ထင်လင်းအောင်
ဗဟိုဘဏ်အနေဖြင့် ဘဏ်အတိုးနှုန်းအား အပြောင်းအလဲမရှိ ပုံသေသတ်မှတ်ထားခြင်းက အခြေခံ စီးပွားရေးလုပ်ငန်းများဆီသို့ငွကြေးစီးဆင်းရန် ခက်ခဲစေခြင်းကြောင့် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးမှုကို အားနည်းစေကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။
ထိုသို့ ဘဏ်အတိုးနှုန်းများအား ပုံသေသတ်မှတ်ထားခြင်းကြောင့် ပြင်ပတွင် ပြန်လည် ငွေချေးခြင်း၊ သက်သာသည့်နေရာမှချးငွေယူပြီး ဘဏ်တွင်ပြန်လည် အပ်နှံခြင်းများ ဆောင်ရွက်ခြင်းကြောင့် ပြည်တွင်းငွေကြေးလည်ပတ် စီးဆင်းစေသည့် လုပ်ငန်းများဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေကြောင်း ရန်ကုန်ုစီးပွားရေးတက္ကသိုလ်အငြိမ်းစား ပါမောက္ခ ဦးမောင်မောင်စိုးက နိုဝင်ဘာ ၃ ရက်နေ့က မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်( UMFCCI)တွင် ကျင်းပသော စီးပွားရေးပညာရှင်များစွာပါဝင်သည့် စီးပွားရေးဆိုင်ရာဆွေးနွေး ပွဲတွင်ပြောသည်။
မြန်မာနိုင်ငံ စီးပွားရေးတက္ကသိုလ်ဘွဲ့ရများအသင်း ဥက္ကဋ္ဌ ဦးတင်ဝင်းအောင်က "ဘဏ်တိုးနှုန်းဆိုတာ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေပေါ်မူတည်ပြီး အလျှော့အတင်း ကစားပေးဖို့လိုတယ်"ဟုပြောသည်။
No comments:
Post a Comment