စည်သူ
ပန်းတနော်မြို့မှ အင်အားတစ်ထောင်နီးပါးရှိ လယ်သမားနှင့် ရေလုပ်သားများ ရေလုပ်သားအခွင့်အရေးနှင့်မတရားသိမ်းဆည်းထားသော လယ် မြေများကို ပြန်လည်ရရှိရေးအတွက် ယမန်နေ့ (ဇန်န၀ါရီလ (၁၃)ရက်) က ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြိုတွင် ဆန္ဒ ထုတ် ဖေါ် ခဲ့ကြသည်။
ယင်းသို့ ဆန္ဒပြရာတွင် ကုမ္ပဏီများ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ မတရားသိမ်းဆည်းထားသည့် လယ်မြေများကို လယ်သမားများထံ ပြန် ပေး ရန်၊ ဆည်မြောင်း ရေကာတာ၊ ရေတံခါးများခေတ်မီ စနစ်တကျ ပြုလုပ်ပေးရန်နှင့် အင်းလုပ်ငန်းများတွင် လုပ်သားများ စနစ်တကျ လုပ် ကိုင် ခွင့်ရရှိရန် ပန်းတနော်မြို့ တရားရုံးရှေ့နှင့် ဘောလုံးကွင်းတို့တွင် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ပန်းတနော်၊ ကျောင်းကုန်းနှင့်ဓနုဖြူ များမှ လယ်သမားနှင့်ရေလုပ်သားများ ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အရေးတော်ပုံအာင်ရမည်နှင့် မတ ရား ဖမ်းဆီးထားသော ရေလုပ်သားများ အမြန်ပြန်လွှတ်ပေး စသည့် ကြွှေးကြော်သံများကို ကြွေးကြော်ခဲ့ကြကြောင်းသိရသည်။
တောင်သူလယ်သမား၊ကပ်ပါးရေလုပ်သား သမဂ္ဂအဖွဲ့မှ ဦးသိန်းဝင်းက “ ငါးတစ်ကောင်ဖမ်း ထောင် ခြောက်လ ချတာတွေရှိတယ်၊ လယ်သ မားတွေဆီက သိမ်းတုန်းကတော့ သူတို့တရားစွဲတာတို့ လုပ်လို့မရဘူး အခု ပြန်တောင်းဆိုတော့ လယ်သမားတွေနဲ့ ရေလုပ်သား တွေကို တ ရားစွဲတာတွေ လုပ်နေတယ်” ဟု ပြောသည်။
ဆန္ဒပြသူများသည် ပန်းတနော် တရားရုံးရှေ့တွင် ငါးမိနစ်ခန့် ရပ်ပြီး ဆန္ဒထုတ်ဖော်ခဲ့၍ ပန်းတနော် ဘော်လုံးကွင်းသို့ ပြန်လည် ထွက်ခွာခဲ့ ကြောင်း သိရသည်။
နစ်နာကြေး ငါးသိန်း၊ ဆယ်သိန်းသည် တစ်နှစ်စာအတွင်း ကုန်ဆုံးသွားနိုင်သဖြင့် ပြည်သူလူထုအပေါ် ထွန်ယက်စိုက်ပျိုးခွင့် အင်းပိုင်ဆိုင် မှု များ ကန့်သတ်ချက်တွေကိုဖြုတ်ချပေးနိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေးအတွက်ဆောင်ရွက်သွားမည်ဟု မြန်မာလူမှု ဖွံ့ဖြိုးတိုးတက်ရေးမှ ကိုနေ မျိုးဇင်က ပြောသည်။
ထို့အပြင် ပြည်ထဲရေးဝန်ကြီဋ္ဌာန အောက်ခြေမှ အင်းသူကြီးအမိန့်နှင့် အရေးယူတာတွေရှိသဖြင့် အင်းသူကြီးများနှင့်တွေ့ဆုံ ညှိနှိုင်းရန် တောင်း ဆိုမှုများ ပြုလုပ်သွားမည်ဟု ကိုနေမျိုးဇင်မှ ပြောသည်။
၎င်းကပင် “ အင်းသူကြီးတွေဘက်က မစဉ်းစားရင် ဒီထက်များတဲ့ လူထုအုံကြွမှုတွေကို ဆက်လက် လုပ် ဆောင်သွားမယ်” ဟုပြောသည်။
ထိုသို့ ဆန္ဒထုတ်ဖော်မှုတွင် သတ်မှတ်ချိန်ကျော်လွန်သွားကြောင်း ရဲအုပ်ကျော်အေးနိုင်မှ ပြောကြားသော်လည်း ဆန္ဒထုတ်ဖော်သူများမှ နိုင် ငံတော်သမ္မတမှ အချိန်ကန့်သတ်ထားခြင်း မရှိကြောင်း ပြောဆိုကာ မနက် ဆယ့်တစ်နာရီခွဲတွင် ကြွေးကြော်သံများရပ်ကာ ဆန္ဒ ထုတ် ဖော် ပွဲကို ရုတ်သိမ်းခဲ့သည်ဟု သိရသည်။
ထိုသို့ ဆန္ဒထုတ်ဖေါ်မှုကို ပန်းတနော်မြို့နယ်မှ အင်အား(၂၀၀) ခွင့်ပြုပြီး စီတန်းလှည့်လည်ခွင့်ကို အချိန်(၉)နာရီမှ (၁၁)နာရီအထိ ခွင့် ချက် ရထားပြီး တောင်သူလယ်သမား၊ ကပ်ပါး ရေလုပ်သားသမဂ္ဂအဖွဲ့မှ ဦးဆောင်ပြုလုပ်ကာမြန်မာ့လူမှု ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ ပံ့ပိုးခဲ့ ကြောင်း သိရသည်။

No comments:
Post a Comment