Sunday, November 10, 2013

တရားမဝင်ကုန်စည်များကို Mobile Team များဖြင့် ဖမ်းဆီးရာ တစ်နှစ်အတွင်း ရှစ်ဘီလီယံကျော် ဖမ်းမိ

ထင်လင်းအောင်

မြန်မာတစ်နိုင်ငံလုံးရှိ တရားမဝင် ကုန်ပစ္စည်းများတင်သွင်းမှုကို စီမံချက်ဖြင့် လိုက်လံဖမ်းဆီးနေရာ တစ်နှစ်အတွင်း ၈ ဒသမ၂ဘီလီယံခန့် ဖမ်းဆီးရမိသည်ဟု တရားမဝင်ကုန်သည်မှုတားဆီးရေး ဗဟိုကော်မတီ( ရန်ကုန်ဆိပ်ကမ်းနယ်မြေ)မှ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က နိုဝင်ဘာလ ၈ရက်က ရန်ကုန်မြို့ရှိ စီးပွားကူးသန်းဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

တရားမဝင်ကုန်ပစ္စည်းများကို ရန်ကုန်တိုင်းမှအပ ကျန်တိုင်းဒေသကြီးများအားလုံးတွင် ဖမ်းဆီးမှု တန်ဖိုးသည် ၇ဒသမ၂ဘီလီယံရှိပြီး ရန်ကုန်တိုင်းတစ်တိုင်းတည်းတွင် ပညာပေးကာလ၌ ၃၃၁၃သိန်းနှင့် အရေးယူကာလတွင် ၆၄၇သိန်း စုစုပေါင်း ကျပ်သိန်းပေါင်း ၃၉၆၀ဖိုး ဖမ်းဆီးရမိခြင်းဖြစ်သည်။ ထိုသို့ဖမ်းဆီးမှုများကို ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၁ရက်မှ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၇ရက်အထိ ပြည်နယ်နှင့်တိုင်း ဒေသကြီး အသီးသီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

No comments: