မျိုးသန့်
ဒါကာထရီဗျူးသတင်းစာ(Dhaka Tribune)တွင် မတ်လ၂၀ ရက်က ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းပြည်နယ်အောက်သို့ ပူးပေါင်းရန်ဖော်ပြချက်ကို ကန့်ကွက်ကြောင်းနှင့် သန်းခေါင်စာရင်း မှတ်တမ်းတွင် ရိုဟင်ဂျာလက်မခံကြောင်း ဧပြီလ ၃ ရက်က ၃၈ လမ်း၊ ၈၇-၈၉ လမ်းကြား ဦးပေစိဘုရား မှစ၍ ၃၈ လမ်းအတိုင်း ၈၄ လမ်းမှ တောင်ဘက်သို့ မဟာမုနိဘုရား လိပ်ကန်တည်ရှိရာနေရာအထိ ည နေသုံးနာရီခွဲမှ ညနေ ၅ နာရီခွဲအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည်။
“ရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းပြည်နယ်အောက်ကို ပူးပေါင်းဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒါကာထရိုင်ဗြွန်းသတင်းစာမှာ ဖော်ပြတာရော၊ သန်းခေါင်စာရင်းမှတ်တမ်းထဲမှာ ရိုဟင်ဂျာ မပါဝင်ဖူး ဆိုတာ သိစေချင်တာရော အခုလိုလုပ်တာဖြစ်ပါတယ်”ဟု ဆန္ဒဖော်ထုတ်ရန် စာတင်ခဲ့သူ ဒေါ်ကြည် ကြည်မာက ပြောသည်။
“ဘင်္ဂလားဒေ့ရှ်သတင်းစာမှာ ဖော်ပြချက်ကို လက်မခံတာကြောင့်ပါ။ ပြည်သူလူထုတွေအနေနဲ့ သိစေချင် တာကြောင့် ခုလို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်”ဟု ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်သူ ဦးသန်းဌေးက ပြောသည်။
ဆန္ဒထုတ်ဖော်လိုခြင်း အဓိကနှစ်ချက်အပြင် အခြားအချက်ကိုးချက်ကိုလည်း ကြွေးကြော်သံများအဖြစ် ထည့်သွင်းခဲ့ရာ ယင်းတို့မှာ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး ပြည်ထောင်စုကြီးငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေး ငြိမ်း ချမ်းရေး ရခိုင်ပြည်ကြီးငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးသူ၊ မြန်မာ့ရန်သူ ဒို့ရန်သူ၊ မြန်မာသမိုင်းမှာ ရိုဟင်ဂျာ လုံးဝမရှိပါ။ သမိုင်းလိမ်ညာ ရိုဟင်ဂျာ မောင်းထုတ်ပြစ်၊ မောင်းထုတ်ပြစ်၊ ရိုဟင်ဂျာကို လက်ခံ သူ ဒို့ရန်သူ၊ ရိုဟင်ဂျာအားပေးအားမြှောက် အမျိုးသားသစ္စာဖောက်၊ ဘင်္ဂါလီစာရင်းစစ် စာရင်းကောက် အလိုမရှိ၊ သန်းခေါင်စာရင်းမှတ်တမ်းမှာ ရိုဟင်ဂျာလက်မခံပါ၊ ပြည်တွင်းရေးကိုစွက်ဖက်သူ မြန်မာ့ရန်သူ ဒို့ရန်သူ၊ ရခိုင်ညီနောင်ဖွား၊ ပြည်သူများ ဒို့တိုင်းရင်းသား၊ ဒို့တိုင်းရင်းသား စသည်တို့ ဖြစ်သည်။
No comments:
Post a Comment