မိချမ်းစွန်း
ယခင်က အပြင်လူ လေ့လာ ခွင့်မရခဲ့ သည့် လွှတ်တော် အစည်း အဝေးကို ယခု တက်ရောက်ခွင့် ပေးနေပြီး ဖြစ် သည် ဟု (၃)ရက်ကြာ ကျင်းပမည့် ပထမ အကြိမ်မွန်ပြည်နယ်လွှတ်တော်အဌမ ပုံမှန် အစည်း အဝေးအား တက်ရောက် လေ့လာ ခွင့်ရခဲ့သည့် အမျိုး သားဖွံ့ဖြိုး တိုးတက်ရေးသင်တန်း ကျောင်း (NEI) မှသင် တန်း ဆရာဦးကျော်စံဝင်းမှ ဆို ပါသည်။
“ ဒါ ပထမဆုံး တက်ရောက် လေ့လာခွင့် ရတာပါ။ အဖွဲ့ (၄)ဖွဲ့ တက်ရောက်ခွင့် ရတယ်။ အဓိက ပြောချင်တာက အ ရင်က မပေးခဲ့ ဘူးတဲ့ အခွင့် အရေးကို အခု ရခဲ့ တယ်။ အရင်က လွှတ်တော် မှာဆွေးနွေး ခဲ့ကြ တာကို မမြင်ခဲ့ရ၊ မကြား ခဲ့ရဘူး ဆိုတော့ ပွင့်လင်းမြင် သာမှု ဘယ်လောက် ရှိတယ် ဆိုတာ ကို မသိခဲ့ရ ဘူး လေ။ အခု လွတ်တော် ထဲ မှာလေ့ လာခွင့် ရတော့မှ ပွင့်ပွင့် လင်းလင်း ရှိလာတယ် လို့ဘဲ ပြောလို့ရတယ်” ဟုဆိုပါသည်။
လေ့လာခွင့် ရသူများ ပြောသော ပွင့်လင်းမှု ရှိလာသည်ဟု ဆိုခြင်းသည် ယေဘူယျ ဆန်ကြောင်း လွှတ်တော် ဟူသည် ဥပဒေ ပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာ ဏာ၊ တ ရား စီရင်ရေး အာဏာ များအား ဝေဖန် ပိုင်း ခြား နိုင်သော နေရာဖြစ် ကြောင်း၊ ဆုံဖြတ်ပိုင် ခွင့် ပေးနိုင်ပြီး လွတ်လပ်မှု ရှိရမည့် နေ ရာဖြစ်ကြောင်း ၊ လေ့လာသူများ ပြောသော ပွင့်လင်းမှု ရှိ လာသည်ဟု ဆိုရာတွင် မည့်သည့်အပေါ် ပွင့်လင်းလာသည်ကို အသေးစိပ် ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးကြော င်း ဝေဖန်သူ များက ဆိုပါသည်။
(၃) ရက်ကြာ ကျင်းပမည့် ယင်းလွှတ်တော် အစည်း အဝေး ၏ ပထမနေ့ ဖြစ်သည့် ဧပြီ (၈) ရက်နေ့ အခန်းအနား တွင်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းေ ကျာင်း (NEI) အဖွဲ့နှင့်မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဝင်များမှ လေ့ လာသူ စုစုပေါင်း၂၄ဦးတက် ရောက်ခွင့် ရခဲ့ပါသည်။ ဧပြီလ (၉)ရက်နေ့ နှင့် (၁၀) ရက်နေ့တွင် မူ NLD ပါတီ နှင့်ပြည်ထောင် စုကြံ့ခိုင်ရေး ပါတီတို့မှလေ့လာ သူများ တက်ရောက် လေ့လာမည် ဖြစ်ကြောင်း လွှတ်တော် ဥက္ကဌဦး ကြင်ဖေမှ ဆိုပါ သည်။
"ပါတီတွေ ကလည်း လက်ရှိ လွှတ်တော်ကိုလေ့လာချင် တယ်ဆိုပြီးလျောက်ထား ကြတော့အခုသူတို့ကိုလေ့လာ ခွင့်ပေးလိုက် တာပါဘဲ ။အခု လေ့လာ ခွင့်ရကြ တဲ့နိုင်ငံရေး ပါတီတွေ ဆိုတာ ဟာ လည်း နောင်တချိန်မှာ သူတို့တာ ၀န်တွေ ရခဲ့ရင် လုပ်ကိုင် ရမယ့် အတွေ့ အကြုံတွေ ရသွားတာပေါ့” ဟုဆိုပါသည်။
ထို့အပြင် နိုင်ငံရေး ပါတီများသာ မဟုတ်ဘဲ သာမာန် ပြည်သူ များလည်း လေ့လာ လိုပါက လျှောက်ထား နိုင်ပါ ကြောင်း ။ ထိုလျှောက်ထား ချက်များအား တာဝန်ရှိ သူ များမှ တဆင့်စီစစ်ပြီး လေ့လာခွင့် ပြုသွား မည်ဖြစ် သည်ဟု ဆိုပါသည်။
လွှတ်တော် အမတ်ဟူ သည် ပြည်သူမှေ ရွးချယ် တင်မြှောက်ခြင်း ဖြစ်သည်။ ပြည်သူ့ အလိုကို လွတ်လပ်စွာ တင်ပြပြီး ဥပဒေ အဖြစ် ဆုံးဖြတ်ပိုင်ခွင့် ရှိသူများ ဖြစ် သည်။ လွှတ်တော် သည်လည်း တရားဝင်လေ့လာ လိုသူများ အား ခွင့်ပြုသင့် သော နေရာဖြစ် သည်။ တချို့နိုင်ငံ များတွင် ၄င်းတို့၏ လွှတ်တော် အစည်း အဝေးကို ရုပ်မြင် သံကြားမှ တိုက် ရိုက် ပြသ ပေးခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ရေးဆွဲပြီး စည်းကမ်း ရှိသော ဒီမိုကရေ စနစ် ဖြင့် နိုင်ငံရေး အရ ပြု ပြင်ပြောင်း လဲ ပေးနေ သည်ဟု လက်ရှိ အာဏာရ ပါတီဝင် များက ဆိုနေပါသည်။ လွှတ်တော် ကို လည်း ရွေးကောက် ပွဲ ၀င်ပြိုင်စရာ မလိုသော စစ်တပ်ကိုယ် စားလှယ် (၂၅)ရာနှန်း နှင့် အာဏာ သိမ်းရန် မလိုသော နည်းလမ်းဖြင့် စု ဖွဲ့ ထားခဲ့ပါ သည်။ အများပြည်သူ လက်မ ခံနိုင်သော ဥပဒေများ ကို အာဏာရ ပါတီမှ ပြင် ဆင်ပေးမှု မရှိသေးဘဲ အချိန်ဆွဲ ထားသော လွှတ်တော် အမျိုးအစားသာ ဖြစ်နေ သည်ဟု ဝေဖန်နေကြပါသည်။
သက်တမ်း နုနယ်သေး သည့် မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ သည် အောက် လွှတ်တော် ပါလီမာန်နှင့် အာဏာရပါ တီတို့၏ သဘောထား အတိုင်းသာ ဖြစ်ေ န ခဲ့ပါသည်။ တချိန်ထဲတွင် စစ်တပ်၏ ပါဝင်မှုသည် ဒီမိုကရေစီ စနစ်ကို သံ သယပွား စရာ ဖြစ်နေခဲ့ပြီး ပြည်နယ် တိုင်း လွှတ်တော်များသည် လည်းရုပ်သေး လို ဖြစ်နေ ခဲ့ကြောင်း ဝေဖန်နေကြ ခြင်း ဖြစ်ပါသည်။

No comments:
Post a Comment