မျိုးသန့်
လွပ်လပ်စွာပြောဆိုခွင့် (Free Speech) ကို အထိုက်အလျောက် ရရှိလာရာတွင် အမုန်းပွားစေသော ပြောဆိုမှုများ ရောနှောပါဝင်မလာစေရန် ပန်းစကားလှုပ်ရှားမှုတစ်ရပ်ကို မန္တလေးမြို့ ဒိုင်းမွန်းပလာဇာရှေ့တွင် ဧပြီလ ၈ရက် နံနက် ၁၁ နာရီခန့်က ပြုလုပ်ခဲ့သည်။
“လူသားအချင်းချင်း အမုန်းမပွားစေဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” ဆောင်ပုဒ်ဖြင့် ပြုလုပ်ခဲ့သည့် အဆိုပါလှုပ်ရှားမှု၌ နှုတ်ကိုစောင့်စည်းခြင်း သင်္ကေတအဖြစ် ပိတောက်ပန်းကို ပါးစပ်တွင် ကိုက်၍ သရုပ်ဖော်ပြခဲ့သည်။
ယခုကဲ့သို့လုပ်ဆောင်ရခြင်းသည် အမုန်းပွားစေသော ပြောဆိုမှုအဆင့်ကိုကျော်ကာ အန္တရာယ်ရှိသည့် ပြောဆိုမှုများ အဆင့်အထိ ရောက်ရှိလာလျှင် တိုင်းပြည်ရှေ့ဆက်သွားရမည့် လမ်းကြောင်းအတွက် ကြီးမားသော အနှောင့်အယှက်တစ်ခုဖြစ်လာနိုင်သဖြင့် အများပြည်သူသိရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်လာကြစေရန် လက်ကမ်းစာစောင်များ၊ စတစ်ကာများနှင့် အကျများ ဝေငှပေးခြင်းဖြစ်သည်။
လှုပ်ရှားမှုများကို လစဉ်လုပ်ဆောင်သွားမည်ဖြစ်ကာ မည်သူမဆိုပါဝင်နိုင်မည်ဟုဆိုသည်။ ပါဝင်လိုသူများအတွက် ပန်းစကားလှုပ်ရှားဆောင်ရွက်မှုများကို ဖော်ပြမည့် www.facebook.com/panzagar page တစ်ခုကို ဖွင့်လှစ်ထားရှိသည်။
မန္တလေးမြို့တွင် ဒိုင်းမွန်းပလာဇာ၊ မင်္ဂလာဈေး၊ ဈေးချို တို့၌ ဧပြီလ ၈ရက်က ပြုလုပ်ခဲ့ပြီး ပခုက္ကူ၊ လားရှိုး၊ မုံရွာ စသည့်မြို့များတွင်လည်း ဧပြီလ ၈ ရက်က ပန်းစကားလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြသည်။ ယနေ့ ပန်းစကားလှုပ်ရှားမှုတွင် ကျောင်သားလူငယ်များ၊ လူမှုရေးအဖွဲ့အစည်းအချို့နှင့် ပြည်သူများပါဝင်ခဲ့သည်။
မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စီတန်းလှည့်လည်မှု ပြုလုပ်ရန် ဟုတ်မဟုတ် လာရောက်မေးမြန်းခဲ့သော်လည်း ပန်းစကားလှုပ်ရှားမှု ဖြစ်သဖြင့် တားမြစ်ခြင်း မရှိပေ။
No comments:
Post a Comment