Sunday, April 20, 2014

မြန်မာနိုင်ငံကို တင်ပို့မည့် ရှုပီး ၉၇ သိန်းကျော် စိတ်ကြွဆေးပြား ဖမ်းဆီး

Khonumthung

မြန်မာနိုင်ငံကိုမှောင်ခိုတင်ပို့မည့် ရှုပီး ၉၇ သိန်းကျော် Pseudo-ephedrine ခေါ် စိတ်ကြွဆေးပြားကို အိန္ဒိယ အရှေ့ မြောက် မီဇိုရမ်ပြည်နယ်ရှိ Aizawl Superintendent Police (SP) District Special Branch က ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့တွင် ဖမ်းဆီးခဲ့တယ်လို့ သိရသည်။ ဆာလာအိတ် ၁၀ အိတ်ဖြင့် ထုတ်ထားသော အလေးချိန် ကေဂျီ ၁၉၀ ၊ တန်ဖိုးအားဖြင့် ရှုပီး ၉၇၃၇၅၀၀ တန် စိတ်ကြွ ဆေးပြားနဲ့အတူ တရားခံဟု ယူဆရသူ ဒေသခံမီဇိုလူမျိုး (၅) ဦး ကိုပါ ဒေသခံရဲများက Ngaizel ရပ်ကွက်တွင် ဖမ်း ဆီးခဲ့ခြင်းဖြစ်သည်။

ယခု ဖမ်းဆီးထားသောစိတ်ကြွဆေးပြားအပြင် အခြား ၄၊ ၅ နေရာတွင် ဖွက်ထားတာရှိနေသေးကြောင်း ဒေသခံ ရဲများ ကပြောတယ်လို့ The Aizawl Post သတင်းစာတွင် ဖော်ပြထားသည်။

Pseudoephedrine စိတ်ကြွဆေးပြားသည် အိန္ဒိယနိုင်ငံ နယူးဒေလီ၊ Chandikard မြို့တွင် ၀ယ်ယူကြပြီး မီဇို ရမ်ပြည် နယ်၊ မဏိပူရ် ပြည်နယ်များကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံသို့ တင်ပို့ကြလေ့ရှိကြသည်ဟု သိရသည်။

မန်မာနိုင်ငံတွင် အဆိုပါဆေးပြားဈေးနှုန်းမှာ တကပ်ကို ပုံမှန်အားဖြင့် ရှုပီး ၃.၅၀ ဖြင့် ပြန်လည်ရောင်းချကြကြောင်း ၂၀၁၄ ခုနှစ် နှစ်သစ်အတာသင်္ကြန်ကာလတွင်မူ တကပ် ရှုပီး ၄.၃၀ နှုန်းဖြင့် ရောင်းချနေကြသည်ဟု ပြောကြသည်။

ဆေးပြားကြောင့် တချို့သည် ငွေပင်ငွေရင်း ဆုံးရှုံးပြီး စီးပွားရေးနလံမထနိုင်တော့သည့် အခြေအနေသို့ ရောက် ရှိကြပြီး တချို့သည် ကလေးမြို့ပေါ်တွင် အိမ်မြေနေရာ ဈေးကြီးပေးဝယ်နေကြကြောင်း သိရသည်။

No comments: