Saturday, April 5, 2014

လှည်းကူးတွင် မွတ်ဆလင် - မြန်မာ အရေး အခင်း ဖြစ်ပွားနေ

ရွေမြန်မာ


လှည်းကူးဒေသခံများ၏ ပြောဆိုချက်အရ ည ၇နာရီ ၄၅မိနစ်အထိ လှည်းကူးမြို့ပေါ်ရှိ လမ်းမပေါ်၌ အနည်းဆုံး ၅ထောင်ကျော်သော လူအုပ်ကြီးမှာ ဆက်လက်ရှိနေဆဲဖြစ်ပြီး ရန်ကုန်တိုင်းမှ ရဲတပ်ရင်းများ အခြေအနေများကို ထိန်းသိမ်းရန် ရောက်ရှိလာသည်ဟု ဆိုသည်။

နေ့လည်ပိုင်းတွင် ဆိုင်ရှင်ဖြစ်သူမှာ လူအုပ်ကြီး၏ ဝိုင်းပိတ်ဆို့မှုကြောင့် အိမ်တစ်အိမ်သို့ ဝင်ရောက်ပုန်းခိုရာ အဆိုပါနေအိမ်အား လူအုပ်ကြီးက ဝိုင်းထားပြီး ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်ဟု မျက်မြင်သက်သေများက ပြောဆိုခဲ့သည်။

လှည်းကူးဈေးမှာ မိုးကာစ ရောင်းချနေသူ ကလေးငယ်တစ်ဦး၏ မျက်လုံးအား ဆိုင်နီးနားချင်း (အစ္စလာမ်ဘာသာဝင်) တစ်ဦးက ကတ်ကြေးဖြင့် ထိုးရာက စပြီး ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ကလေးငယ် တိုက်ခိုက်ခံရပြီးနောက် တိုက်ခိုက်သူ၏ နေအိမ်အား လူအုပ်စုက ဝိုင်းဝန်းဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

No comments: