မင်းမင်း
အနည်းဆုံးလူသုံးဦးသေဆုံးခဲ့ရသည့် ပြီးခဲ့သည့်လ ဒုတိယပတ်မှ စတင်ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများ တွင်ပါဝင်သည့် လွတ်မြောက်တရားခံများကို အမြန်ဆုံးဖမ်းမိနိုင်ရေး ယနေ့ (နိုဝင်ဘာ ၅ရက်) ပြုလုပ်မည့်ရန်ကုန်တိုင်း လွှတ်တော်အထူးအစည်းအဝေးတွင် ဆွေးနွေးတော့မည်ဖြစ်သည်။
ယမန်နေ့ကကျင်းပသည့် လွှတ်တော်အစည်းအဝေးအတွင်း “ဗုံးဖောက်ခွဲမှုကို ဆောက်ရွက်ခဲ့သော လုပ်ရပ်အားပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း - အဆိုကို ရန်ကုန်တိုင်းဆိပ်ကမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးနေမျိုးအောင်က တင်သွင်းခဲ့ပြီးလွတ်မြောက်နေသည့် တရားခံများကိုအမြန်ဖမ်းဆီးရမိ ရန်လည်းတိုက်တွန်းခဲ့ပြီးနောက် ယင်းသို့ဆွေးနွေးကြခြင်းဖြစ်သည်။
အဆိုဗုံးဖောက်ခွဲမှုဖြစ်စဉ်များသည် ရက်ပေါင်း ၂၀ ကျော်ခဲ့ပြီဖြစ်ပြီးဖောက်ခွဲမှုတွင် ပါဝင်ပတ်သတ်ကြောင်းဝန်ခံထားသည့် ရှစ်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီးပြီဟု ထုတ်ပြန်ထားသော်လည်း ၎င်းတို့ကိုစစ်ဆေးချက်အရနောက်ကွယ်မှ စေခိုင်းနေသူများရှိသည်ဟုသိရသော်လည်း ယနေ့အထိဖမ်း ဆီးနိုင်ခြင်းမရှိသေးပေ။
အဆိုရှင် ဦးနေမျိုးအောင်က “ယခုကဲ့သို့အချိန်တိုအတွင်း တရားခံများဖမ်းဆီးရမိသည့်အပေါ် ရန်ကုန်တိုင်းလွှတ်တော်မှ ဂုဏ်ပြုသင့်သကဲ့သို့ကျန်ရှိနေသည့် လွတ်မြောက်တရားခံများကိုလည်း အမြန်ဆုံးဖော် ထုတ်ဖမ်းဆီးရေးကို လွှတ်တော်မှတစ်ဆင့် တိုက်တွန်းလိုကြောင်း” ပြောသည်။
ဖမ်းဆီးရမိထားသူများအား စစ်ဆေးချက်အရစေခိုင်းသူမှာ KNU (ကရင်အမျိုးသားအစည်းအရုံး) ၏ မြို့နယ်အဆင့် စီးပွားရေးလုပ်ငန်းတစ်ခုမှ တာဝန်ခံနေတိုး(ခ)စောရွှေထူးဖြစ်သည်ဟု သိရကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။
ယင်းသို့ ဗုံးဖောက်ခွဲမှုများသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာမှုကို နှောက်ယှက်ဖျက်ဆီးလိုသည့်သဘောဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု အစိုးရဘက်ကပြောဆိုထားသော်လည်းKNU ဘက်ကမူ ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခများကြီးထွားစေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အောက်တိုဘာနောက်ဆုံးပတ် ရန်ကုန်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောခဲ့သည်။
No comments:
Post a Comment