ဇော်ဇော်ထွေး
တောင်ငူမှ ရန်ကုန်မြို့သို့ ဈေးလာဝယ်သူတစ်ဦး ငွေကျပ် ၄၆ သိန်း ခိုးယူခံလိုက် ရသဖြင့် မတ်လ ၃၀ရက် လသာ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းထားသည်။
မတ်လ ၂၉ ရက်က တောင်ငူမြို့၊ (၁၅) ရပ်ကွက်နေ ဦးမြင့်အောင် (၆၄)နှစ်သည် သမီးဖြစ်သူနှင့်အတူ ဂန်္ထ၀င်ယာဉ်လိုင်း ခရီးသည်တင် အမြန်ယာဉ်ဖြင့် တောင်ငူမြို့ မှ ရန်ကုန်သို့လာရောက်ခဲ့ပြီး မတ်လ ၃၀ ရက် နံနက် ၃ နာရီတွင် အောင်မင်္ဂလာ အဝေးပြေးဝင်းသို့ ရောက်ရှိရာ နံနက် ၅ နာရီခွဲတွင် (၄၃)ယာဉ် လိုင်းခရီးသည်တင် ယာဉ်ဖြင့် ဆူးလေသို့ လာရောက်ခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆိုထားသည်။
နံနက် ၉ နာရီတွင် လသာမြို့နယ် (၈) ရပ်ကွက်၊ (၂၄)လမ်းရှိ “ဟပ်စိန်” ဦးထုပ် ဆိုင်သို့ ရောက်ရှိပြီး ဆိုင်အတွင်း ၀င်ပေါက် နှင့် လေးပေခန့်အကွာ အောက်ခင်းတွင် ယူလာသည့် အနက်ရောင် လက်ဆွဲအိတ် ကို ချကာ ဦးထုပ်ဝယ်ယူခဲ့သည်။
ဦးထုပ်ဖိုးငွေ ရှင်းမည်ပြုစဉ် ပါလာ သည့် လက်ဆွဲအိတ်မှာ ပွင့်နေပြီး အိတ်အတွင်း လိမေ်္မ်ာရောင် ပိုက်ဆံအိတ်နှင့်အတူ ထည့်ထားသည့် ငွေကျပ် ၄၆သိန်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့မှာ ပျောက်ဆုံး နေသည်ကို တွေ့ရသည်။
အဆိုပါ ငွေများ ပျောက်ဆုံးမှုကြောင့် ခိုးယူသူကို ဖော်ထုတ်အရေးယူပေးရန် ဦးမြင့်အောင်က အမှုဖွင့် တိုင်တန်းလိုက် သဖြင့် လသာရဲစခန်းက (ပ)၈၂/၂၀၁၄ ဖြင့် အမှုဖွင့်ခဲ့သည်။
ယင်းတိုင်တန်းမှုနှင့်ပတ်သက်၍ ခိုးယူ သူအား ဖော်ထုတ်ရရှိပါက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၉ ဖြင့် တရားစွဲတင် အရေးယူပေးသွားမည်ဟု လသာရဲစခန်းက ဆိုထားသည်။
No comments:
Post a Comment