Saturday, November 16, 2013

ပြည်​သူ့​ဆ​န္ဒ ​ပြင်​ချင်​ကြ၊ ​ဆ​န္ဒ​ယူ​ပွဲ​တွေ ​စ​ပြီ

ေ​ရွှ​အောင်

“​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဟာ ​ဘာ​ကြောင့် ​အ​ရေး​ကြီး​တာ​လဲ၊ ​ဘာ​ကြောင့် ​ပြင်​ဆင်​ဖို့ ​လို​အပ်​သ​လဲ၊ ​ပြင်​ဆင်​တာ​နဲ့ ​ပြန်​လည်​ရေး​ဆွဲ​တာ ​အ​ကျိုး​အ​ပြစ်​တွေ ​ဒါ​တွေ ​ရှိ​ပါ​တယ်။ ​ဒါ​နဲ့ ​ပတ်​သက်​ပြီး ​ပြည်​သူ​တွေ​အ​မြင်​မှာ ​ဘာ​တွေ ​ရှိ​သ​လဲ၊ ​ဘာ​ပြော​ချင်​သ​လဲ၊ ​ဒီ​လို​မေး​မြန်း​ပြီး ​ပြည်​သူ့​အ​သံ​နား​ထောင် ​ဆ​န္ဒ​ယူ​ပါ​တယ်၊ ​ပြင်​ချင်​တယ်​လို့ ​ဆ​န္ဒ​ပြု​တဲ့​သူ​က ​များ​ပါ​တယ်။”

ဒါ​က​တော့ ​ဧ​ရာဝ​တီ​တိုင်း ​မ​အူ​ပင်​ခ​ရိုင်​နဲ့ ​ပု​သိမ်​ခ​ရိုင်​အ​တွင်း ​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး​ဆွဲ​ရေး ​ပြည်​သူ့​ဆ​န္ဒ​သွား​ယူ​ခဲ့​တဲ့ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ရဲ့ ​အ​တွင်း​ရေး​မှူး ​ဦး​ဥာဏ်ဝင်း ​ပြော​ပြ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

“​အောက်​တို​ဘာ ၁၄ ​ရက်​နေ့ ​ပဲ​ခူး​တိုင်း​၊ ​ဖြူး​မှာ ​ဟော​တယ်။ ​ပ​ရိ​သတ် ၁၃၀၀ ​လောက် ​တက်​တယ်။ ​အဲ​ဒီ​မှာ ​အ​သစ်​ရေး​တဲ့​နည်း​နဲ့ ​ပြောင်း​လဲ​ချင်​တဲ့​အုပ်​စု​က ၇၅ ​ရာ​ခိုင်​နှုန်း​လောက် ​ရှိ​တယ်။ ​ပြင်​ဆင်​တဲ့​နည်း​နဲ့ ​ပြောင်း​လဲ​ချင်​တဲ့​အုပ်​စု​က ၂၅ ​ရာ​ခိုင်​နှုန်း​လောက်​ရှိ ​တယ်။ ​တောင်​ငူ​မှာ​တော့ ​ပြင်​ချင်​တဲ့​သူ​က ၈၀ ​ရာ​ခိုင်​နှုန်း​၊ ​အ​သစ်​ဆွဲ​ချင်​တဲ့​သူ​က ၂၀​ရာ​ခိုင်​နှုန်း​၊ ​ရန်​ကုန်​တိုင်း​ထဲ ၄​နေ​ရာ​လောက် ​ဆ​န္ဒ​ယူ​ပြီး​ပြီး​၊ ​ပြင်​ချင်​တဲ့​သူ​က​များ​တယ်။”

အ​ဖွဲ့​ချုပ်​က ​ဖွဲ့​​စည်း​ပုံ​ပြင်​ဆင်​ရေး​ဆွဲ​ရေး​ကော်​မ​တီဝင် ​ရန်​ကုန်​တိုင်း​နဲ့ ​ပဲ​ခူး​တိုင်း​တာဝန်​ခံ ​ဦး​ကို​နီ ​ပြော​ပြ​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

မွန်​ပြည်​နယ် ​မော်​လ​မြိုင်​ခ​ရိုင်​မှာ ​အောက်​တို​ဘာ ၁၈ ​ရက်​က ​လုပ်​ခဲ့​တဲ့​ ​ဖွဲ့​စည်း​ပုံ ​ပြင်​ဆင်​ရေး​ဆွဲ​ရေး ​ပြည်​သူ့​ဆ​န္ဒ​ခံ​ယူ​ပွဲ​ကို ​လေ့​လာ​သူ​တ​ဦး​အ​နေ​နဲ့ ​တက်​ရောက်​ခဲ့​တဲ့ ​မော်​လ​မြိုင်​မြို့​နယ်​အ​မတ် ​ဒေါ်​ခင်​ဌေး​ကြွယ် ​ပြော​တာ​က ​မော်​လ​မြိုင်​မှာ​လည်း ​ပြင်​ဆင်​ချင်​တဲ့​သူ​က ၃၀၀-၄၀၀ ​လောက်​ရှိ​ပြီး ​အ​သစ်​ဆွဲ​ချင်​တယ်​ဆို​တဲ့​သူ​က ၂၀-၃၀ ​လောက်​ပဲ​ရှိ​တယ်​လို့ ​သိ​ရ​ပါ​တယ်။

အ​ခု​ရက်​ပိုင်း ​ရှမ်း​ပြည်​နယ်​မြောက်​ပိုင်း​တ​ခွင်​လှည့်​ပြီး ​ပြည်​သူ့​ဆ​န္ဒ​ယူ​နေ​တဲ့ ​အ​ဖွဲ့​ချုပ်​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး​ဆွဲ​ရေး​ကော်​မ​တီ ​ခေါင်း​ဆောင် ​ဦး​မောင်​မောင်​ဟိန်း​က “​အောက်​တို​ဘာ ၁၆ ​ရက်​နေ့​က ​မူ​ဆယ်​မှ ​လုပ်​ပါ​တယ်။ ၁၇ ​ရက်​နေ့​က ​လား​ရှိုး​မှာ ​လုပ်​တယ်။ ၁၈ ​ရက်​နေ့​က ​ကျောက်​မဲ​မှာ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပတ်​သက်​ပြီး ​ပွဲ​လုပ်​ပါ​တယ်။ ​မူ​ဆယ်​မှာ ​လူ ၁၅၀ ​ကျော် ​တက်​ပါ​တယ်။ ​လား​ရှိုး​မှာ ​လူ ၈၀၀ ​ကျော် ​တက်​တယ်။ ​ကျောက်​မဲ​မှာ ​လူ ၄၀၀ ​ကျော် ​တက်​ပါ​တယ်။ ​အား​လုံး​နီး​ပါး​လို​လို​က ​ပြင်​ဆင်​မယ်​လို့ ​ဆ​န္ဒ​ပေး​ကြ​ပါ​တယ်” ​လို့ ​ပြော​ပါ​တယ်။

အ​ဖွဲ့​ချုပ်​ဖွဲ့​စည်း​ပုံ​ပြင်​ဆင်​ရေး​ကော်​မ​တီ​အ​ဖွဲ့​၀င် ၇ ​ဦး​စ​လုံး​ဟာ ​အောက်​တို​ဘာ ၁၀ ​ရက်​ပတ်​က​စ​ပြီး ​တ​ဦး​ကို ​ပြည်​နယ်​နဲ့ ​တိုင်း ၂ ​ခု​ကျ ​တာဝန်​ယူ​ကာ ​တ​တိုင်း​ပြည်​လုံး​အ​နှံ့ ​သွား​ရောက်​ပြီး ​ပြည်​သူ့​ဆ​န္ဒ ​ယူ​နေ​ကြ​ပြီ ​ဖြစ်​ပါ​တယ်။

အ​ဖွဲ့​ခေါင်း​ဆောင်​ရဲ့​ပြော​ကြား​ချက်​အ​ရ ​နိုဝင်​ဘာ ၁၀ ​ရက် ​နောက်​ဆုံး​ထား​ပြီး ​ပြည်​သူ့​ဆ​န္ဒ ​ယူ​သွား​မယ်​လို့ ​သိ​ရ​ပါ​တယ်။ ​ဆက်​သွယ်​လို့ ​ရ​သ​လောက် ​မေး​မြန်း​စုံ​စမ်း​ကြည့်​ရ​သ​လောက် ​ဖွဲ့​စည်း​ပုံ​ပြင်​ချင်​တယ်​လို့ ​ဆ​န္ဒ​ပြု​သူ​တွေ ​များ​ကြောင်း ​စော​စော​က ​သ​တင်း​စ​ကား​တွေ​က ​ဖော်​ပြ​နေ​ပါ​တယ်။

ပြည်​သူ​နဲ့ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ

ဖွဲ့​စည်း​ပုံ​ပြင်​ဖို့ ​ပြည်​သူ့​ဆ​န္ဒ​ယူ​မယ်​ဆို​တော့ ​ပြည်​သူ​တွေ​က ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ကို ​စိတ်​မ၀င်​စား​ပါ​ဘူး​ဆို​တဲ့ ဝေ​ဖန်​ချက် ​ထွက်​ပေါ်​ခဲ့​ပါ​တယ်။ ​အ​ခု ​တ​ကယ်​လက်​တွေ့ ​မြေ​ပြင်​ဆင်း​ပြီး ​ပြည်​သူ့​ဆ​န္ဒ​ယူ​နေ​သူ​တွေ​ကို ​အဲ့​ဒီ​ကိ​စ္စ ​မေး​ကြည့်​ဖြစ်​ပါ​တယ်။

“​ပြည်​သူ​တွေ​က ​ခင်​ဗျား​တို့ ​ကျ​နော်​တို့ ​သိ​သ​လို ​အ​ခန်း​ဘယ်​လောက်​က ​ပုဒ်​မ ​ဘယ်​လောက်​ဆို​တာ ​ဒါ​မျိုး​တော့ ​မ​သိ​ဘူး​။ ​ဒါ​ပေ​မယ့် ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ရဲ့ ​အ​နှစ်​သာ​ရ ​ပြည်​သူ့​ထံ​က ​ဆင်း​သက်​ရ​မယ်​ဆို​တာ​မျိုး​၊ ​သူ​တို့ေ​ရွး​ကောက်​ထား​တဲ့​သူ​တွေ ​မ​ဟုတ်​တာ၊ ​ဒါ​တွေ​ကို​တော့ ​ကောင်း​ကောင်း​သိ​နေ​တယ်​ဗျ၊ ​ကျ​နော်​တို့​က ​သိ​အောင်​လည်း ​ပြော​ပြ​တယ်​လေ။ ​အဲ့​တော့ ​ပြောင်း​နေ​တယ် ​ပြောင်း​နေ​တယ်​ပြော​တယ်၊​ဘာ​မှ​လဲ ​ထင်​ထင်​ရှား​ရှား ​မ​ခံ​စား​ရ​ဘူး​၊​ဒါ​ကို ​သူ​တို့​​မ​ကြိုက်​ဘူး​။ ​အဲ့​ဒါ​ကြောင့် ​ပြင်​စ​ရာ​ရှိ​လဲ​ပြင်​ကြ​ပါ ​ဆို​တဲ့​သ​ဘော​ထား ​ရှိ​တာ​တွေ့​ရ​ပါ​တယ်” ​လို့ ​ဦး​ဥာဏ်ဝင်း​က ​ပြော​ပါ​တယ်။

မော်​လ​မြိုင်​ပွဲ​ကို ​လေ့​လာ​သူ​တ​ဦး​အ​နေ​နဲ့ ​တက်​ခဲ့​တဲ့ ​ဒေါ်​ခင်​ဌေး​ကြွယ်​က​လည်း ​အ​လား​တူ ​မှတ်​ချက်​ပေး​ပါ​တယ်။ ​သူ​က​တော့ ​ပ​ရိ​သတ်​ကို​လိုက်​ပြီး ​အ​ကဲ​ခတ်​ခွင့်​ပါ​ရ​ခဲ့​သူ ​ဖြစ်​လေ​တော့ ​ပ​ရိ​သတ်​စိတ်ဝင်​တ​စား​ရှိ​ပုံ​ကို ​အ​ခု​လို ​ပြော​ပြ​ပါ​တယ်။

“​အန်​တီ​က ​ပွဲ​တက်​လာ​သူ​တွေ​ရဲ့ ​ကိုယ်​ဟန်​အ​မူ​အ​ယာ​တွေ​ကို ​ကြည့်​တယ်။ ​သူ​တို့​ရဲ့ ​မျက်​လုံး​တွေ​ကို ​ကြည့်​တယ်။ ​အဲ့​ဒီ​လို ​ကြည့်​လိုက်​တာ​နဲ့ ​စိတ်ဝင်​စား​လား​၊ ​မ၀င်​စား​ဘူး​လား ​သိ​တယ်။ ​အန်​တီ​ကြုံ​ဖူး​တဲ့ ​ပွဲ​အ​တွေ့​အ​ကြုံ​အ​ရ​ပေါ့​လေ။ ​မော်​လ​မြိုင်​ပွဲ​မှာ​တော့ ​တက်​လာ​တဲ့ ​သူ​တွေ ​စိတ်ဝင်​စား​ကြ​တာ ​တွေ့​ရ​တယ်။”


