Sunday, November 17, 2013

မြောက်ဦးနယ်သား နှစ်ဦး ပြည်တွင်းရှိ ဗလီများကို ဖောက်ခွဲ ရန် စီစဉ်မူဖြင့် ဖမ်းဆီးခံရဟု မြန်မာတိုင်း(မ်)တွင် သတင်းဖေါ်ပြ

နိရဉ္စရာ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လူ (၂) ဦးကို ပြည်တွင်းရှိ ဗလီများအား ဖေါက်ခွဲမူ ပြုလုပ်ရန် အတွက် ပြည်တွင်းသို့ ၀င်လာစဉ် ရန်ကုန်တိုင်း ဒေသကြီး လိုင်သာယာမြို့နယ်တွင် နိုဝင်္ဘာလ ၁၃ ရက်နေ့က ဖမ်းဆီးရမိခဲ့သည်ဟု မြန်မာတိုင်း(မ်)က ယမန်နေနေ့စွဲဖြင့် သတင်း ဖေါ်ပြသည်။

ဖမ်းဆီးခံရသူ နှစ်ဦးမှာ ဗလီများကို ဖောက်ခွဲရေးပြုလုပ်ရန် မြန်မာနိုင်ငံနယ်စပ်တွင် ဖောက်ခွဲရေးသင်တန်း တက်ရောက်လာခဲ့ပြီး ပြည်တွင်းသို့ဝင်ရောက်လာသည့် မြောက်ဦးမြို့နယ်နေ ခိုင်နေမင်း(ခ) တင်မောင်(၃၅ နှစ်)နှင့် သိန်းညွန့်(ခ) ဂျပန်ကြီး(ခ) တို့နှစ်ဦးတို့ ဖြစ်ကြောင်း သတင်းတွင် ဖေါ်ပြသည်။

သူတို့အား လှိုင်သာယာ ပဒံကျေးရွာရှိ ဧည့်ရိပ်သာ တစ်ခုတွင် ရောက်ရှိပြီး ဖောက်ခွဲရေး ပစ္စည်းများ တပ်ဆင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ခွဲ ၁ မှ ဒုရဲမှူးမြင့်မောင်နှင့်အဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်အတူ ၀င်ရောက်ရှာဖွေစဉ် ဖမ်းမိခဲ့သည်ဟု ဆိုသည်။

သူတို့နှစ်ဦးအား ပြည်တွင်းရှိ ဗလီများအား ဖောက်ခွဲမှုပြုလုပ်ရန်ရောက်ရှိလာသူများ ဖြစ်ကြောင်း သတင်းတွင် စွပ်စွဲ ဖေါ်ပြသော်လည်း မည်သူက ထိုသို့ ပြောကြောင်း သတင်းတွင် တစ်စုံတစ်ရာ ဖေါ်ပြထားခြင်း မရှိပါ။

ထိုသို့ဝင်ရောက်ရှာဖွေစဉ် ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုမည့် ယမ်းများနှင့် စားပွဲတင်နာရီ ၊ဂက်စ်မီးခြစ်၊ ဒီဇယ်၊ဓာတ်ဆီ၊၀ါယာကြိုး၊မီးသွေး၊ ဓာတ်ခဲ၊ ခဲဂေါက်၊ ကွိုင်ကြိုး၊ နှင့်လေယာဉ်လက် မှတ်တို့ကိုသိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့ဟု သတင်းက ဆိုသည်။

သောင်ကြီးနယ် မြေရဲစခန်း က(ပ)၇၀၀/၁၃ ပေါက်ကွဲစေတက်သော ၀တ္တုပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၅ အရ အမှုဖွင့်အရေးယူခဲ့ပြီး လှိုင်သာယာမြို့နယ် တရားရုံးသို့ပို့အပ်ခဲ့ရာ တရားသူကြီးကချုပ်ရီမာန် ပေးခဲ့ကြောင်းသိရသည်။

No comments: