ဇော်ဇော်ထွေး
မင်္ဂလာဒုံမြို့နယ်တွင် မထသ ယာဉ်လိုင်းဂိတ်တဲအား ယာဉ်အကူဖြစ်သူက မီးရှို့ခဲ့သည်ဟု သိရသဖြင့် ထောက်ကြန့်နယ်မြေရဲစခန်းက ဧပြီ ၅ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့ရုံးက သတင်း ထုတ်ပြန်သည်။
အဆိုပါ အမှုကို အနောက်ပိုင်းခရိုင် မထသ ဌာနခွဲ(၁)မှ ကြီးကြပ်ရေးမှူးဖြစ်သူ ဦးမြင့်စိန်က အမှုဖွင့်တိုင် တန်းခဲ့ခြင်း ဖြစ်သည်။
တရားလိုသည် ဧပြီ ၄ ရက်၊ ညနေက ထောက်ကြန့်မြို့ရှောင်လမ်းဘေးရှိ မထသ (၂၃၆) ဒိုင်နာဂိတ်တွင် တာဝန်ထမ်းဆောင်ပြီး အိမ်သို့ပြန်သွားခဲ့ပြီး ဧပြီ ၅ ရက် နံနက်တွင် ဂိတ်မှူးဇင်အောင်ကျော်က ဂိတ်တဲတွင် မီးလောင်ရာများ တွေ့ရှိသည်ဟု ဆက်သွယ်အကြောင်းကြားခဲ့သည်။
ဂိတ်တဲသို့လာရောက်ခဲ့ရာတွင် အလျား ငါးပေ၊ အနံ လေးပေ၊ အမြင့် ရှစ်ပေခန့်ရှိ သွပ်မိုး၊ ပျဉ်ခင်း၊ ရှေ့မျက် ခွပ် သံဇကာကွက် ကာထားသည့် ပလပ်စတစ်နှင့်၊ ဂိတ်တဲအတွင်း ခရီးစဉ် မှတ်တမ်းစာအုပ်တို့မှာ မီးလောင်ပျက်စီးနေသည်ကို တွေ့ရှိသည်ဟု ရဲကို တိုင်ကြားထားသည်။
အဆိုပါ မီးလောင်မှုမှာ ဧပြီ ၄ ရက်၊ ညနေ ၆ နာရီအချိန်က လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယာဉ်လိုင်းမှ ယာဉ်မောင်းဖြစ်သူ ထွန်းထွန်းတို့က မီးငြိမ်းသတ်ပေးခဲ့သည်ဟု တရားလိုက ထွက်ဆိုထားသည်။
ယင်းတိုင်တန်းမှုကို ထောက်ကြန့်နယ် မြေရဲစခန်းက (ပ)၉၇/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ယာဉ်မောင်းထွန်းထွန်းအား စစ်ဆေးခဲ့ရာ မီးရှို့သူမှာ ယာဉ်နောက်လိုက် ဖြစ်သည့် သာဂိဆိုသူဖြစ်သည်ဟု ရဲဌာနက ကနဦးယူဆထားသည်။
No comments:
Post a Comment