Monday, November 18, 2013

မယ်​လ​ဒု​က္ခ​သည်​များ ​မြန်​မာ​နိုင်​ငံ​ပြန်​ပို့​ခံ​ရ​မည့်​အ​ရေး ​စိုး​ရိမ်​နေ

DVB

ထောင်​သောင်း​ချီ​တဲ့ ​က​ရင်​တိုင်း​ရင်း​သား ​ဒု​က္ခ​သည်​တွေ​ဟာ ​ဒု​က္ခ​သည်​စ​ခန်း​တွေ​ထဲ​မှာ ​မွေး​ဖွား​လာ​ခဲ့​ပြီး ​အဲ​ဒီ​မှာ ​ကြီး​ပြင်း​လာ​ခဲ့​ကြ​တာ​ပါ။ ​အ​ခု ​သူ​တို့​ဟာ ​မြန်​မာ​နိုင်​ငံ ​ပြန်​ပို့​ခံ​ရ​မယ့်​အ​ရေး​အ​တွက် ​စိုး​ရိမ်​နေ​ကြ​ပါ​တယ်။

ဒု​က္ခ​သည်​တွေ​ထဲ​က ​အ​သက် ၁၅ ​နှစ်​ပဲ​ရှိ​သေး​တဲ့ ​ကော​ဝါး​ဟာ ​ထိုင်း​နိုင်​ငံ ​တပ်ခ်​ခ​ရိုင်​ထဲ​မှာ​ရှိ​တဲ့ ​မယ်​လ ​ဒု​က္ခ​သည်​စ​ခန်း​ကို ​သူ့​ရဲ့ ​ထာ​ဝ​ရ​အိမ်​ပဲ​လို့ ​မှတ်​ယူ​ထား​ခဲ့​ပါ​တယ်။ ​အဲ​ဒီ ​စ​ခန်း​ဟာ ​ထိုင်း​-​မြန်​မာ ​နယ်​နိ​မိတ်​အ​နီး​မှာ ​ရှိ​ပြီး ​သူ့​မိ​ဘ​တွေ​ဟာ​လည်း ​အဲ​ဒီ​မှာ ​ဘ​ဝ​တ​လျှောက်​လုံး ​နေ​ထိုင်​နေ​ခဲ့​တာ​ပါ။ ​ကော​ဝါး​ဟာ ​အဲ​ဒီ​က​လွဲ​ပြီး ​ဘယ်​ကို​မှ ​မ​ရောက်​ခဲ့​ဖူး​ပါ​ဘူး​။

“​ကျ​နော် ​မြန်​မာ​နိုင်​ငံ​ကို ​မ​ရောက်​ဖူး​ပါ​ဘူး​။ ​ကျ​နော် ​ဒီ​မယ်​လ​မှာ ​မွေး​ခဲ့​တယ်၊ ​တ​ဘ​ဝ​လုံး ​ဒီ​မှာ​ပဲ” ​လို့ ​ကောဝါး​က ​ပြော​ပြ​ပါ​တယ်။

ကော​ဝါး​ဟာ ​အ​သက် ၁၅ ​နှစ်​ရှိ​ပြီး ​အဲ​ဒီ​မှာ​မွေး​ခဲ့​တာ​ပါ။ ​အဲ​ဒီ​စ​ခန်း​မှာ ​သူ့​လို​မျိုး ​မြန်​မာ​ဒု​က္ခ​သည်​တွေ ၁ ​သိန်း ၃ ​သောင်း​လောက်​နေ​ကြ​ပါ​တယ်။ ​ကော​ဝါး​ဟာ ​သူ့​မိ​ခင်​နိုင်​ငံ​ကို ​လုံး​ဝ​မ​ရောက်​ဖူး​ပါ​ဘူး​။

အ​များ​စု​ဟာ ​သူ့​လို​မျိုး​ပဲ ​က​ရင်​အ​မျိုး​သား ​လွတ်​လပ်​ရေး​တပ်​မ​တော် (​ကေ​အန်​အယ်လ်​အေ ​တပ်​ဖွဲ့​တွေ​နဲ့ ​မြန်​မာ​စစ်​တပ်​တွေ​ကြား ​နှစ်​ပေါင်း ၆၄ ​ကျော်​ကြာ ​ဖြစ်​ပွား​ခဲ့​တဲ့ ​ပြည်​တွင်း​စစ်​က​နေ ​လွတ်​မြောက်​တဲ့​နေ​ရာ​တွေ​ကို ​ထွက်​ပြေး​တိမ်းေ​ရှာင်​လာ​ကြ ​သူ​တွေ ​ဖြစ်​ကြ​ပါ​တယ်။

အ​ခု​ဆို ​သူ​တို့​တွေ​ဟာ ​မြန်​မာ​နိုင်​ငံ​ကို ​အ​တင်း​အ​ဓ​မ္မ ​ပြန်​ပို့​ခံ​ရ​တော့​မယ့် ​အ​ရေး ​ကြုံ​တွေ့​နေ​ရ​ပါ​တယ်။ ​ထိုင်း​နိုင်​ငံ​က​လည်း ​သူ​တို့​ကို ​လက်​ခံ​မ​ထား​ချင်​တော့​တဲ့​အ​တွက် ​အ​မေ​ရိ​ကန်​နိုင်​ငံ​လို​မျိုး​တွေ​ဆီ ​က​ရင်​ဒု​က္ခ​သည်​တွေ​အ​နေ​နဲ့ ​ပြန်​လည်​နေ​ရာ​ချ​ထား​ဖို့ ​အ​စီ​အ​စ​ဉ်​တွေ ​ပြု​လုပ်​နေ​ပါ​တယ်။

မြန်​မာ​နိုင်​ငံ ​ဒီ​မို​က​ရေ​စီ​ရေး​ပြု​ပြင်​ပြောင်း​လဲ​မှု ​လမ်း​ကြောင်း​ပေါ် ​စ​တက်​လာ​က​တည်း​က ​ဒု​က္ခ​သည်​တွေ​ကို ​နေ​ရပ်​ပြန်​ပို့​ဖို့ ​ဖိ​အား​ပေး​မှု​တွေ ​များ​လာ​နေ​ခဲ့​တာ​ပါ။

က​ရင်​အ​မျိုး​သား ​လွတ်​လပ်​ရေး​တပ်​မ​တော် ​တပ်​ဖွဲ့​တွေ​နဲ့ ​မြန်​မာ​စစ်​တပ်​တွေ​ကြား ​ဖြစ်​နေ​တဲ့ ​တိုက်​ပွဲ​တွေ​ကြောင့် ​လူ့​အ​ခွင့်​အ​ရေး​ချိုး​ဖောက်​မှု​တွေ​ဟာ ​ဆက်​ဖြစ်​နေ​ပါ​တယ်။

မယ်​လ​စ​ခန်း​မှာ ​အ​နှစ် ၂၀ ​နေ​ထိုင်​နေ​ခဲ့​တဲ့ ​အ​သက် ၆၄ ​နှစ်​အ​ရွယ် ​ဒု​က္ခ​သည် ​အ​ဘိုး​အို ​ဦး​ကျော်​ဟင်​က “​ကျ​နော့်​မြို့​ကို ​ပြန်​ရင် ​ကျ​နော် ​လုံ​ခြုံ​မှာ ​မ​ဟုတ်​ဘူး​။ ​ကျ​နော်​တို့​ကို ​ဖမ်း​ကြ​မယ်၊ ​နောက် ​သတ်​ပစ်​ကြ​မှာ။ ​ဟိုး​တုန်း​က​ဆို​ရင် ​ကျ​နော်​တို့​ကို ​သိပ်​နှိပ်​စက်​ကြ​တာ။ ​မြန်​မာ​စစ်​တပ် ​ကျုပ်​တို့​ရွာ​ထဲ​ဝင်​လာ​ပြီး ​ရွာ​သား​တွေ​ကို​ရိုက်​ပြီး ​ပေါ်​တာ​အ​ဖြစ် ​စစ်​သား​တွေ​အ​တွက် ​အ​လေး​အ​ပင်​တွေ ​သယ်​ခိုင်း​တယ်” ​လို့ ​ပြော​ပါ​တယ်။

ဘန်​ကောက်​မြို့​မှာ ​ရုံး​ထိုင်​နေ​တဲ့ ​ကု​လ​သ​မ​ဂ္ဂ​ဒု​က္ခ​သည်​များ​ဆိုင်​ရာ ​မ​ဟာ​မင်း​ကြီး​ရုံး (​ယူ​အန်​အိပ်​ခ်ျ​စီ​အာ ​ရဲ့ ​ပြော​ရေး​ဆို​ခွင့်​ရှိ​သူ ​ဗီ​ဗီ​ယန်​တန်​က​လည်း ​က​ရင်​ဒု​က္ခ​သည်​တွေ ​နေ​ရပ်​ပြန်​ဖို့ ​မ​လုံ​ခြုံ​သေး​ဘူး​လို့ ​ပြော​ပါ​တယ်။

“​အ​ခု​အ​ချိန်​မှာ ​အိမ်​ပြန်​ရင် ​မ​လုံ​ခြုံ​သေး​ဘူး​လို့ ​ကျ​မ​တို့ ​သိ​နေ​ရ​တယ်။ ​ဘယ်​လို​မှ ​ရပ်​တည်​နိုင်​မှာ ​မ​ဟုတ်​ဘူး​။ ​တ​နိုင်​ငံ​လုံး ​အ​ပစ်​အ​ခတ်​ရပ်​စဲ​ပြီး ​တွေ့​ဆုံ​ဆွေး​နွေး​ကြ​ဖို့​လို​ပါ​တယ်။ ​မြေ​မြှုပ်​မိုင်း​တွေ ​အ​ရင်​ဆုံး​ရှင်း​ဖို့ ​လို​ပါ​တယ်။ ​ပြည်​သူ​ပြည်​သား​တွေ​အ​တွက် ​အ​သက်​အိုး​အိမ် ​လုံ​ခြုံ​မှု​ရှိ​ပြီး ​အ​ခြေ​ခံ​လူ့​အ​ခွင့်​အ​ရေး​အ​ပြည့်​အ​ဝ ​ရှိ​ဖို့ ​လို​အပ်​ပါ​တယ်။”


ထိုင်း​-​မြန်​မာ​နယ်​စပ်​တ​လျှောက်​ရှိ​နေ​တဲ့ ​ဒု​က္ခ​သည်​စ​ခန်း​တွေ​ထဲ​က ​အ​ကြီး​ဆုံး​ဖြစ်​တဲ့ ​မယ်​လ​စ​ခန်း​မှာ ​ရှိ​နေ​တဲ့ ​အိမ်​ရာ​တွေ​က ​ပျက်​စီး​ယို​ယွင်း​နေ​ပြီး ​အ​မိုး​အ​ကာ​တွေ​ကို ​အ​သစ်​လုပ်​ပေး​ဖို့​လို​သ​လို ​ရွှံ့​ဗွက်​တွေ​နဲ့​ပြည့်​နေ​တဲ့ ​လမ်း​တွေ​ကို ​ပြု​ပြင်​ဖို့​လည်း ​လို​အပ်​နေ​ပါ​တယ်။

ဒု​က္ခ​သည် ၄၀,​ဝ၀​ဝ ​ကျော်​နေ​ထိုင်​တဲ့ ​မယ်​လ​ဒု​က္ခ​သည်​စ​ခန်း ​နယ်​နိ​မိတ်​ဘောင်​ကို ​သံ​ဆူး​ကြိုး​တွေ​နဲ့ ​ကာ​ရံ​ထား​တဲ့​အ​တွက် ​ထောင်​အ​ချုပ်​တ​ခု​လို​မျိုး​ဖြစ်​ပြီး ​စ​ခန်း​ထဲ​နေ​တဲ့ ​ဒု​က္ခ​သည်​တွေ​ဟာ ​စ​ခန်း​အ​ပြင်​ကို ​ထွက်​ခွင့်​မ​ရ​သ​လို ​ထိုင်း​နိုင်​ငံ​ထဲ​သွား​ပြီး ​အ​လုပ်​လုပ်​လို့​လည်း ​မ​ရ​ပါ​ဘူး​။

မယ်​လ​ဒု​က္ခ​သည်​စ​ခန်း​ထဲ ​နေ​ထိုင်​နေ​ကြ​တဲ့ ​ဒု​က္ခ​သည်​တွေ​ထဲ​က ၉၀ ​ရာ​ခိုင်​နှုန်း​လောက်​ဟာ ​မြန်​မာ​နိုင်​ငံ​ကို ​မ​ပြန်​ချင်​ကြ​ဘူး​လို့ ​စစ်​တမ်း​ကောက်​ယူ​ချက်​တွေ​အ​ရ ​သိ​ရှိ​ရ​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​ထိုင်း​အ​စိုး​ရ​အာ​ဏာ​ပိုင်​တွေ​က ​သူ​တို့ ​မြန်​မာ​နိုင်​ငံ​ပြန်​ဖို့​အ​တွက် ​စီ​စ​ဉ်​ထား​ကြ​ပြီး​ပြီ​လို့ ​သိ​ရ​ပါ​တယ်။

“​ထိုင်း​အာ​ဏာ​ပိုင်​တွေ​ပြော​တာ​က ​နောက်​တ​နှစ် ​နှစ်​နှစ်​လောက်​ဆို ​ကျ​နော်​တို့ ​ပြန်​ရ​တော့​မယ်​တဲ့​” ​လို့ ​ဦး​ကျော်​ဟင်​က ​ပြော​ပြ​ပါ​တယ်။

အ​ကူ​အ​ညီ​ပေး​နေ​တဲ့ ​အ​ဖွဲ့​အ​စည်း​တွေ​ရဲ့ ​စား​နပ်​ရိ​က္ခာ​တွေ ​ထောက်​ပံ့​ပေး ​တဲ့​အ​ပေါ်​မူ​တည်​ပြီး​မှ ​ဘယ်​လောက်​ထိ ​နေ​နိုင်​မယ်​ဆို​တာ ​သိ​ရ​မှာ​ပါ​လို့ ​မယ်​လ​စ​ခန်း​က ​ရပ်​ကွက်​ခေါင်း​ဆောင်​တ​ဦး​ဖြစ်​တဲ့ ​အား​ကေ​လူး​က ​ပြော​ပြ​ပါ​တယ်။

“၂၀၁၄ ​ခု​နှစ်​ထဲ​မှာ ​လူ​တ​ယောက်​အ​နေ​နဲ့ ​အ​ရင်​က ​ဆန်​တ​လ​ကို ၁၂ ​ကီ​လို​ရ​နေ​တာ​က​နေ ၈ ​ကီ​လို​ပဲ ​ပေး​တော့​မယ်​လို့ ​သိ​ရ​တယ်။ ​အဲ​ဒါ​နဲ့​ဆို ​မ​လောက်​ဘူး​။ ​ကျ​နော်​တို့​အ​တွက် ​မ​လုံ​လောက်​ဘူး​။ ​ကျ​နော်​တို့​ကို ​ပေး​မှာ​က ​အ​လှူ​ရှင်​တွေ​လှူ​တဲ့​အ​ပေါ် ​မူ​တည်​တယ်​တဲ့​။ ​သူ​တို့​မှာ ​ကျ​နော်​တို့​ကို ​ထောက်​ပံ့​ဖို့ ​ငွေ​လက်​ကျန် ​မ​ရှိ​တော့​ဘူး​လို့ ​ပြော​တယ်။”

(​ဒီ​သ​တင်း​ဆောင်း​ပါး​ကို David Eimer ​က ​ရေး​သား​ထား​ပြီး ​ဒီ​နေ့​ထုတ် South China Morning Post ​သ​တင်း​စာ​မှာ ​ဖော်​ပြ​ထား​ပါ​တယ်။

No comments: