ABC
မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမူကြမ်းတစ်ခုရဖို့အတွက် စနေနေ့က ရန်ကုန်မြို့ မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ အစည်းအဝေး စတင်ပြုလုပ်ခဲ့ပါတယ်။
ဒီဧပြီလထဲမှာပဲ ကရင်ပြည်နယ် ဖားအံမြို့မှာ ပြုလုပ်မယ့် အပစ်အခတ်ရပ်စဲရေး အစည်းအဝေး မတိုင်ခင် ဒီမူကြမ်းကို အတည်ပြုနိုင်ဖို့အတွက် ညှိနှိုင်း ဆွေးနွေး မှုတွေ ပြုလုပ်နေ ကြတာလည်း ဖြစ်ပါတယ်။
အဆိုပါ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်း တစ်ခု ရနိုင်ဖို့ အတွက် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး NCCT အဖွဲ့အပြင် တခြား လက်နက်ကိုင် အဖွဲ့တွေဖြစ်ကြတဲ့ ၀ ပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ (UWSA) ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ အမျိုးသား ဒီမိုကရက်တစ် တပ်ပေါင်းစု (NDAA)၊ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCNK-K) အဖွဲ့နဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား တပ်မတော် (ABSDF) အဖွဲ့တွေလည်း တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်က ကိုယ်စားလှယ်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေလည်း တက်ရောက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲကို တနင်္ဂနွေနေ့အထိ ဆက်လက် ဆွေးနွေးခဲ့ကြ တယ်လို့ သိရပေမယ့် အဓိက ဆွေးနွေးခဲ့ကြတဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ပြောဆိုခြင်း တစုံတရာ မရှိသေးဘူးလို့လည်း သိရပါတယ်။

No comments:
Post a Comment