ဇော်ဇော်ထွေး
စမ်းချောင်းမြို့နယ်တွင် အမျိုးသမီးနှစ်ဦး နေထိုင်သည့်အိမ်အတွင်းမှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့သ ဖြင့် မြို့နယ်ရဲစခန်းက မူးယစ်ဆေး လက်ဝယ်တွေ့ရှိမှုဖြင့် ဧပြီ ၂၂ ရက်တွင် စစ်ဆေးနေသည်။
ညနေ ၅ နာရီခွဲခန့်က မြောက်ပိုင်းခရိုင် မူးယစ်ဆေးဝါးတပ်ဖွဲ့သည် ကြိုတင်သတင်းအရ ဗဟိုလမ်းနှင့် မြ သီတာလမ်းထောင့်ရှိ “သိန်းမြန်မာ” ဒိန်ချဉ်ဆိုင်ရှေ့တွင် စောင့်ဆိုင်းပြီး မသင်းသင်း(ခ) သင်းသက်လယ် (၂၄)နှစ်နှင့် မမေဇွန်ဦး (၂၅)နှစ်တို့ကို ဖမ်းဆီးကာ ၎င်းတို့နေထိုင်သည့် စမ်းချောင်း မြောက်ရပ်ကွက်၊ ဇလွန်လမ်းရှိ နေအိမ်သို့ မူးယစ်ဆေးဝါးရှာဖွေခွင့် ၀ရမ်းဖြင့် ရှာဖွေခဲ့သည်ဟု ဆိုသည်။
ရှာဖွေရာတွင် မသင်းသင်း(ခ) မသင်းသက်လယ်၏ ဘယ်ဘက်လက်အတွင်း ကိုင်ဆောင်ထားသည့် ပိုက်ဆံအိတ်အတွင်းမှ စိတ်ကြွဆေးပြား(၁၀)ပြားကို တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။
ဆက်လက်ရှာဖွေရာ အိပ်ခန်းအတွင်း ခြေရင်းဘက် နံရံထောင့်တွင် ဖုန်းထည့်သည့် စက္ကူဘူးအတွင်းမှ ခဲပြားဝိုင်းဖြင့် ပတ်ထုတ်ထားသည့် စိတ်ကြွဆေးပြား နှစ်ပြားကို တွေ့ရှိသည့်အပြင် စိတ်ကြွဆေးပြားသုံး စွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုပါ တွေ့ရှိထားသည်ဟု ဆိုသည်။
ထို့ကြောင့် ၎င်းတို့နှစ်ဦးကို မူးယစ်ဆေးဝါး လက်ဝယ်ထားရှိ သုံးစွဲသူအဖြစ် အရေးယူပေးရန် ရဲအုပ်သူရ ထွန်းလတ်က တိုင်တန်းထားရာ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သည့် ဆေးဝါး များဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၆ (ဂ)/၂၁ ဖြင့် အရေးယူရန် ပြစ်မှုကျူးလွန်မှု ရှိမရှိ အမှုဖွင့် ဖမ်းဆီးစစ်ဆေး နေသည်။
No comments:
Post a Comment