ဇော်ဇော်ထွေး
အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၃)တွင် မတ်လ ၃၀ ရက် ညနေက ယာဉ်နောက်လိုက်တစ်ဦး ကားကြိတ်သေဆုံးခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ယင်းနေ့ ညနေ ၅ နာရီခွဲခန့်က ယာဉ် မောင်းဖြစ်သူ ကိုဝေဇင်ထွန်း (၂၃)နှစ်သည် ဦးထွန်းညိုလမ်း၊ “လှသိင်္ဂီ” စက်ရုံအနီး လမ်းဘေးတွင် ရပ်ထားသည့် နစ်ဆန်းထရပ် အစိမ်းရောင် နောက်တွဲယာဉ်ကို ရှေ့သို့ မောင်း ထွက်စဉ် ယာဉ်နောက်တွဲအောက်ရှိ ယာဉ်နောက်လိုက် ကိုသူရအောင် (၂၁) နှစ် ပဲခူးတိုင်းဒေသကြီးနေသူကို နောက်တွဲ ၀ဲဘက်ဘီးဖြင့် ကြိတ်မိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။
ယာဉ်နောက်လိုက်ဖြစ်သူမှာ နှာခေါင်းသွေးထွက်ဒဏ်ရာရရှိပြီး သေဆုံးသွားသဖြင့် အင်းစိန်ဆေးရုံတွင် ပီအာရ် ၀၆ ဖြင့် လက်ခံထားသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မောင်းဖြစ်သူ ကိုဝေဇင်ထွန်းကို ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် အရေးယူ ပေးရန် ယာဉ်ထိန်းတပ်ဖွဲ့စု(၁၄)မှ ရဲအုပ် သောင်းနိုင် ထွန်းက အမှုဖွင့်တိုင်တန်းထားသည်
လက်ရှိတွင် ယာဉ်မောင်းသူကို အင်းစိန်ရဲစခန်းက (ပ)၃၇/၂၀၁၄ ဖြင့် အမှု ဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အရေးယူ ရန် ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်း ထုတ်ပြန်ထားသည်။
No comments:
Post a Comment