နန်းမြင့်
လာဘ်ပေးလာဘ်ယူ အရေးယူမှုနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က လွှတ်တော် သို့ ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းခဲ့ရာ လာဘ်ပေးလာဘ်ယူ အရေးယူမှုကော်မတီက အမှု ၅၈ မှုကို ဖြေရှင်းနိုင်ခဲ့ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး အမှုသုံးမှုပါဝင်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းန့်က မဇ္ဈိမကို ဧပြီ ၉ ရက်တွင်ပြောသည်။
အဆိုပါ ကြယ်ပွင့်ပြမေးခွန်းတွင် “ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သော လာဘ်ပေးလာဘ်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီဖွဲ့စည်းပြီးနောက် အရေးယူမှု မည်မျှရှိသနည်းမေးခွန်းနှင့် တရားစွဲ အပြစ် ပေးအရေးယူသည့် အမှုမည်မျှရှိသနည်း”ဟု မေးမြန်းခဲ့ရာတွင် ယင်းကဲ့သို့ စာအိတ်ဖြင့် ပြန်ပို့ခဲ့ခြင်းဖြစ် သည်။
ဦးသိန်းညွန့်က “လာဘ်ပေးလာဘ်ယူနဲ့ပတ်သက်ပြီး ဒေါက်တာစိုင်းမောက်ခမ်း ကော်မတီက ဘာတွေလုပ် ထားလဲ မေးခွန်းကို ဧပြီ ၇ ရက်မှာ စာနဲ့ ပြန်ဖြေတယ်”ဟု ပြောသည်။
အမှုများမှာ အစိုးရအဖွဲ့နှင့် အခြားဌာနများ ၂၅ မှု၊ လယ်/ဆည်မြောင်းဝန်ကြီးဌာန ၁၁ မှု၊ ပြည်ထဲရေး ၀န်ကြီးဌာန ၁၀ မှု၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး သုံးမှု၊ ပညာရေးဝန်ကြီးဌာန နှစ်မှု၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနတစ်မှု၊ စွမ်းအင်ဝန်ကြီးဌာန တစ်မှု၊ သတ္တုတွင်းဝန်ကြီး ဌာန တစ်မှု၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန တစ်မှု၊ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန တစ်မှု၊ စက်မှုဝန်ကြီးဌာန တစ်မှုနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး တစ်မှုတို့ ဖြစ်သည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ် အမှုနှင့်ပတ်သက်ပြီး ဦးသိန်းညွန့် “အဖြေမှာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို ကိုယ်တိုင်လက်မှတ်ထိုးထားတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က သုံးမှုပဲ ကျူးလွန်တယ်ဆိုတော့ တစ်ခုခု လိုအပ်နေတယ်လို့ ကိုယ်ဘာသာကိုယ် မေးခွန်းပြန်ထုတ်မိတယ်။ ကြယ်ပွင့်ပြပြီး ပြည်သူသိအောင်မေးပေမယ့် လွှတ်တော်ပြီးမှ ကျွန်တော့်ဆီကို စာလေးနဲ့ ရောက်လာ တယ်”ဟုပြောသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အဖွဲ့ဝင် ၁၅ ဦး ပါဝင်သည့်လာဘ်ပေးလာဘ်ယူမှုပပျောက် ရေးကော်မရှင် ဖွဲ့စည်းပြီးပါက အဆိုပါ ဥပဒေနှင့်အညီ အဂတိလိုက်စားမှုများကိုထိရောက်စွာ အရေးယူ ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်ဟု ဦးသိန်းညွန့်၏ မေးမြန်မှုကို ကော်မတီက စာဖြင့် ဖြေကြားခဲ့သည်။
လာဘ်ပေးလာဘ်ယူမှုကော်မတီကို ၂၀၁၃ခုနှစ် ဇန်န၀ါရီ ၈ရက်က ဖွဲ့စည်းခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၃၁ ရက်အထိ တိုင်ကြားလာသည့်အမှုပေါင်း ၃၁၈ မှု ရှိခဲ့ပြီး ပဏာမစိစစ်ချက်အရပေါ်လွင်ထင်ရှားမှုရှိသော အမှု ၉၁ မှု၊ ပေါ်လွင်ထင်ရှားမှုမရှိသောအမှု ၁၈၃ မှုနှင့် စိစစ်ဆဲအမှု ၄၄ မှုတို့ ရှိသည်။
ထို့ပြင် ပေါ်လွင်မှုရှိသော အမှု ၉၁ တွင် လာဘ်ပေးလာဘ်ယူမှု ၄၁ မှု၊ တရားမ မှုဆိုင်ရာ ငါးမှု၊ စီမံခန့်ခွဲမှု အားနည်းချွတ်ချော်မှု ၄၀ မှုနှင့် မှုခင်းဆိုင်ရာ ငါးမှုတို့ဖြစ်ပြီး ယင်းအမှုများတွင် လယ်ယာမြေကိစ္စအများ အပါအ၀င် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အားနည်းချွတ်ချောမှု၊ လူမှုရေး၊ တရားမမှု ဆိုင်ရာ အငြင်းပွားမှု၊ မှုခင်းများနှင့် မလိုလားအပ်သည့် ငွေကြေးကောက်ခံမှုများ ဖြစ်ကြောင်း ဦးသိန်းညွန့်ထံ ပေးပို့သည့်စာတွင် ပါရှိသည်။
No comments:
Post a Comment