ဦး​ကို​နီ​က​တော့ ​ပြည်​သူ​ဟာ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​နဲ့ ​ပတ်​သက်​လို့ ​လေ့​လာ​မှု ​အား​နည်း​တာ ​အ​မှန်​ပါ​ပဲ​လို့ ​ပြော​ပါ​တယ်။ ​အဲ​ဒီ​တော့ ​ကိုယ်​တိုင် ​သွား​မ​ဟော​ခင် ​ဖွဲ့​စည်း​ပုံ​နဲ့ ​ပတ်​သက်​တဲ့ ​စာ​ရွက်​စာ​တမ်း​တွေ ​ကြို​တင် ဝေ​ငှ​ထား​တယ်။ ​ဟော​ပြော​ချက်​ဗီ​ဒိ​ယို​အ​ခွေ​တွေ ​ကြို​ဖြန့်​ထား​တာ​ရှိ​တယ်။ ​ကိုယ်​တိုင် ​သွား​ဟော​တဲ့​အ​ခါ​မှာ​လည်း ​ရှင်း​ရှင်း​လင်း​လင်း​ဖြစ်​အောင် ​ဟော​တယ်​ပြော​တယ်၊ ​အ​ခု​တော့ ​အ​တော်​အ​တန်​လည်း ​သ​ဘော​ပေါက်​လာ​ပြီ၊ ​လေ့​လာ​လာ​ကြ​တာ ​တွေ့​ရ​တယ်၊ ​ရှင်း​အောင်​လင်း​အောင်​ဆို​တဲ့​နေ​ရာ​မှာ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆို​တာ ​အ​စိုး​ရ​မင်း​များ ​လိုက်​နာ​ရ​မယ့်​ဥ​ပ​ဒေ၊ ​ဒါ​မျိုး​လေး​တွေ ​ရှင်း​ပြ​တယ်၊ ​စိတ်ဝင်​စား​တယ်၊ ​အင်​မ​တန်​စိတ်ဝင်​စား​တာ ​တွေ့​ရ​တယ်​လို့​လည်း ​ပြော​ပါ​တယ်။

သူ​တို့ ​ပြော​စ​ကား​တွေ​အ​ရ ​နိုင်​ငံ​ရေး​နိုး​ကြား​မှု​မြန်​တဲ့ ​မြန်​မာ​ပြည်​သူ​တွေ​အ​ကြား ​ဖွဲ့​စည်း​ပုံ​ပြင်​မ​လား​၊ ​သစ်​မ​လား ​ဆို​တဲ့​ကိ​စ္စ ​နေ​ရာ​ယူ​နေ​ပြီ​ဆို​တာ​တော့ ​သေ​ချာ​ပါ​တယ်။

ပြည်​သူ​တ​ချို့ ​ဆက်​သွယ်​မေး​ကြည့်​တော့ ​အန်​အယ်လ်​ဒီ​ပါ​တီဝင်​တွေ​က ​ဖိတ်​စာ​တွေ ​လိုက်ဝေ​ထား​လို့ ​တ​ကူး​တ​က ​သွား​နား​ထောင်​ပြီး ​ဆ​န္ဒ​ပြု​ခဲ့​တယ်​လို့ ​ပြော​သူ​တွေ​ရှိ​သ​လို ​သိ​တောင် ​မ​သိ​လိုက်​ပါ​ဘူး​လို့ ​ပြော​သူ​တွေ​လည်း ​ရှိ​ပါ​တယ်။

ဖွဲ့​စည်း​ပုံ​အ​ရေး ​တ​ခြား​တ​ဘက်

ဗုံး​တွေ ​တ​ရ​စပ်​ပေါက်​နေ​တဲ့​ကြား​ထဲ ​အ​ခု​လို ​ပြည်​သူ့​ဆ​န္ဒ​ယူ​ကြ​ရ​တာ​ဆို​တော့ ​ဒေ​သ​ဆိုင်​ရာ ​တာဝန်​ရှိ​သူ​တွေ ​အ​ပိုင်း​လည်း ​မ​ပျက်​မ​ကွက် ​မေး​ရ​ပါ​တယ်။ ​ဆိုင်​ရာ​တာဝန်​ရှိ​သူ​တွေ ​ကူ​ညီ​တယ်၊ ​မ​ကူ​ညီ​ဘူး​နဲ့ ​ဘာ​သိ​ဘာ​သာ​နေ​နေ​ကြ​တယ် ​ဆို​တဲ့ ​အ​ဖြေ ၃ ​မျိုး ​ရ​ပါ​တယ်။

လွှတ်​တော်​က ​ဖွဲ့​ပေး​ထား​တဲ့ ​ဖွဲ့​စည်း​ပုံ​လေ့​လာ​သုံး​သပ်​ရေး​ကော်​မ​တီ​က​လည်း ​ပြည်​သူ့​ဆ​န္ဒ ​အ​ကြံ​ပြု​ချက်​တွေ ​ဖိတ်​ခေါ်​ထား​တာ​မို့ ​အ​ခြေ​အ​နေ​မေး​ကြည့်​တော့ ​ကော်​မ​တီ​အ​တွင်း​ရေး​မှူး ​ဦး​အေး​မောက်​က ​စည်း​မျ​ဉ်း​စည်း​ကမ်း​တွေ​အ​ရ ​အ​ခု​အ​ချိန် ​ထုတ်​ပြော​လို့ ​မ​ရ​သေး​ဖူး​၊ ​နိုဝင်​ဘာ​လ ၁၅ ​ရက်​နောက်​ဆုံး​ထား ​ဖိတ်​ခေါ်​ထား​တယ်။ ​အ​ချိန်​တန်​ရင် ​အ​ကုန်​ထုတ်​ဖော်​တင်​ပြ​ပေး​ပါ ​မယ်​လို့ ​ပြော​ပါ​တယ်။

ဒီ​ကြား​ထဲ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆိုင်​ရာ ​ပြည်​သူ့​ကွန်​ရက်​က ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ဆိုင်​ရာ ​လူ​ထု​ဆွေး​နွေး​ပွဲ​တ​ခု ​ရန်​ကုန်​မှာ ​လုပ်​သွား​ပါ​တယ်။

ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ ​ဥ​ပ​ဒေ​ဆိုင်​ရာ ​ဆွေး​နွေး​ပွဲ​တွင် ​တက်​ရောက်​ဆွေး​နွေး​သူ​များ​က ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆို​တာ​ဟာ ​အ​စိုး​ရ​နဲ့ ​ပြည်​သူ​တို့​အ​ကြား ​ချုပ်​ဆို​တဲ့ ​သ​ဘော​တူ ​စာ​ချုပ်​ဖြစ်​တာ​ကြောင့် ​ဖွဲ့​စည်း​ပုံ ​ပြင်​ဆင် ​သို့​မ​ဟုတ် ​အ​သစ်​ရေး​ဆွဲ​ရာ​မှာ ​ပြည်​သူ​တွေ​အ​နေ​နဲ့ ​ကြား​လူ​တွေ​က ​တ​ဆ​င့် ​လို​ချင်​တာ​တွေ ​မ​ပြော​ဘဲ ​မိ​မိ​တို့ ​လို​ချင်​တဲ့​အ​ချက်​တွေ ​မိ​မိ​တို့ ​ပြင်​ချင်​တဲ့​အ​ချက်​တွေ​ကို ​ရှင်း​ရှင်း​လင်း​လင်း ​ပွင့်​ပွင့်​လင်း​လင်း ​တက်​တက်​ကြွ​ကြွ ​ပြော​ကြ​ဖို့ ​တိုက်​တွန်း​ခဲ့​တာ ​တွေ့​ရ​ပါ​တယ်။

ဖွဲ့​စည်း​ပုံ​နဲ့ ​ခေါင်း​ဆောင်​တွေ ​သ​ဘော​ထား

ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​နဲ့ ​ပတ်​သက်​ပြီး ​သ​မ္မ​တ​နဲ့ ​အ​စိုး​ရ​အ​ဖွဲ့​ရဲ့ ​သ​ဘော​ထား​ကို ​ကြည့်​ရင် ​ပြည်​သူ​က ​ပြင်​ချင်​တဲ့​ဆ​န္ဒ​ရှိ​ရင် ​ပြင်​နိုင်​ပါ​တယ်၊ ​ဒါ​ပဲ ​ဖြစ်​ပါ​တယ်။

လွှတ်​တော်​နာ​ယ​က ​သူ​ရ​ဦးေ​ရွှ​မန်း​က​လည်း ​အောက်​တို​ဘာ​လ​ဆန်း​က ​ဂျီ​နီ​ဗာ​မှာ ​နိုင်​ငံ​တ​ကာ​ပါ​လီ​မန်​ညီ​လာ​ခံ ​လာ​တက်​ရင်း ​ဖွဲ့​စည်း​ပုံ​ကို ​ပြင်​ဆင်​သင့်​တာ ​ပြင်​ဆင်၊ ​ပြောင်း​လဲ​သင့်​တာ​ကို ​ပြောင်း​လဲ​ပြီး ​ဒီ​မို​က​ရေ​စီ ​ပြု​ပြင်​ပြောင်း​လဲ​ရေး​တွေ​ကို ​အောင်​မြင်​အောင်​လုပ်​ဖို့ ​ရည်​ရွယ်​ထား​တယ်​လို့ ​ဘီ​ဘီ​စီ ​မြန်​မာ​ပိုင်း​ကို ​ပြော​ခဲ့​ပါ​တယ်။ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​အ​ခု​တ​ကြိမ် ​ဥ​ရော​ပ​ခ​ရီး​တ​ထောက် ​ဘယ်လ်​ဂျီ​ယံ​ရောက်​တုန်း ​ဥ​ရော​ပ​သ​မ​ဂ္ဂ​ဥ​က္က​ဋ္ဌ​နဲ့ ​တွေ့​တော့ ​ဖွဲ့​စည်း​ပုံ​မ​ပြင်​ရင် ၂၀၁၅ေ​ရွး​ကောက်​ပွဲ​ဟာ ​ဒီ​မို​က​ရေ​စီ​နည်း​လမ်း​ကျ​မှာ ​မ​ဟုတ်​ဘူး​လို့ ​ထပ်​ပြော​ခဲ့​ပါ​တယ်။

၈၈ ​မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် ​ဦး​မင်း​ကို​နိုင်​က​လည်း ​မြစ်​ဆုံ​ပြီး​ရင် ​အ​ခု ​ဖွဲ့​စည်း​ပုံ​အ​ရေး​ဟာ ​တ​မျိုး​သား​လုံး​အ​ရေး​လို့ ​လူ့​ဘောင်​သစ်​ပါ​တီ ​ငွေ​ရ​တု​ပွဲ​မှာ ​ဆို​ခဲ့​ပါ​တယ်။

အ​ခု ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​က ​ရ​ယူ​နေ​တဲ့ ​ပြည်​သူ့​ဆ​န္ဒ​တွေ ​အား​လုံး ​ဒီ​နှစ်​မ​ကုန်​ခင် ​ပြည်​ထောင်​စု​လွှတ်​တော် ​ရောက်​မှာ​ဖြစ်​ပါ​တယ်။ ​လွှတ်​တော်​ကော်​မ​တီ​ရဲ့ ​လေ့​လာ​သုံး​သပ်​ချက်​လည်း ​ဒီ​အ​ချိန်​မှာ​ပဲ ​ကြား​ရ​ဖို့ ​ရှိ​ပါ​တယ်။ ​ရာ​နဲ့​ချီ​တဲ့ ​ပုဒ်​မ​တွေ​ပဲ ​ပြင်​ရ​ဖို့​ရှိ​ရှိ ​ပြင်​ချင်​တဲ့ ​ဆ​န္ဒ​ရှိ​ဖို့​က ​ပို​အ​ရေး​ကြီး​ပါ​တယ်။

ဒေါ်​အောင်​ဆန်း​စု​ကြည် ​ဒီ​နှစ်​ထဲ ​တ​နေ​ရာ​မှာ ​ပြော​ခဲ့​ဖူး​ပါ​တယ်။ ​တ​ကယ် ​ပြင်​ချင်​စိတ်​ရှိ​ရင် ၁ ​လ​အ​တွင်း ​ပြင်​လို့ ​ရ​ပါ​တယ်။ ​ဒါ​ပဲ ​ဖြစ်​ပါ​တယ်။ ​အ​ခု​အ​ထိ​က​တော့ ၂၀၀၈ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ကို ​ပြည်​သူ​တွေ​က ​ပြင်​ချင်​နေ​ကြ​ပါ​တယ်။ ​စိန်​ခေါ်​ချက်​တွေ​နဲ့ ​ခြိမ်း​ခြောက်​မှု​တွေ ​အ​မြောက်​အ​မြား ​ကြား​က​ပဲ ​ပြည်​သူ​က ​ပြင်​ချင်​တဲ့​ဆ​န္ဒ ​ထုတ်​ဖော်​နေ​ကြ​ပါ​တယ်။

No comments: