ဆန်းဖြိုးထွန်း
ကယား(ကရင်နီ)ပြည်နယ် ဘောလခဲဒေသအတွင်း ကျန်းမာရေးကိစ္စရပ်များနှင့်ပါတ်သက်၍ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်နှင့် အရေးပေါ်လူနာများအား အချိန်မှီဆေးရုံသို့ ပို့ဆောင်ပေးနိုင်ရန်အတွက် ၀န်ဆောင်မှုကားတစီး လိုအပ်နေကြောင်း သိရသည်။
ဘောလခဲခရိုင်အတွင်းရှိ မယ်စဲ့ မြို့ပေါ်တွင် အစိုးရ ဌာနဆိုင်ရာ(၂၁)ခုရှိပြီး ဌာနဆိုင်ရာသုံး ယဉ်တစီးမျှမရှိဘဲ တမြို့လုံးတွင် သဲကျောက်တင်သောကား သုံးစီးနှင့် ထော်လဂျီငါးစီးသာရှိသည့်အတွက် ကျန်းမာရေးနှင့်ပါတ်သက်ပြီး အရေးပေါ်ကိစ္စအတွက် အသုံးပြုနိုင်ရန် ကားတစီးချထားပေးသင့်သည်ဟု မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြု ကော်မီတီကပြောသည်။
ကျနော်တို့ ဒေသမှာမှာ ဆရာဝန်တွေက အစကွင်းဆင်းပြီးတော့ ဒီကျေးရွာတွေ ဒီ တစ်ဆယ့်ငါးမိုင် မိုင်နှစ်ဆယ် ဝေးတဲ့နေရာတွေကို ကာကွယ်ဆေးထိုးရတဲ့ အခါမှာ ရေခဲနဲ့အချိန်မီသွားရတာဖြစ် ပါတယ် အဲ့ဒီချိန်မှာထော်လာဂျီတို့ သွားမရတဲ့ကားတွေ ရှိပါတယ် အဲ့ဒါလေးကိုတော့ ကျနော်တို့ မြို့အတွက်ကားတစီး လိုအပ်နေပါတယ်”ဟု မယ်စဲ့ မြို့နယ် မြို့နယ်ဖွံ့ ဖြိုးတိုးတတ်ရေး အထောက်အကူပြု ကော်မတီဥက္ကဌ ဦးခင်မောင်ဌေးကပြောသည်။
မယ်စဲ့မြို့သည် ကယားပြည်နယ်တွင်း သွားလာရေးအခက်ခဲဆုံးသောမြို့ နယ်ထဲမှ မြို့တမြို့ဖြစ်ပြီး ယခင်စစ်အစိုးရ အုပ်ချုပ်စဉ် လက်ထက်ကတည်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ကျန်းမာရေးနှင့် ပညာရေး စတဲ့ အခြခံလိုအပ်ချက်များမှာလည်း နိမ့်ကျလျက်ရှိနေခဲ့သည်။
ယနေ့အပြောင်းအလဲကာလသို့ ရောက်နေပြီဆိုသော်လည်း အထူးသဖြင့် ကျန်းမာရေးနှင့်ပါတ်သက်သည့်အခြေအနေမှာ ယခင်ကအခြေအနေကဲ့သို့ ခက်ခဲမှုများ ရင်ဆိုင်နေကြရဆဲဖြစ်သည်ဟုဆိုသည်။
“ကျနော်တို့လူမမာတွေကို မယ်စဲ့ မြို့မှာမနိုင်ဘူးဆိုရင် သက်ဆိုင်ရာ ပြည်နယ်ထိ ပို့ရပါတယ်ကျနော်တို့ မြို့နယ်လေးက သိပ်သေးတဲ့အတွက် ကိုယ်ပိုင်ကားလည်းတစီးမှ မရှိပါဘူး အဲ့လိုအရေးပေါ် ဖြစ်လာခဲ့ရင် ကျနော်တို့ ပို့ဆောင်ရခက်ပါတယ် ״ ဟု ဦးခင်မောင်ဌေးက ဆက်ပြောသည်။

No comments:
Post a Comment