Saturday, November 9, 2013

နိုင်ငံတကာ အလှူရှင်များ ဒုက္ခသည်စခန်း လာရောက်လေ့လာ

ကူးဒူ

အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီတို့ အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးပြီးနောက် ကရင်နီဒုက္ခသည်များအပေါ် အကျိုးတက်ရောက်မှုများသိရှိလို၍ နိုင်ငံတကာကိုယ်စားပြု အလှူရှင်များ ယမန်နေ့က ဒုက္ခသည်စခန်းသို့ လာရောက်လေ့လာသွားသည်။

အမေရိကန်၊ ကနေဒါ၊ စွိဇလန်၊ သြစတေးလျ၊ ဆွီဒင်၊ နယူးဇီလန်၊ ဗြိတိန်နိုင်ငံမှ အလှူရှင်များအဖွဲ့မှ ထိုင်းနိုင်ငံနယ်စပ်ရှိ ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်းထဲသို့ လာရောက်လေ့လာပြီး စခန်းကော်မီတီနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ကနေဒါသံရုံးကိုယ်စားလှယ်တဦးက ဘာသာပြန်မှတဆင့် စခန်းကော်မီတီကိုယ်စားလှယ်များအား ယခုလိုမေးမြန်းခဲ့သည်။

"မြန်မာ နိုင်ငံရေး ပြောင်းလဲလာမူ အခြေနေနဲ့ ပတ်သက်ပြီးတော့မှ အကျိုးသက်ရောက်မူ တွေက ဒီ စခန်းထဲမှာ ဘယ်လို့ ဂရက် ရိုက်ခတ်မူတွေ ရှိနေခဲ့လဲ… ဥပမာ ကောင်းတဲ့ ဘက်မှာရော ဆိုးတဲ့ ဘက်မှာပါ အနည်းချက် အားသာ ချက် ဘာတွေရှိလဲ အပစ်ခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်အရး ထိုးပြီးတဲ့နောက်ပိုင်းမှာ စခန်းထဲမှာ ဘယ်လို အကျိုးသက်ရောက်မူတွေ ရှိလဲဆိုတာ ရှင်းပြပေးပါ"
အလှူရှင်များနှင့်တွေ့ဆုံပွဲတွင် ဒုက္ခသည်ပင်မကော်မီတီ၊ ပညာရေးဌာန၊ အမျိုးသမီးအစည်းအရုံး၊ ကျန်းမာရေးဌာန၊ လူငယ်နှင့်ရပ်ကွက်လူကြီးများ တက်ရောက်ခဲ့ပြီး အလှူရှင်၏မေးမြန်းချက်အပေါ် စခန်းကော်မီတီဥက္ကဌ အီရယ်က ယခုလိုပြန်လည် ဖြေကြားခဲ့သည်။

"အခြေနေကတော့ ဘယ်နေ့ ဘယ်ရက်မှာ ဘယ်နနစ် ကြာမလဲဆိုတာကတော့ မပြောတတ်သေးဘူး အခုက ဆွေးနွေးပွဲပဲ ရှိသေးတယ် စားပွဲပေါ်မှာတော့ မရောက်သေးပဲနဲ့ကတော့ အခြေနေ ကောင်းလာမယ် ဆိုတာက အဲတာက သတ်မှတ်လို့ မရသေးဘူးပေါ့လေး အခုလို ကျနော်မြင်တာက ရှေ့ဆက်နေဖို့က သုံးလေးငါးနှစ်လောက် ကြာနေအုံးမယ်လို့ ကျနော် မြင်တယ်”

မြန်မာနိုင်ငံ နိုင်ငံရေးအခြေနေပြောင်းလဲလာအချိန်တွင် နိုင်ငံတကာ အလှုရှင်များက ပြည်တွင်းဖက်တို့ အကူအညီများ တိုးမြင့်လာရသောကြောင့် ထိုင်းနယ်စပ် ဒုက္ခသည်များကို အကူအညီများလျော့ချလျက် ရှိသည်။ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်တွင် ကရင်နီဒုက္ခသည်အမှတ်-၁နှင့် အမှတ်-၂ ဒုက္ခသည်စခန်းနှစ်ခုရှိပြီး စုစုပေါင်းလူဦးရေ ၁၆၀၀၀ ကျော်ရှိသည်။

No comments: