် ကျရောက် ထိမှန် ခဲ့ခြင်း ဖြစ်ပြီး က လေး ၂ ဦး အပါအဝင် အမျိုးသား ၃ ဦးမှာ ပွဲချင်းပြီး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း လိုင်ဇာမြို့ခံတစ်ဦးက သျှမ်းသံ တော် ဆင့်သို့ ပြောသည် ။
“မြို့လည်ခေါင်တည့်တည့် မြစ်ကြီးနားဟိုတယ်နားမှာ ၅ မိနစ်လောက်စီခြားပြီး ကျတာ။ ပထမတစ် လုံး က ဟိုတယ် အ နောက်ဘက်ပေါ့ ။ နောက်တစ်လုံးက ဟိုတယ် အရှေ့ဘက်က အိမ်ပေါ်တည့် တည့်မှန် တာ” ဟု မြို့ခံ အ မျိုးသမီးတစ်ဦးက ပြောသည် ။
၎င်းလက်နက်ကြီးကျည်များ ထိမှန်မှုကြောင့် ၄င်းမြို့ခံအမျိုးသမီး၏ သမီးခြေထောက်တွင် ဒဏ်ရာရရှိ ခဲ့သော်လည်း စိုးရိမ် ဖွယ်ရာ မရှိ ကြောင်း သူက ဆက်ပြောသည် ။
“ပထမတစ်လုံးက ၉ နှစ်သားကလေးသေတယ်။ အဲဒီမှာလည်း ဒဏ်ရာရတဲ့သူတွေရှိတယ်။ နောက်တစ် လုံး အိမ်မှာ ကျတာ က ၁၅ နှစ်သား ထွယ်တောင် ဆိုတဲ့ ၉ တန်းကျောင်းသားတစ်ယောက်ရယ် သင်းထောက်ဆရာရယ် ၂ ယောက် သေတယ်။ အဲဒီမှာလည်း ဒဏ်ရာရကြတယ်။ ကျမအိမ်မှာတံခါးပိတ် ထားတာ။ ကျမသမီးခြေထောက်ကိုလည်း ထိသွားတယ်။ နည်းနည်းစီ ဒဏ်ရာရတဲ့သူတွေတော့များ တယ်။ အမျိုးသ မီးတစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ် ။ တရုတ်ပြည် ရင်ကျန်းဆေးရုံကို ပို့လိုက် တယ်။ အားလုံးဆို ဒဏ်ရာရတာက ၁၀ ယောက် လောက်ရှိမယ် ” ဟု သူက ဆိုသည် ။
မြန်မာစစ်တပ်မှ လိုင်ဇာမြို့အနီးရှိ တောင်ကုန်းများပေါ်သို့ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေရာ ယနေ့နံနက်ပိုင်းက အနည်းဆုံး ၅ လုံး ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ၃ ကြိမ်မှာ တောင်ကုန်းများတွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း အရပ်သားများ ထိမှန်သေဆုံးသည့် သတင်း များ ထွက် ပေါ်လာချိန်တွင် လက်နက် ကြီး ပစ်ခတ်မှု ရပ်စဲသွားကြောင်း သိရသည် ။

No comments:
Post a Comment