Friday, April 25, 2014

မြေလွတ် မြေရိုင်းများ ပြန်လည် အပ်နှံရန် မြေစီမံ ခန့်ခွဲရေး လုပ်ငန်းအဖွဲ့ ကြေညာ ချက်ထုတ်ပြန်

သျှမ်းသံတော်ဆင့် / ယိင်းတိုင်း

သျှမ်းပြည်နယ် မြေလွတ် မြေရိုင်များ စိမံခန့်ခွဲရေး လုပ်ငန်း အဖွဲ့က ခွင့်ပြုချက် ရထားသော အဖွဲ့အစည်း နှင့် ပုဂ္ဂိုလ်များအား ကြေငြာချက် ထုတ်ပြန်ကာ အသိပေး လိုက်ပါသည်။

၂၀၁၂ မတ်လ ၃၀ ရက်နေ့ ကပြဌာန်းခဲ့သော မြေလွတ် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ၊ အခန်း(၇)၊ ကြီးကြပ် ခြင်းပုဒ်မ (၂၂) အရ မူလခွင့်ပြုမိန့်ကာလထက်ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင် အသုံးပြုခြင်း မရှိ သေးသော မြေလွတ်မြေရိုင်းများကို လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသောပုဂ္ဂိုလ် နှင့်အဖွဲ့အစည်းများက နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဟု ပါရှိပါသည်။

မသုံးရသေးသည့် မြေလွတ်မြေရိုင်းများ ပြန်လည်အပ်နှံရန်ပါရှိသော အဆိုပါ ကြေညာချက် (၁/၂၀၁၄) ကို ဧပြီလ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။

ခွင့်ပြုမိန့်မူရင်းများနှင့်အတူ ၃၀/၅/၂၀၁၄ ရက်နေ့အတွင်း လာရောက်ဆက်သွယ် အပ်နှံကြရန် ကြေညာချက် တွင်ပါရှိပြီး သတ်မှတ်ရက်အတွင်း အပ်နှံခြင်းမပြုပါက မြေလွတ် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေနှင့် အညီ အရေးယူ မည်ဟုလည်း ပါရှိပါသည်။

No comments: