Wednesday, November 13, 2013

ရန်ကုန်မှာ လျှပ်စစ်မီတာခ တိုးမြင့်ကောက်ခံမှာ မဟုတ်

ABC

ရန်ကုန်မြို့မှာ ​လျှပ်စစ်မီတာခ ​တိုးမြင့်ကောက်ခံမယ်ဆိုတဲ့ ​သတင်းကြောင့် ​ဆန္ဒပြမှုတွေ ​ဖြစ်ပေါ်ပြီးနောက် ​ဒီဘဏ္ဍာနှစ်အတွင်း ​တိုးမြင့်ကောက်ခံမှု ​မလုပ်ဖို့ ​ပြည်ထောင်စု ​လွှတ်တော်က ​ဆုံးဖြတ်ချက် ​ချလိုက်ပါတယ်။

လျှပ်စစ်မီတာခတွေ ​တိုးမြင့်မယ့် ​ကိစ္စကို ​၂၀၁၄-၂၀၁၅ ​ဘဏ္ဍာနှစ်ကုန်ထိ ​ဆိုင်ငံ့ထားမယ်ဆိုပြီးတော့ ​လျပ်စစ်ဝန်ကြီး ​ဦးခင်မောင်စိုးက ​ပြည်ထောင်စု ​လွှတ်တော် ​အစည်းအဝေးမှာ ​ထွက်ဆိုခဲ့တာ ​ဖြစ်ကြောင်း ​မလှိုင်မြို့နယ် ​ပြည်သူ့လွှတ်တော် ​ကိုယ်စားလှယ် ​ဦးအေးမောက်ကပြောပါတယ်။

အန်ကယ်တို့ ​တင်ပြတဲ့ ​မီတာခတွေ ​အားလုံးကို ​၂၀၁၄-၂၀၁၅ ​အထိ ​ဆိုင်းထားဖို့ ​သဘောတူပါတယ်။ 

မီတာခတွေ ​တိုးမြင့်တာကို ​ပြန်လည် ​စဉ်းစားသုံးသပ်ပေးဖို့ ​လွှတ်တော်မှာ ​အရေးပေါ် ​တင်ပြပြီး ​၄ ​ရက်အကြာမှာပဲ ​အခုလို ​ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

လျပ်စစ်ဝန်ကြီးဌာန ​အနေနဲ့ ​အရှုံးခံပြီး ​ဓာတ်အားဝန်ဆောင်မှုတွေ ​ပေးနေရတာကြောင့် ​ဓာတ်အားခ ​တိုးမြင့်ဖို့ ​လုပ်ဆောင်ရတာဖြစ်တယ်လို့ ​၀န်ကြီးက ​ပြောဆိုခဲ့သလို ​နှစ်စဉ် ​စီမံကိန်းတွေ ​ဆောင်ရွက်ဖို့ ​စီစဉ်ခဲ့ပေမဲ့လည်း ​ဘဏ္ဍာငွေ ​အခက်အခဲရှိတဲ့ ​အတွက် ​အကောင်အထည်ဖော်ဖို့ခက်ပြီး ​လျှပ်စစ်မီးမလုံလောက်တဲ့ပြဿနာတွေနဲ့ ​ရင်ဆိုင် ​နေခဲ့ရတာလို့လည်း ​လျှပ်စစ်ဝန်ကြီးက ​ရှင်းပြခဲ့ပါတယ်။

အခုလို ​ဓာတ်အားသုံးစွဲခတွေ ​မတိုးမြင့်တော့ ​ဘူးလို့ ​လွှတ်တော်မှာ ​တရားဝင် ​ပြောဆိုလာတာကို ​စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ​တက်ကြွလှုပ်ရှားသူတွေကလည်း ​ကြိုဆိုလိုက်ပါတယ်။

ပြည်သူတွေရဲ့ ​တစ်ဦးခြင်းဝင်ငွေ ​နိမ့်ပါးနေချိန်မှာ ​အစိုးရကနေ ​မီတာခလျော့ချပေးလိုက်တာကို ​ကြိုဆိုဆယ်လို့လည်း ​မီတာခ ​လျော့ကျရေးတက်ကြွလှုပ်ရှားသူ ​တစ်ဦး ​ဖြစ်တဲ့ ​ကိုစည်သူကပြောပါတယ်။

အဲဒီအပေါ် ​ကျနော်တို့ ​လက်ခံတယ်။ ​အခုလောလောဆယ် ​အခြေအနေအရ ​လျှပ်စစ်မီတာခကို ​အရှုံးအမြတ် ​တွက်ရမယ့် ​အချိန်မဟုတ်ဘူး။ ​ဘာလို့လည်းဆိုတော့ ​နိုင်ငံရဲ့ ​အခြေအနေကလည်း ​ဒီမိုကရေစီ ​ပြောင်းလဲနေတယ်လို့ ​ဘယ်လိုပဲ ​ပြောပြော ​ခိုင်မာတဲ့ ​အခြေအနေရှိတဲ့ ​နိုင်ငံတော် ​မဟုတ်သေးဘူး။ ​လူတွေ ​တစ်ဦးချင်းရဲ့ ​ဝင်ငွေကတည်း ​တိုးတက်လာတာ ​မရှိသေးတဲ့အတွက် ​ဒီအချိန်မှာ ​မူလအတိုင်း ​ထားရှိပြီးတော့ ​လာမယ့်နှစ်ကြမှ ​တိုးမယ် ​ဒါမှမဟုတ် ​ပြည်သူတွေကို ​ချပြပြီး ​အဆင်ပြေတဲ့ ​နှုန်းထားကို ​ကောက်မယ်လို့ ​ပြောတဲ့စကားကို ​ကျနော်တို့ ​ကြိုဆိုတယ်။ 

မီတာခတွေ ​လတ်တလောမှာတိုးမြင့်ဖို့ ​မရှိတော့တဲ့ ​အတွက် ​စီးပွားရေးသမားတွေ ​အနေနဲ့ ​လည်း ​အသက်ရှု ​မနည်းငယ်ချောင်သွားခဲ့တယ်လို့လည်း ​မြန်မာနိုင်ငံငါးလုပ်ငန်း ​အဖွဲ့ချုပ် ​အထွေထွေ ​အတွင်းရေးမှူး ​ဦးဝင်းကြိုင်ကပြောဆိုခဲ့တဲ့ ​အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မဝေစန္ဒာကျော် ​က ​သတင်းပေးပို့ထားပါတယ်။

No comments: