မိချမ်းစွန်း
မန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ) နှင့်နိုင်ငံ တကာ မီဒီယာ ပံ့ပိုးရေး အဖွဲ့တို့ပူးပေါင်း စီစဉ် သောမြန်မာသ တင်းစာ ဆရာများ သတင်း ကျင့်ဝတ်ဖွံ့ဖြိုးတိုး တက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကိုမွန်ပြည် နယ်မော် လမြိုင်မြို့ရှိ ငွေမိုး ဟိုတယ်တွင် ယနေ့ကျင်းပခဲ့သည်။
“သတင်းထောက် များရဲ့အရည် အသွေးတွေ ကိုမြင့်တင်ဖို့ အတွက် နဲ့ခု ဆိုရင် သတင်းစာ ဆရာ တွေများလာ တယ်ဆိုတော့ တိကျမှန် ကန် တဲ့ သတင်းရေး သားပုံတွေ ကျင့်ဝတ်တွေ ကိုသိစေချင် တဲ့ရည် ရွယ် ချက်ပါ” ဟုမြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးချစ်ဝင်း မောင်က ဆိုပါသည်။
ယင်းဆွေး နွေးပွဲသို့မွန်ပြည်နယ်၊ ကရင်ပြည် နယ်နှင့်တ နင်္သာရီ တိုင်းဒေသ ၁၆ ခုမှ သတင်းထောက် များ စုစုပေါင်း (၆၆) ဦးတက် ရောက်ခဲ့သည်။
တနင်္သာရီ ဂျာနယ်မှ တက်ရောက် လာသော တာဝန်ခံ အယ်ဒီတာ ကိုမျိုးအောင် က “ဒီလိုဆွေး နွေးပွဲမှာ သတင်း ထောက် တွေ ရဲ့ခက် ခဲနက်နဲပြီးဖြေ ရှင်း လို့မရတဲ့ ပြဿနာ တွေ ထွက်လာ တယ်မီဒီယာ သမားတွေ လည်းကျင့် ၀တ်နဲ့ပတ်သက်ပြီးကျယ် ကျယ်ပြန့်ပြန့်သိဖို့လိုအပ်တယ်လေ” ဟုပြောသည်။
ဤဆွေးနွေး ပွဲကဲ့သို့လွန်ခဲ့သည့် မတ်လဆန်း ကလည်း မကွေးတိုင်း ၊တောင်ကြီး၊ မန္တလေး၊ စစ်တွေ၊ မုံရွာ၊ ပုသိမ် ၊ပဲ ခူး တို့တွင် လည်း ပြုလုပ် ခဲ့ပြီးဖြစ်ပါ သည်။ လာမည့်မေလ (၃) ရက်နေ့တွင် တိုင်းနှင့် ပြည်နယ် မှဆွေးနွေး ရရှိ ထား သောရလာဒ်များ ကို မြန်မာ နိုင်ငံစာ နယ်ဇင်း ကောင်စီ (ယာယီ) နှင့် တိုင်းနှင့်ြ ပည်နယ် (၈) ခုမှ သတင်းထောက် ကိုယ်စားလှယ် များက ဆက်လက် ဆွေးကြ ရန်ရှိပြီး မီဒီယာကျင့် ၀တ်ဆိုင်ရာ (၁၅) ချက်ကို အတည်ပြု သွားမည်ဟု လည်းဦး ချစ် ၀င်း မောင် ကဆိုပါသည်။
မြန်မာနိုင်ငံ ၏ ပွင့်လင်းစ မီဒီယာ လုပ်ငန်း တွင် မကြာခဏ ဆိုသလို ပုဒ်မ အမျိုး မျိုးဖြင့် သတင်း ထောက်များ စွပ်စွဲ ခံရပြီး ထောင်ချ ခဲ့ပါသည်။ မီဒီယာ ဥပဒေ သစ် အတည် အကျ မရှိသေး သည့် နိုင်ငံတွင် ဥပဒေများဟောင်းများ ဖြင့် အရေးယူ နေသည်မှာ လည်း မှန်ကန်မှု မရှိဟု ဆိုနေကြ ပါသည်။
မီဒီယာ ကျင့်ဝတ် သည် တရားမျှတစွာ ကျင့်သုံးနိုင် ရန်မှာ သတင်းထောက် တွင်လည်း တာဝန်ရှိသလို အာဏာပိုင် တွင် လည်း တာဝန်ရှိပေသည်။ သတင်းထောက် ၏ အပိုင်းကို ယာယီစာ နယ်ဇင်း ကောင်စီက ဦးဆောင် ပညာ ပေးသ လိုမျိုး အစိုးရ ဖက်တွင်လည်း တိကျရှင်း လင်းသည့် ဥပဒေများ အချိန် မှီ ပြဌာန်းပေး ရန်လည်း လိုအပ်လှပါသည်။

No comments:
Post a Comment