နိရဉ္စရာ
မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ်လက်ခံ ကျင်းပမည့် (၂၇) ကြိမ်မြှောက် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲမှ ဖိလစ်ပိုင် အမျိုးသား ဘော်လုံး အသင်းနုတ်ထွက်သွားကြောင်း မြန်မာ အစိုးရပိုင် သတင်းစာများတွင် ယနေ့ ဖေါ်ပြသည်။
မည်သည့် အတွက်ကြောင့် ဖိလစ်ပိုင်အမျိုးသား ဘော်လုံးအသင်းနုတ်ထွက်သွားသည်ကိုမူ တစ်စုံတစ်ရာ သတင်းစာတွင် ရေးသားဖေါ်ပြထားခြင်း မရှိပေ။ ထိုသို့ ဖိလစ်ပိုင် အမျိုးသား ဘော်လုံးအသင်း နုတ်ထွက်သွားသဖြင့် ဒီဇင်္ဘာလ (၇) ရက်နေ့တွင် စတင် ကစားမည့် ဆီးဂိမ်း ဘော်လုံးပွဲစဉ်များကို ပြန်လည် ရေးဆွဲခဲ့ရသည်ဟု သတင်းတွင် ဖေါ်ပြသည်။
ဖိလစ်ပိုင် အမျိုးသား ဘော်လုံးအသင်းသည် ယခင်ရေးဆွဲထားသော ဘော်လုံး ပွဲစဉ်တွင် အုပ်စု (က) တွင် ပါဝင်ခဲ့သည်ဟု သိရသည်။ ပြန်လည် ပြင်ဆင်ရေးဆွဲသော ပွဲစဉ်များအရ အုပ်စု (က) တွင် မလေးရှား၊ ဗီယက်နမ်၊ လာအို၊ စင်္ကာပူ၊ ဘရူးနိုင်း တို့ ပါဝင်ပြီး အုပ်စု (ခ) တွင် မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ အရှေ့တီမောနှင့် ကမ္ဘောဒီယားတို့ ပါဝင်သည်။
ဖွင့်ပွဲကို မြန်မာ အသင်းပါ အုပ်စု (ခ) အသင်းများက စတင် ကစားမည်ဟု သိရသည်။ ဆီးဂိမ်း ဘော်လုံး ပွဲစဉ်များကို ဒီဇင်္ဘာလ ၇ ရက်နေ့တွင် စတင် ကစားမည် ဖြစ်ပြီး ဒီဇင်္ဘာလ ၁၉ ရက်နေ့တွင် ဆီးမီးဖိုင်နယ် ပွဲစဉ်များကို ကစားမည်ဖြစ်သည်။ တတိယနေရာနှင့် ဗိုလ်လုပွဲကို ဒီဇင်္ဘာလ ၂၁ ရက်နေ့တွင် နေပြည်တော် ဇေယျာသီရိကွင်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းစာများတွင် ဖေါ်ပြသည်။

No comments:
Post a Comment