Sunday, November 3, 2013

မင်းပြား-ပေါက်တော-စစ်တွေ ရွှေပြည်တန် အမြန်ရေယာဉ် စည်းစနစ်ကျ လုံခြုံစွာပြေးဆွဲပေးရန် ပေါက်တော မြို့သူမြို့သားများ လိုလားနေ

မိုးဇော်

လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း ရခိုင်ပြည်ရှိ မြို့နယ်များသို့ စတင်ပြေးဆွဲလျက်ရှိသော ရွှေပြည်တန် အမြန်ရေယာဉ်သည်အား မင်းပြား-ပေါက်တော-စစ်တွေ ခရီးစဉ်များအတွင်း ခရီးသည်များနှင့်အခြားပစ္စသည်းများကို အဆမတန် တင်ဆောင်မှုကြောင့် ပေါက်တောဒေသခံ မြို့သူမြို့သားများ စည်းစနစ်တကျ လုံခြုံစွာစီးနင်းလိုက်ပါနိုင်ရန် အခက်အခဲ ရှိနေကြောင်း သတင်းရရှိသည်။

အဆိုပါ ရွှေပြည်တန်သည် ရေယာဉ်အတွင်း ပါဝင်သော ခရီးသည်ထိုင်ခုံအရေ အတွက်ထက် နှစ်ဆမျှပိုမိုသော ခရီးသည်အရေအတွက်ကို တင်ဆောင်ကာ ပြေးဆွဲနေသဖြင့် ခရီးသည်များ နေရာထိုင်ခုံ အခက်အခဲနှင့် လုံခြုံစိတ်ချစွာ စီးနှင်းလိုက်ပါရန် မဖြစ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။

ရေယာဉ်လက်မှတ် အရောင်းဌာနများတွင် ချိတ်ဆက်ညှိနှိုင်းကာ သတ်မှတ်ရောင်းချခြင်းမျိုး မဟုတ်ဘဲ ကုန်သလောက် လောဘကြီးစွာ ရောင်းချနေခြင်း ဖြစ်ကြောင်း၊ လက်မှတ်များတွင်လည်း ခုံနံပါတ်များ သတ်မှတ်ဖော်ပြခြင်းလည်း မရှိကြောင်း ရွှေပြည်တန် စီးနှင်းလိုက်ပါသူ ပေါက်တောမြို့ခံ တစ်ဦးမှ ပြောကြားလိုက်သည်။ ထို့ပြင် သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်များမှ သိရှိလျက်နှင့် လျစ်လျူရှုကာာ ကြပ်မတ်သတိပေးမှုများလည်း မရှိသေးကြောင်း သိရသည်။

" ဟိုးတလောက တုန်းကလည်း မင်းပြားက ရေယာဉ်စီးလုံးပြည့်အောင် တင်လာပြီး ပေါက်တောက ခရီးသည်တွေကို လည်း အကုန်လုံး ထပ်တင်သွားတယ်၊ စစ်တွေမြစ်ကို ဖြတ်ဖို့ကျတော့ မဖြတ်ရဲတော့ဘဲ မြစ်လယ်မှာ နောက်တစ်စီး ခေါ်ပြီး လူတွေကို ပြောင်းရွေ့ နေရာချပေးတယ်၊ မြစ်လယ်မှာဆိုတော့ တော်တော် အန္တရယ်များပါတယ်။ ပြီးတော့ လူတိုင်းက ငွေနှစ်ထောင်စီပေးပြီး စီးကြတာ၊ ဘယ်သူကမှ ခေါင်မိုးတွေပေါ် နေပူခံပြီး တက်ထိုင်ချင်မှာ မဟုတ်ပါဘူး။ သူတို့လောဘကို နောက်ထားပြီး ခရီးသည်တွေကို စာနာသင့်တယ်။ သက်ဆိုင်ရာတွေကလည်း အန္တရာယ်ရှိနေတာကို တားမြစ်သင့်ပါတယ်။ သူတို့ကငွေ အတွက်လုပ်နေတယ်ဆိုပေမယ့် မဆိုစကောင်း ပြည်သူတွေအသက်နဲ့ ရင်းထားရတာ မျိုးကို လက်မခံနိုင်ပါဘူး။" ဟု ပေါက်တောမြို့မှ လူငယ်တစ်ဦးက ရင်ဖွင့်သွားခဲ့သည်။

No comments: