မိချမ်းစွန်း
လာမည့် စာသင်နှစ်တွင် ကျောင်းချိန် အတွင်း မွန်စာပေ သင်ကြားခွင့် ကို အခြေခံ မူလတန်း အဆင့် ၌ ခွင့်ပြုမည် ဖြစ် သည်ဟု ပထမ အကြိမ် မွန်ပြည်နယ် လွှတ်ေ တာ် အဌမ ပုံမှန် အစည်းအဝေး မှ အတည်ပြု ခဲ့ ကြောင်း ကျိုက်မရောမြို့ နယ် အမှတ် (၂) မဲဆန္ဒနယ် ၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဖြစ်သူ နိုင် စံတင် မှ ဆိုပါသည်။
“လူမျိုး တစ်မျိုးဖြစ် တဲ့အတွက် ဒီလူမျိုးရဲ့ စာပေ သင်ကြာခွင့်ကို အရင်ကတည်း က ရှိသင့်တာပါ။ အရင်တုန်းက အာဏာရှင် စနစ်ဆိုတော့ မွန်စာပေကို တရားဝင် သင်ကြားခွင့် မပေးခဲ့ ဘူး။ အခု ဒီမိုကရေစီ စနစ် ရောက် မှ အဲဒီအ ခွင့် အရေးကို ပြန်ရလာခဲ့ တာလေ” ဟုဆိုပါသည်။
အခြေခံ မူလတန်း အဆင့် အထူးသဖြင့် သူငယ်တန်း အဆင့် ၊ ပထမတန်း အဆင့် နှင့် ဒုတိယတန်း အဆင့် (၃) ဆင့် ကို သင်ကြားနိုင် သည့် မွန်စာပေ သင်ရိုး ညွှန်း တမ်းကိုလည်း မော်လမြိုင် တက္ကသိုလ်မှ စာပေပညာ ရှင်များက ရေးဆွဲ နေကြသည်ဟု ဆိုပါသည်။ ထိုသင်ရိုးညွှန်း တမ်းနှင့်အတူ လာမည့် ၂၀၁၄-၁၅ ပညာသင်နှစ် တွင် ကျောင်းခေါ်ချိန် အတွင်းမှ ဖွံ့ ဖြိုး ရေး အချိန် ကို မွန်စာ သင်ကြား ချိန် အဖြစ် သတ်မှတ် မည်ဖြစ်ကြောင်း ပြည်နယ် လွှတ်တော်မှ ပြဌာန်းပေး လိုက်ခြင်း ဖြစ်ပါသည်။
မွန်စာပေ သင်ကြား ပေးမည့် မွန်ဘာသာသင် ကျောင်းဆရာ ဆရာမများ ကိုလည်း ပုံမှန်စာ သင်ကြား နေသော အ စိုးရခန့်ဆရာ ဆရာ မများကဲ့သို့လစာ တူ သတ်မှတ်မည် မဟုတ်သေးကြောင်း၊ ၄င်းတို့အား အစိုးရဘက်မှ တတ်နိုင် သမျှ သာ ထောက်ပံ့ သွား မည်ဖြစ် သည်ဟု လွှတ်တော်တွင် ဆွေးနွေး တင်ပြခဲ့ ပါသည်။
လစာကို အစိုးဖက် မှ သတ်သတ် မှတ်မှတ် ပြဌာန်း ပေးထားခြင်း မရှိသေးသော်လည်း ယခင်နှစ်ပိုင်း တွင် ကျောင်းချိန် ပြင်ပ၌ သင်ကြားပေး ခဲ့သော မွန်ဘာ သာ ကျောင်း ဆရာ ဆရာမများ ကို တဦးလျှင် တလ ကျပ် (၃၃၀၀၀ ) ဖြင့် အစိုး ရဖက်မှ ထောက်ပံ့ ကူညီပေး ခဲ့သည် ဟု ဆိုပါသည်။
ဤ အစီစဉ် သည် ပြည်သူ့လွှတ်တော် နှင့် အမျိုးသား လွှတ်တော် တို့၏ တရားဝင်ပြဌာန်း ပေးသော ဥပဒေ ကို အ ကောင်အထည် ဖေါ်ခြင်း မဟုတ်ကြောင်း၊ ဤ ဆုံးဖြတ်ချက် သည် ပြည်နယ် လွှတ်တော်မှ လိုအပ်သည့် ဒေသန္တရ ဆုံး ဖြတ်ချက်သာ ဖြစ်ပါသည်။
ဤသို့ကြောင့် အသုံးပြု ရမည့် ဘတ်ချက်ကို ပညာရေး ၀န်ကြီးဌာန ၏ အသုံး စရိတ် ထဲမှ ခွဲတမ်း မဟုတ်သဖြင့် လစာ နှင့် ကျောင်းဆရာ အရေ အတွက်များ ကို တိတိကျကျ မဆုံးဖြတ် နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ဤသည် မြန်မာနိုင်ငံ ၏ နိုင်ငံတော် အခြေခံ ဖွဲ့စည်းပုံ ၌ တိုင်းရင်းသား စာပေ သင်ကြားရေး အား တိကျစွာ ပြဌာန်း ထားခြင်း မရှိခြင်းကြောင့် ဖြစ်ပါသည်။
ထို့အပြင် တိုင်းရင်းသား စာပေ သင်ကြားရေး တွင် တိကျသော ရည်မှန်း ချက်လည်း ရှင်းပြထား ခြင်းမရှိ သေးပေ။ တိုင်းရင်းသား စာပေများ ကို အစိုးရမှ တရား ၀င် သင်ကြားခွင့် ပေးခြင်းသည် တိုင်းရင်းသား စာပေကို တွဲဖက် ရုံးသုံး စာပေ အဖြစ် အသိအမှတ် ပြုလာနိုင်စရာ ရှိလေမလား စဉ်းစားမှု အဆင့်၌သာ ရှိပါသေး သည်။
အလားတူ သင်ရိုး ညွှန်းတမ်း ပြသနာများ၊ မွန်ပြည် နယ်ရှိ တခြားတိုင်း ရင်းသား လူမျိုးများ ၏ စာပေ သင်ကြားခွင့် အ ခွင့် အရေးများ၊ အထူးသဖြင့် ကရင် ၊ ပအိုဝ့် စသော စာပေများ သင်ကြားခွင့် သဘောထား များ အပြင် ဥပဒေ အရ တရားဝင် ရေးများကို လွှတ်တော်မှ ရှင်း ရှင်း လင်းလင်း ဆွေးနွေး ပြီး ဆုံးဖြတ်ချက် တခုခု ရှိသင့်ပေသည်။
“ ၀န်ကြီးချုပ် ဦးနု ရဲ့ ပဆပလ ခေတ်တုန်း ကဆိုရင် မွန်စာပေကို ကျောင်းချိန်တွေမှာ သင်ကြားခွင့် ရခဲ့ဖူးပါ တယ်။ နောက် စစ် အစိုးရ မဆလ လက်ထက်ရောက်ေ တာ့ မှ အဲဒီအခွင့် အရေးတွေ ဆုံးရှုံးခဲ့ရပါတယ်။ ဘယ်လောက် ဆုံး ရှုံး ခဲ့သလဲ ဆိုရင် နွေရာသီ စာပေ သင်ကြားရေး မှာတောင် သံသယတွေ ကြား က သင်ခဲ့ရ တယ်” ဟု လွှတ်တော်အမတ် ဦးအောင်နိုင်ဦးက ပြောပါသည်။
မည်သို့ ပင်ဆိုစေ နည်း ဥပဒေ ပြဌာန်းချက် မရှိသေးသည့် အချိန် ကာလတွင် လုပ်သင့် လုပ်ထိုက်သော ကိစ္စတခုကို မွန်ပြည်နယ် လွှတ်တော်မှ စတင်ဆုံးဖြတ် လိုက်ခြင်းပင် ဖြစ်ပါသည်။ မွန်ပြည်နယ် လွှတ်တော် သည် ဤကဲ့သို့ လုပ် သင့် လုပ်ထိုက် သော ကိစ္စများ အပြင် လွှတ်တော် ဥက္ကဌ နိုင်ကြင်ဖေသည် လွှတ်တော် အစည်းအဝေး ကျင်းပပုံ များ ကိုလည်း ၄င်းပြည် နယ်ရှိ ပါတီများ နှင့် လွှတ်တော်ကို စိတ်ဝင်စား သည့် တသီးပုဂ္ဂလ များကိုပါ တက်ရောက် ကြား နာခွင့် ပေးနြေ ပီး ဖြစ်ပါသည်။
မွန်ပြည်နယ် ရှိ လွတ်လပ်သည့် မွန်စာပေ နှင့် ဟဉ်ကျေးမှု ကော်မီတီ ကလည်း မွန်ပြည်နယ် အတွင်း မွန်စာပေ သင် ကြားရေးကို ဆောင်ရွက်ရာတွင် သင်ကြားေ ရး ကို ပိုမို ထိရောက် စေရန် ရှိသင့် ရှိ ထိုက်သော သင်တန်း (TT)များ၊ သင်ရိုးများ နှင့် အခြားပြင်ဆင်မှု များပါ လုပ်ဆောင် သင့်ကြောင်း လွတ်လပ်သည့် မွန် စာေ ပ နှင့် ယဉ် ကျေးမှု ကော်မီ တီ ဒုတိယ ဥက္ကဌ ဒေါက်တာ မင်းကြည်ဝင်းက ဆိုပါသည်။
ဤကဲ့သို့ သော အမြင်များ ပါဝင်နိုင်ရန် မွန်ပြည်နယ် လွှတ်တော် သည် ပြီးခဲ့သည့် မတ်လ၂၂ရက်နေ့၌မွန်ပြည်နယ်လွှတ်တော် ခန်းမတွင်ကျောင်းချိန် တွင်းမွန် စာပေ သင်ကြားရေး၊မွန်အမျိုးသား ကျောင်းများ အပေါ် သဘောထား များ နှင့်နွေရာသီ မွန်စာပေသင်ကြားရေး ကိစ္စများ ပါဝင်သည့် ဆွေးနွေးပွဲ တရပ် ကို ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ မြို့ နယ်များမှမွန်စာပေ ယဉ်ကျေးမှုကော်မတီဝင် များ အပါဝင် အခြား တိုင်းရင်းသားကိုယ်စားလှယ် များတို့နှင့် တိုင်ပင်ဆွေး နွေးပြီး အဖြေရှာ ခဲ့ ကြ ပါသည်။

No comments:
Post a Comment