Tuesday, April 22, 2014

ကိုမင်းကိုနိုင်က အပြာဝတ်စုံ ကဗျာနဲ့ ဦးဝင်းတင်အား ဂုဏ်ပြု

တင့်ဆွေမောင်

၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်မှ အမှတ်တရ ကဗျာတစ်ပုဒ်ရေးသားကာ ဦးဝင်းတင်အား ယမန်နေ့က ဂုဏ်ပြုခဲ့သည်။

ပြည်လမ်း ရန်ကုန်တက္ကသိုလ်ရှေ့ ယုဒသဿန်ခန်းမတွင် ပြုလုပ်ထားသော ဦးဝင်းတင်အား ဂါရ၀ပြုပွဲသို့ ယမန်နေ့က ဦးကိုကိုကြီးနှင့် အတူ တက်ရောက်လာစဉ် အဖြူရောင် စက္ကူပြားပေါ်၌ ယင်းကဗျာလေးအားရေးပြီး ဂုဏ်ပြုသွားခဲ့ခြင်း ဖြစ်သည်။

လျှပ်တပြက်ရေးသားသွားခဲ့သည့် ကဗျာလေးတွေတွင် စာလုံးအများစုကို အနက်ရောင်ဖြင့် ရေးသားပြီး “ အပြာ” စကားလုံးကိုမူ မိုးပြာရောင်ဖြင့် ရေးသားထားသည်။

ကဗျာတိုလေးမှာ အောက်ပါအတိုင်း ဖြစ်သည်။

သူယုံကြည်စွာ ဆင်မြန်းခဲ့တဲ့

“ အပြာ” ၀တ်စုံတွေနဲ့ပဲ

သူရဲ့ နောက်ဆုံးခရီးကို ဂုဏ်ပြုလိုက်ကြရအောင်။

No comments: