Monday, November 4, 2013

ကြေးနီစီမံကိန်းကိစ္စနဲ့ အင်ကြင်းတောင်ပေါ်မှာ သပိတ်စခန်းဖွင့်လှစ်

ABC

စစ်ကိုင်းတိုင်းဒေသကြီး ​ဆားလင်းကြီးမြို့နယ် ​လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်းအတွင်းရှိ ​အင်ကြင်းတောင်ပေါ်မှာ ​သံဃာတော်တွေ ​ဦးဆောင်တဲ့ ​သပိတ်စခန်း ​၁ ​ခုကို ​နိုဝင်ဘာလ ​၂ ​ရက်နေ့ကစပြီး ​ဖွင့်လှစ်ခဲ့တယ်လို့ ​လက်ပံတောင်းတောင် ​ဒေသခံတွေက ​ပြောပါတယ်။

သိမ်တော်ကြီး ​စေတီတော်နားမှာ ​မိုင်းခွဲခဲ့တာကြောင့် ​စေတီတော်မှာ ​အက်ကြောင်းတွေ ​ဖြစ်ပေါ်ခဲ့တဲ့ ​သတင်းတွေထွက်ပေါ်ပြီးနောက် ​ဒေသခံတွေက ​စေတီတော်ကို ​ကြည့်ရှုစစ်ဆေးဖို့ ​တောင်းဆိုတာကို ​သက်ဆိုင်ရာက ​မလိုက်လျောတဲ့အတွက် ​အခုလို ​သပိတ်စခန်းဖွင့်ပြီး ​တောင်းဆိုနေတာဖြစ်တဲ့အကြောင်း ​တုံကျေးရွာ ​အုပ်စုက ​လယ်သမားခေါင်းဆောင် ​ကိုမင်းမင်းက ​ပြောပါတယ်။

“စီမံကိန်းကြီးကို ​စပြီးတော့ ​ယမ်းတွေ ​ဖောက်ခွဲနေတဲ့အခါမှာ ​သိမ်ဘုရားမှာလည်း ​အက်ကြောင်းတွေ ​ထင်သွားတယ်လို့ ​ကျွန်တော်တို့ ​သတင်းရတယ်။ ​အဲဒီဟာအတွက် ​သိမ်ဘုရားကို ​တက်ပြီး ​ကြည့်ရှုခွင့်တောင်းတယ်။ ​တစ်ပြားမှကို ​လုံးဝကို ​မပေးဘူး။ ​အဲဒါမပေးတဲ့အတွက် ​ဒါမရမခြင်း ​ကျွန်တော်တို့ ​မပြန်ဘူးဆိုပြီးတော့ ​ဆည်တဲကျေးရွာရဲ့အနောက်ဖက် ​အင်ကြင်းတောင်ပေါ်မှာ ​ကျွန်တော်တို့ ​သပိတ်စခန်းဖွင့်ပြီး ​တောင်းဆိုနေတယ်ခင်ဗျ။”


အခုလို ​သပိတ်စခန်း ​ဖွင့်လှစ်တောင်းဆိုနေပေမယ့် ​အစိုးရဘက်က ​လာရောက် ​ညှိနှိုင်းတာ ​မရှိသေးဘူးလို့လည်း ​ဆိုပါတယ်။

လက်ပံတောင်းတောင် ​ကြေးနီစီမံကိန်း ​စုံစမ်းစစ်ဆေးရေး ​ကော်မရှင်ရဲ့ ​အစီရင်ခံစာထဲမှာ ​စီမံကိန်း ​မစတင်ခင် ​သာသနိက ​အဆေက်အအုံတွေကို ​လွတ်ကင်းတဲ့နေရာကို ​ပြောင်းရွှေ့ပေးဖို့ ​အကြံပြုထားပြီး ​ဒီလို ​ပြောင်းရွှေ့တဲ့ ​နေရာဟာလည်း ​သံဃာတော်တွေနဲ့ ​ဒေသခံတွေ ​ကျေနပ်မှုရှိတဲ့ ​နေရာကို ​ပြောင်းရွှေ့ပေးဖို့ ​တိုက်တွန်းထားပြီး ​အဲဒီအစီရင်ခံစာပါအတိုင်း ​လုပ်ဆောင်ပေးဖို့ ​ဒေသခံတွေက ​တောင်းဆိုကြတဲ့အကြောင်း ​ရေဒီယိုသြစတြေးလျ ​သတင်းထောက် ​စူးရှက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: