ကိုတိုးကြီး
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူးတစ်ဦး ဆိုင်ကယ်စီးလာစဉ် လမ်းဘေးတွင် ချထားသည့် ကတ္တရာပုံးများကို တိုက်မိ၍ သေဆုံးခဲ့သည်ဟု စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေး မှူးရုံးမှ ပြောဆိုခွင့်ရှိသူက ဧပြီ ၇ ရက်တွင် မဇ္ဈိမကို ပြောသည်။
သေဆုံးသူမှာ ကျွန်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဒု-ဦးစီးမှူး အသက် (၃၃)နှစ်အရွယ် ဦးဝဏ္ဏစိုးဝင်းဖြစ်သည်ဟု ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့သည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း နှင့်အဖွဲ့ က အတည်ပြုပြောကြားသည်။
ဧပြီ ၆ ရက် နံနက်က ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ တပင်ရွှေထီးလမ်းမကြီးနေ ဦးကျော်မျိုးအောင် ဆိုသူ၏ နေအိမ်ရှေ့တံတား အနီးရှိ ကတ္တရာပုံးများကို တိုက်မိခဲ့ခြင်းဖြစ်သည်ဟု ပိတောက်မြိုင် ရပ်ကွက် နေ ဒေသခံတစ်ဦးက ပြောပြသည်။
ဝဲဘက် ပါးပွန်းပဲ့ဒဏ်ရာ၊ နဖူး၊ နှာခေါင်း၊ ပွန်းပဲ့ဒဏ်ရာ၊ နှုတ်ခမ်းပေါက်ပြဲ ဒဏ်ရာ၊ ၀ဲတံတောင်ဆစ် ပွန်းပဲ့ ဒဏ်ရာ၊ ယာမျက်လုံးဘေးပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည်ဟု မှုခင်းဆေးစာဌာန၏ မှတ်တမ်းများတွင် ဖော်ပြ ထားသည်။
“ဒု-ဦးစီးမှူး အခြေအနေကတော့ နံနက် ၆ နာရီခွဲအချိန်မှာ ဆေးကုသခံနေရင်း ဆုံးပါးသွားခဲ့ပါတယ်” ဟု ကျွန်းလှ ပြည်သူ့ဆေးရုံရှိ အမည်မဖော်လိုသူ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ ကျွန်းလှမြို့မ ရဲ စခန်းက ယာဉ်(ပ) ၁၃/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄(က)အရ ၎င်းအမှုကို စစ်ဆေးလျက်ရှိသည်။
No comments:
Post a Comment