ရွှေရည်ဝင်းထက်
နိုင်ငံရေးပါတီ ၁၁ ခုဖြင့် ဖွဲ့စည်းထားသော ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ (FDA) ၀င်များအကြား ၂၀၁၄ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်သတ်မှတ်ရေး ညှိနှိုင်းဆွေး နွေးခြင်းများကို ဧပြီ ၈ မှ စတင်ပြုလုပ်သွားမည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။
“အဲဒီနေ့မှာ လူစုံရင်တော့ ဒါနဲ့ပတ်သက်ပြီး တိတိကျကျ စပြီး ဆွေးနွေးဖြစ်မယ်”ဟု ၎င်းက ဧပြီ ၃ ရက် တွင် မဇ္ဈိမကို ပြောသည်။ မဲဆန္ဒနယ်တစ်ခုတည်းတွင် အဖွဲ့ဝင်ပါတီတစ်ခုထက်ပို၍ ၀င်ရောက်ယှဉ်ပြိုင် ခြင်းမပြုရန် FDA က မူချမှတ်ထားသည်ဖြစ်၍ ယင်းသို့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် စီစဉ်ကြခြင်းဖြစ် သည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ တစ်ခုတည်းအနေဖြင့်မူ လစ်လပ် ၃၁ နေရာတွင်၂၀ ခန့် ၀င်ရောက် ယှဉ်ပြိုင်ရန် မျှော်မှန်းထားသော်လည်း သက်ဆိုင်ရာ ဒေသအတွင်းရှိ FDA အဖွဲ့ဝင်ပါတီအချို့နှင့် ညှိနှိုင်း ရဦးမည်ဟု ဥက္ကဋ္ဌဦးခင်မောင်ဆွေက ဆိုသည်။
“ချင်းပြည်နယ်ရော၊ ကံမ၊ ရေနံချောင်း မဲဆန္ဒနယ်တွေက မသေချာသေးတဲ့ မဲဆန္ဒနယ်တွေပါ။ နေရာ ၂၀ ၀င်ဖို့ဆိုတာ စီစဉ်ထားဆဲပါ”ဟု ၄င်းက ပြောသည်။
FDA အဖွဲ့ဝင် ချင်းတိုးတက်ရေးပါတီကလည်း ညှိနှိုင်းမှုများ မပြုလုပ်ရသေးသဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်စာရင်းကို အတည်မပြုနိုင်သေးဟု ဥက္ကဋ္ဌဦးနိုထန်ကပ်က ပြောသည်။ ချင်းပြည်နယ်တွင် ပြည် သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်နေရာ လစ်လပ်နေသည်။ ရန်ကုန်မြို့တွင် အဓိက အခြေစိုက် သည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဋ္ဌဦးသုဝေကလည်း အဖွဲ့ဝင်များ၏ စုပေါင်းဆုံးဖြတ်ချက်ဖြင့်သာ ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် သတ်မှတ်မည်ဟု ပြောသည်။
တစ်နိုင်ငံလုံးတွင် လစ်လပ်လျက်ရှိသည့် မဲဆန္ဒနယ် ၃၁ ခုရှိပြီး ၂၀၁၄ ခုနှစ်၊ နှစ်ကုန်ပိုင်းအတွင်း ကျင်းပ ပေးမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မတ် ၂၀ ရက်တွင် ပြည်သူ့ လွှတ်တော်အစည်းအဝေး၌ အတည်ပြု ပြောဆိုထားသည်။
လစ်လပ်နေသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်း၊ ပြည်နယ် လွှတ်တော်နေရာများဖြစ် သည့် ချင်းပြည်နယ် နှစ်နေရာ၊ ကချင်ပြည်နယ် လေးနရာ၊ ရခိုင်ပြည်နယ် သုံးနေရာ၊ ရှမ်းပြည်နယ် လေး နေရာ၊ မွန်ပြည်နယ် တစ်နေရာ၊ ကရင်ပြည်နယ် တစ်နေရာ၊ စစ်ကိုင်းတိုင်း နှစ်နေရာ၊ တနင်္သာရီတိုင်း နှစ်နေရာ၊ မန္တလေးတိုင်း နှစ်နေရာ၊ ဧရာဝတီတိုင်း နှစ်နေရာ၊ မကွေးတိုင်း နှစ်နေရာ၊ ရန်ကုန်တိုင်း ငါးနေ ရာတို့တွင် ၀င်ရောက်ယှဉ်ပြိုင်ရန် FDA အဖွဲ့ဝင်များ ညှိနှိုင်းရမည်ဖြစ်သည်။ အထူးသဖြင့် ကရင်ဒီမိုကရေ စီပါတီနှင့် ကရင်ပြည်သူ့ပါတီတို့ အခြေစိုက်သည့် ကရင်ပြည်နယ်လွှတ်တော် တစ်နေရာအတွက် အဓိက ညှိနှိုင်းရဖွယ်ရှိသည်။
No comments:
Post a Comment