Thursday, November 7, 2013

မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်နူန်းကို ကမ္ဘာ့ဘဏ် ချီးကျူး

ဖြူဖြူဇင်

မြန်မာနိုင်ငံ၏ ၂၀၁၂-၂၀၁၃ ခုနှစ် စီးပွာရေးတိုးတက်နှုန်းမှာ ၆.၅ ရာခိုင်နှုန်းဖြစ်လာခဲ့ခြင်းကြောင့် ကမ္ဘာ့ဘဏ်က မြန်မာကို ချီးကျူးလိုက်သည်။

ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဘဏ်က ထုတ်ဝေသည့် မြန်မာနိုင်ငံစီးပွားရေးစောင့်ကြည့်မှု အစီရင်ခံစာ(Myanmar Economic Monnitor တွင် ၎င်းက ဓာတ်ငွေ့ထုတ်လုပ်ခြင်း၊ ၀န်ဆောင်မှု ၊ဆောက်လုပ်ရေး၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုနှင့် ကုန်ပစ္စည်းများတင်ပို့ချင်းတို့က ယခုကဲ့သို့ တိုးတက်လာ စေရန် အဓိကအထောက်အကူ ဖြစ်စေခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ပြည်တွင်းနှင့် ပြင်ပမျက်နှာစာနှစ်ခုစလုံး၌ နစ်နာနိုင်ချေများရှိသော်လည်း ကာလတို ကာလရှည်တွင် အပေါင်းလက္ခဏာဆောင်နေဆဲဖြစ်ကြောင်း က မြန်မာနိုင်ငံစီးပွားရေးစောင့်ကြည့်မှု အစီရင်ခံစာ ညွှန်ပြနေသည်ဟုလည်း ကမ္ဘာ့ဘဏ်ကဆိုထားသည်။

သို့သော် စားသောက်ကုန်နှင့် အိမ်ယာငှားရမ်းမှုဈေးနှုန်း မြင့်တက်လာခြင်းကြောင့် လွန်ခဲ့သောလများ အတွင်း သြဂုတ် လတွင် ငွေကြေးဖောင်းပွမှု ၇.၃ရခိုင်နူန်း အထိ ရောက်ရှိလာသည်။

၎င်းအစီရင်ခံစာကို နှစ်စဉ် ခြောက်လတစ်ကြိမ်ထုတ်ပြန်နိုင်ရန် ကမ္ဘာဘဏ်က စီစဉ်နေသည်။

မကြာမီက ဒေါ်လာဈေးပြောင်းလဲံမှုများရှိနေခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် ယှဉ်ပြိုင်မှု စွမ်းအားတိုးမြှင့်လာသည်။

မြန်မာနိုင်ငံစီးပွားရေးစောင့်ကြည့်မှု အစီရင်ခံစာက မြန်မာနိုင်ငံတွင် မကြာမီက ဖြစ်ပေါ်ခဲ့သော စီးပွားရေးနှင့် မူဝါဒဆိုင်ရာ သတင်းအချက်အလက်များ ရှေ့အလားအလားများကို ဖော်ပြသွားနိုင်ရန်ရည်ရွယ်ထားပြီး အသုံးဝင်လိမ့်မည်ဟု မျော်လင့်ထားကြောင်း ကမ္ဘာ့ဘဏ်၏ အကြီးတန်း စီးပွားရေးပညာရှင် Khwima Nthara က ပြောသည်။

ကမ္ဘာ့ဘဏ်သည် လွန်ခဲ့သည့်လကလည်း doing business အစီရင်ခံစာကို ထုတ်ပြန်ခဲ့သည်။

No comments: